Friday, 27 November 2015
ပြီးပြည့်စုံမှုဟူသည် လောဘသားတို့အတွက် လောက၌မရှိပေ။
၉၉ပြား
ပြီးပြည့်စုံမှုဟူသည် လောဘသားတို့အတွက် လောက၌မရှိပေ။
______________________________________________
တိုင်းပြည်တစ်ပြည်တွင် ဘုရင်တစ်ပါးရှိလေသည်။သုံးမကုန်နိုင်လောက်အောင် ပစ္စည်းဥစ္စာ ပေါကြွယ်ဝသော်လည်း ဘုရင်ကြီး သည် ရောင့်ရဲတင်းတိမ်မှု မရှိသဖြင့် ပျော်ရွှင်မှုဆိတ်သုန်းလျှက်ရှိလေသည်။ နံနက်ခင်းတစ်ခု တွင် သာယာငြိမ့်ငြောင်းသောတေးဆိုသံ ကိုကြားမိသဖြင့် ဘုရင်ကြီးသည် အိပ်ယာမှနိုးသွားလေသည်ည်။ ထို့နောက် အေးချမ်းကြည်လင်သော တေးသံထွက်ပေါ်ရာ နေရာ ကိုလိုက်ရှာမိလေသည်။ထိုအခါ ပန်းဥယျာဉ်ထဲတွင် အခိုင်းအစေ တစ်ဦး ၏ အပူအပင် ကင်းကင်း အေးချမ်းခြင်း ဖြင့် သီးချင်းလေး ဆိုကာ အလုပ်လုပ်နေသည်ကိုတွေ့ရသဖြင့် လွန်စွာအံ့သြမိလေသည်။ထို့ကြောင့် အခိုင်းအစေ ကို ခေါ်ကာ မေးလေသည်။
(အသင် သည် အခိုင်းအစေ ဖြစ်ပါလျှက် အကြောင့်အကြ မရှိဘဲ စိတ်လက်အေးချမ်းကာ အဘယ်ကြောင့် ပျော်ရွှင်နေရပါသနည်း?)ထိုအခါ အခိုင်းအစေ က (ကျွန်တော်မျိုးရရှိသော လုပ်အားခသည် မိသားစု စားသောက်ရန် လုံလောက်သော ပမာဏပင်ဖြစ်သည်။မိသားစု ဖြင့် တစ်မိုးအောက်တည်း တွင် အေးချမ်းစွာ နေထိုင်စားသောက်ရသည်။
မိသားစု ပျော်ရွှင်သဖြင့် ကျွန်တော်သည်လည်းပျော်ရွှင်ရပေသည်။ဘာပူပင်စရာမျှမရှိပေ။)
ဘုရင်ကြီးသည် အတွက်မူ အထူးအဆန်း သကဲ့သို့ဖြစ်နေလေသည်။အခိုင်းအစေ ဖြစ်ပါလျှက်
လောက်ငှရုံမျှဖြင့် ဘ၀ကိုအေးချမ်း ပျော်ရွှင်စွာဖြတ်သန်းနေသည်ကို ကြားရပြီး အံသြမိလေသည်။
ထို့နောက် ဘုရင်ကြီးသည် အမတ်ကြီးကိုဆင့်ခေါ်ပြီး အခိုင်းအစေ ၏အဖြစ်အပျက်ကို စုံလင်စွာ
ပြောပြပါတော့သည်။ထိုအခါ အမတ်ကြီးလည်း ဂရုတစိုက်ဖြင့် နားထောင်ပြီး ဘုရင်ကြီး ကိုတစ်ခု
အကြံပြုလေသည်။
ညအခါ အိတ်တစ်လုံးတွင် ရွှေးဒင်္ဂါး ၉၉ပြားထည့်ကာ သူဆင်းရဲအခိုင်းအစေ ၏ အိမ်ရှေ့ တွင် ချထားပြီး
တနေရာမှ ချောင်းကြည့်ကြရန်ဖြစ်သည်။ ဘုရင်ကြီးတို့နှစ်ဦးသည် ညအချိန် ရောက်လာသော အခါ ရွှေဒင်္ဂါး၉၉ပြားအိတ် ကို သူဆင်းရဲအခိုင်းအစေ၏ အိမ်ရှေ့၌ သွားချကာ တနေရာမှ ချောင်းကြည့်ကြပါတော့သည်။
သူဆင်းရဲ သည် ရွှေဒင်္ဂါးအိတ်ကိုတွေ့လေသော် ၀မ်းမြောက်ဝမ်းသာဖြင့် မိသားစု ကိုအော်ခေါ်ကာ ကောက်ရသော ရွှေဒင်္ဂါးအိတ်ကိုပြလေသည်။တခဏ ကြာသော် အိမ်တံခါးပိတ်ပြီး မိသားစု အိပ်စက်ကြလေ
သည်။သို့သော် သူဆင်းရဲသည် မအိပ်သေးဘဲ စာပွဲခုံ၌ထိုင်ကာ ရွှေဒင်္ဂါးကို စတင်ရေတွက်ပါတော့သည်။
ထိုအခါ ရွှေဒင်္ဂါး၉၉ပြားကိုသာ တွေ့လေသော် စိတ်မသက်မသာဖြင့် တွေးမိလေသည်။(မဖြစ်နိုင်ဘူး။ရွှေဒင်္ဂါး၁၀၀ဖြစ်ရမယ်။
တနေရာရာ မှာ ရွှေဒင်္ဂါးတစ်ပြားကျနေတာဖြစ်ရမယ်။လိုက်ရှာကြည့်မှဟု တွေးကာ )ခြေကုန်လက်ပန်းကျသည်အထိ လိုက်ရှာပါတော့သည်။အချိန်လင့်ပြီး ရှာမတွေ့သည့်အဆုံး၌ စိတ်ထဲမှာတွေးပြန်သည်။(နက်ဖန်ကစပြီး အလုပ်ကြိုးစားပြီး လုပ်မယ်။ရွှေဒင်္ဂါးတစ်ပြားကို ရအောင်ဝယ်မယ်။ဒါဆိုရင် ငါ့မှာ ရွှေဒင်္ဂါး၁၀၀ဖြစ်သွားတော့မှာ)ဟုစဉ်းစားဆုံးဖြတ်ကာ အိပ်ယာဝင်လေသည်။
သို့သော်နောက်တနေ့တွင် သူဆင်းရဲသည် အိပ်ယာမှနောက်ကျစွာနိုးလေသည်။ တချိန်က အိမ်သူအိမ်သားများကို ချစ်ခင်ယုယစွာဖြင့်နူတ်ဆက်ကာ အလုပ်သွားလေ့ရှိသော သူဆင်းရဲသည် အပြောင်းလည်းကြီးပြောင်းလည်းကာ မိသားစုကို ဆူပူကြိမ်းမောင်းပြီး အလုပ်သို့နောက်ကျစွာ ထွက်လာလေသည်။
သူဆင်းရဲသည် မနေ့ညက အိပ်ရေးမ၀ခဲ့သဖြင့် အလုပ်သို့ရောက်သောအခါ အရင်ကဲ့သို့ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင် ရှိမနေတော့ပေ။အရင်ကဲ့သို့ ချိုမြန်သာယာသော တေးသီချင်း ကိုလည်းမဆိုဖြစ်တော့ပေ။
သို့သာမက စိတ်ဝေဒနာသည် တစ်ဦးကဲ့သို့ဖြစ်လာကာ အချိန်တိုင်း လျော့နည်းနေသော် ရွှေဒဂါင်္းတစ်ပြားကို
ဘယ်လို လုပ်ပြီး ပြည့်အောင် ဖြည့်ရမလဲ ဟုသာ တွေးနေမိတော့သည်။
ဘုရင်ကြီးသည် ထိုအဖြစ်အပျက်ကို မျက်ဝါးထင်ထင်မြင်ရသောအခါ အံသြမှင်တက်စွာဖြင့် အမတ်ကြီးအားမိန့်လေသည် ။(သူဆင်းရဲသည် ရွှေဒဂါင်္းအိတ် ကောက်ရသော အခါ မိသားစုလိုအပ်ချက်များ ကို ၀ယ်ယူပြီး ပိုမိုပျော်ရွှင်သော ဘ၀၌နေထိုင်သွားရတော့မည်ဟု အကျွန်ုပ် ထင်ခဲ့မိသည်။သို့သော်
ဖြစ်မလာခဲ့ပေ။)ထိုအခါ အမတ်ကြီးက လျှောက်တင်လေသည်။((သူဆင်းရဲသည် အရင်တချိန်က နည်းပေမယ့် ရောင့်ရဲတင်းတိမ်မှု ရှိသဖြင့် မိသားစုနှင့်အတူပျော်ရွှင်ခဲ့ရသည်။ပူပင်ကြောင့်ကြမှု ဟူ၍မရှိခဲ့ပါ။သို့သော် ရွှေဒဂါင်္း၉၉ပြား ရလာသော အခါ ပို၍လိုချင် လောဘဖြစ်လာလေသည်။အရှင်မင်းကြီး
လူသားတို့သည် ရရှိလာသော စည်းစိမ်ဥစ္စာ အပေါ် ရောင့်ရဲမှုမရှိကြပေ။ထပ်ပြီးရအုံးမလား ဟု သာ လိုချင်ရမ္မက်ဖြစ်တတ်ကြသည်။))
لإنسان القانع يحبه الله ويحبه الناس، والقناعة تحقق للإنسان خيرًا عظيمًا في الدنيا والآخرة
(အကြင်သူသည် ရှိသမျှဖြင့် ရောင့်ရဲတတ်သူဖြစ်သော် ဖန်းဆင်းရှင် နှင့်ဖန်းဆင်ခံ တို့၏ချစ်ခင်မှုကြောင့် ၊လောကီ လော
ကုတ္တရာ အောင်မြင်သူဖြစ်ရချေသည်။)
وقد أخبرنا الرسول صلى الله عليه وسلم أنها أفضل الغنى، فقال: (ليس الغِنَى عن كثرة العَرَض، ولكن الغنى غنى النفس
မြတ်တမန် ဤသို့မိန့်ခဲ့သည်((အနှစ်သာရ ရှိသော စစ်မှန်သည့်ချမ်းသာမှုဟူသည် ပစ္စည်းဥစ္စာတို့မှ မဟုတ် ၊စိတ်နှလုံး ချမ်းသား
ခြင်းသည်သာ ချမ်းသားမှု အစစ်အမှန်ဖြစ်ပေသည်))
وقال أحد الحكماء: من أراد أن يعيش حرًّا أيام حياته؛ فلا يسكن قلبَه الطمعُ
ပညာရှိ အဆို ((အကြင်သူသည် အသက်ရှင်သန်ရသည့်အချိန်တခဏအမှန်တကယ် လွတ်လပ်သူဖြစ်လိုသော် စိတ်နှလုံးအတွင်း၌ လောဘစိတ် ကို နေရာမပေးလေနှင့်))
(((ပြီးပြည့်စုံမှုဟူသည် လောဘသားတို့အတွက် လောက၌မရှိပေ။)))
    ဟဒီးစ်တရားတော်များဂဏ္ဍမှကူးယူဖော်ပြပါသည်။
                                                ၀ဏ-၀ဏသီရိ
Thursday, 26 November 2015
တမန်တော်မြတ်(ဆွ)၏ သြဝါဒတော်များ.......
တမန်တော်မြတ်(ဆွ)၏ သြဝါ
ဒတော်များ.......
သုခမိန်နှင်ကင်းမြီးကောက်
မိတ်ဆွေအစ္စလာမ်ညီိနောင်အပေါင်းတို့ သေသေချာချာဖတ်၍အစ္စလာမ်
_________________________________________________
ညီနောင်တို့ အားအမျှဝေငှပါ။
________________________
သုခမိန်နှင်ကင်းမြီးကောက်
_____________________
မြစ်ကမ်းနံဘေးတနေရာ၌ အိုမင်းမစွမ်း သုခမိန် တစ်ယောက် ပတ်ဝန်းကျင်၏ အလှအပကိုထိုင်ပြီး ခံစားရင်း ပါစပ်ကလည်း တတွတ်တွတ် ရွတ်နေလေသည်။ရုတ်တရက် ကင်းမြီးကောက်တစ်ကောင် ရေထဲကျသွားသည်ကို ၀ိုးတ၀ါးလေး လှမ်းမြင်လိုက်သည်။ ထိုကင်းမြီးကောက် ရေထဲ၌ အသက်လုနေသည်ကို မြင်သော် သူသည် ရေထဲမှ ဆယ်တင်ပေးရန် ဆုံးဖြတ်ပြီး လက်ကိုဆန်.တန်.ကာ လှမ်းကယ်ပါလေတော.သည်။ထိုအခါ
ကင်းမြီးကောက်လည်း သူ့၏လက်ကို ကိုက်ထည်.လိ...ုက်လေရာ ထိုသူ ငယ်သံပါအောင် အော်ပြီး လက်ကိုအမြန်ပြန်ရုတ်လိုက်ရပါတော.သည်။
တခဏကြာသော် ထိုသူသည် ဒုတိယ တစ်ကြိမ် ကင်းမြီးကောက်၏ အသက်ကိုကယ်ရန် လက်ကိုပြန်ဆန်.လိုက် ရာ ကင်းမြီးကောက်လည်း သူ့၏လက်ကို ဒုတိယအကြိမ် ကိုက်ထည်.လိုက်ပြန်သည်။
ထို.နောက် သူ တတိယ တစ်ကြိမ် အသက်ကယ်ရန် ပြင်ဆင်သော် ၊အနီးအနား၌ ထိုအဖြစ်အပျက် ကို ထိုင်ကြည်.နေသော
လူတစ်ယောက်ရှိလေရာ ထိုသူက (အို သုခမိန် အသင် သည် ပထမ အကြိမ် ဒုတိယ အကြိမ် မှာကတည်း က သင်ခန်းစာ ယူသင်.ပါပြီး ။
ယခု အသင် တတိယ အကြိမ် အသက်ကယ်ရန် ကြိုးစား ပြန်ပြီးလား?) သုခမိန် လည်း ထိုသူ၏ ငေါက်ငမ်းမှု ကို ဂရုမမူဘဲ ကင်းမြီးကောက်
အသက်ကို ရေထဲမှ ရအောင်ဆယ်ယူပြီး ကယ်တင်ပေးလိုက်လေသည်။
ထို.နောက် သုခမိန် သည် ထိုသူရှိရာ သို.လျောက်သွားပြီး ပခုံးကို သပ် ကာ ဆိုလေသည်။( အို ချစ်သား ကင်းမြီးကောက် ၏ ဗီဇ သည် ကိုက်ခဲ ခြင်းပင်ဖြစ်သည်။ ကျွန်ုပ် ၏ ဗီဇသည် ချစ်ခင်မြတ်နိုးခြင်း ၊ဂရုဏာထားခြင်းပင်ဖြစ်သည်။
သို.ဖြစ်လေရာ ကင်းမြီးကောက် ၏ ဗီဇ သည် ကျွန်ုပ်၏ ဗီဇ အပေါ်လွှမ်းမိုး အောင် အသင်မကြိုးစားပါလေနှင်.။)
(( လူအပေါင်းကို ဆက်ဆံရာဝယ် မိမိ၏ ဗီဇဖြစ်သော ဖြောင်.မတ်မှန်ကန်သော ဂရုဏာနှလုံးသားဖြင်.သာ
ဆက်ဆံပါလေ။လူတို.ဆိုးသွမ်း ယုတ်မာမှု ကြောင်.မိမိ နာကျင်ဆုံးရူံးရသည်.တိုင်အောင် ဆိုးသွမ်းသူတို.၏
ဗီဇ မိမိအပေါ်လွှမ်းမိုးပြီး မိမိကိုယ်ကိုမပျက်ဆီးပါစေနှင်.))
قال الله تعالى
وَلَا تَسْتَوِي الْحَسَنَةُ وَلَا السَّيِّئَةُ ادْفَعْ بِالَّتِي هِيَ أَحْسَنُ فَإِذَا الَّذِي بَيْنَكَ وَبَيْنَهُ عَدَاوَةٌ كَأَنَّهُ وَلِيٌّ حَمِيمٌ (34)
ကျမ်းတော်မြတ် ကုရ်အာန်
အလိုသဘောမှာ ။ ။၃၄။ အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်း မှုတို့မှာ တူကြသည်မဟုတ်ပေ၊ (သို့ဖြစ်ပေရာ) အသင် သည် (မကောင်းမှုကို) ကောင်းမှုဖြင့် ခုခံတွန်းလှန် ပါလေ။ သို့ဖြစ်လျှင် အကြင်သူနှင့် အသင်၏အကြား ၌ ရန်ငြိုးရှိ၏။ ထိုသူသည် မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။
ရှင်းလင်းချက်။ ။ အထက်တွင် အလ္လာဟ်အရှင်မြတ်အား နှလုံးသည်းပွတ်တွင်းမှ နှစ်နှစ်ကာကာယုံကြည်၍ ယင်းသည့် ယုံကြည်ချက်ပေါ်၌ပင် အသက်ထက်ဆုံး တည့်မတ်စွာ ရပ်တည်နေခဲ့ကြသော မုအ်မင်န်သူတော်စင်များ၏ အကျိုးဆက်ကို မိန့်ဆိုထားတော်မူသည်။ ယခု ဤအာယသ်တော်များတွင် ယင်းသည့် မုအ်မင်န်သူတော်စင်များ၏ မြင့်မြတ်လှသော ဂုဏ်ရည်များကို မိန့်ဆိုထားတော်မူသည်။
လူ့လောကတွင် အကောင်းမြတ်ဆုံးသောပုဂ္ဂိုလ်ကား အခြားမဟုတ်၊ အကြင်ပုဂ္ဂိုလ်သည် လူသားတို့အား အလ္လာဟ်အရှင်မြတ် ဘက်တော်သို့ ဖိတ်ခေါ်၏။ မိမိကိုယ်တိုင်လည်း ထိုအရှင်မြတ်၏ ဒေသနာတော်များနှင့်အညီ ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကျင့်မူ၏။ ထို့ပြင်တစ်ဝ ကျွန်ုပ်သည် ‘‘မွတ်စ်လင်မ်’’ တစ်ဦး ဖြစ်ပါသည်ဟု ဂုဏ်ယူပြောဆို၏ ထိုသူကား အကောင်းမြတ်ဆုံးပင်။ ပွင့်လေသမျှသော တမန်တော်အပေါင်းတို့ သည် အထက်ပါအတိုင်း ဖိတ်ခေါ်ခဲ့ကြ၏။ တမန်တော်မြတ်သည်လည်း ဤအတိုင်းပင် ဖိတ်ခေါ်တော်မူခဲ့၏။ တမန်တော်မြတ်၏ (ဆွဟာဗဟ်) သာဝကကြီးများသည်လည်း တမန်တော်မြတ်၏ လမ်းစဉ်ကိုပင် အသက်ထက် ဆုံး ဖဝါးခြေထပ် လိုက်နာကျင့်သုံးခဲ့ကြ၏။
အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဖိတ်ခေါ်သောပုဂ္ဂိုလ်များ၌ ကောင်းမြတ်သော ကိုယ်ကျင့်တရားများ မုချရှိရပေမည်။ အကောင်းဆုံးနှင့် အဆိုးသည်မတူ။ အကျိုးဆက်ခြင်းလည်း မတူ။ အကောင်းသည် ကောင်းကျိုး ပေး၏။ အဆိုးသည် ဆိုးကျိုးပေး၏။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ် ဘက်တော်သို့ ဖိတ်ခေါ်သော ပုဂ္ဂိုလ်မွန် တစ်ဦးသည် အဆိုးကို အဆိုးဖြင့်မတုံ့ပြန်ရာ။ အဆိုးကိုအကောင်းဖြင့်သာ တုံ့ပြန်ရာသည်။ ဥပမာ- သူတစ်ပါးက မိမိအား မကောင်းပြုပါကလည်း မိမိကမူ ထိုသူအား အကောင်းပင်ပြုရမည်။ သူတစ်ပါးက မိမိအား ရိုင်းပြစွာ ဆက်ဆံပါကလည်း မိမိကမူ ယဉ်ကျေးသိမ်မွေ့စွာပင် ဆက်ဆံရမည်။ သူတစ်ပါးက မိမိအား ဆဲဆိုရေရွတ်ပါက လည်း မိမိကမူ ချိုအေးယဉ်ကျေးသော စကားကိုပင်ဆိုရမည်။ သူတစ်ပါးက မိမိအပေါ်၌ ဒေါသထားပါကလည်း မိမိကမူ ထိုသူ့အပေါ်၌ မေတ္တာပင်ထားရမည်။
المسلم الحق مسلم ذو أخلاق حميدة وخصال طيبة صالحة ، وخاصة
إذا تعامل مع الناس بجميع أنواعها من الاقارب و الاصحاب وحتى
الاعداء و الجهلاء ،فالتعامل بين الناس فى الاسلام يحتاج لخلق العفو
و التسامح و هو الخلق الذى ترتاح به القلوب و تزال به الضغائن
و الحقود )မွတ်စ်လင်မ်ဟူသည် သစ္စာသမာဓိရှိသူ ကိုယ်ကျင်.သီလသိက္ခာသမာဓိ ပြည်.စုံသူပင်ဖြစ်သည်။
လူအပေါင်းဖြင်. ဆက်ဆံရာဝယ် ဆွေးမျိုးသားချင်း မှ အစပြု၍ ပညာမဲ.သူ ၊ရန်သူပင် ဖြစ်လင်.ကစား
ခွင်.လွတ်တတ်သော နှလုံးသာ ဖြင်.လှိက်လှဲရိုကျိုးစွာ ပေါင်းသင်းအပ်ရာ၏။
တမန်တော်မြတ်ကြီး(ဆွ) ၏ ရိုကျိုးမှု၊မိမိကိုယ်ကို ထိခိုက်အနာကျင်ခံပြီး ကောင်းသော အကျင်.သီလ ဖြင်.ရန်သူအပေါ်
ကိုပင် ဂရုဏာထား ချစ်ခင်မှုတို.ကြောင်. အစ္စလာမ်နှင့်တမန်တော်မြတ်ကြီး(ဆွ) အပေါ် အသည်းခိုက်မတတ် နားကျည်းမုန်းတီးခဲ.
သော ရန်သူတော်ကြီး အဗူစွဖ်ယာန်း အစပြု၍ အလုံးစုံသော ရန်သူ တို.သည် ၊အဆုံးတွင် အစ္စလာမ်အပေါ်အသက်မက
ချစ်မြတ်နိုးကြသော ၊နှစ်ကိုယ်.တစ်စိတ် ရင်ချင်းအပ်အဆွေခင်ပွန်း အစ္စလာမ်ညီနောင်ဝင် များအဖြစ် ပြောင်းလည်း ကာ နှစ်ဘ၀နှစ်ငှာန ၏အောင်မြင်သူ
များပင် ဖြစ်လာကြပေတော.သည်။
ဟဒီးစ်တရားတော်စာအုပ်များမှသိရသမျှဝေငှလိုက်တာပါ
ဝဏ-၀ဏသီရိ(Facebook.com)
Was-salam.
Monday, 23 November 2015
သေဆုံးခြင်း၏နောက်ဝယ်
 السلام عليكم
သေဆုံးခြင်း၏နောက်ဝယ်
  အစ္စလာမ်သာသနာ မတိုင်ခင်အလျှင်ရှိ များစွာသောဘာသာ သာသနာများတွင်
သေ ဆုံးပြီးသောသူများ သည် ဤလောကသို့ပြန်လည် ရောက်ခြင်းဟူသော
အယူဝါဒများကို လက်ခံယုံကြည် ခဲ့ကြသည်။ အထူး သဖြင့်လူသားသည်
သေဆုံးပြီးနောက်ပိုင်း ပြန် လည်ဝင်စားနိုင်သည်ဟူ၍ သဘောပေါက်နားလည်ထား
ကြ သည်။ထိုကဲ့သို့သောအယူ ဝါဒများနှင့်စပ်လျှင်း၍ ကုရ်အာန် တွင်
သေဆုံးပြီးသူများသည် ဤလောကသို့ပြန်မ လာနိုင်ကြောင်း အတိအကျပြဌာန်း
ထားချက်များအနက် အချို့ကို ကောက်နှုတ်၍ တင်ပြပါမည်။
ကုရ်အာန်၂၁း၉၅ တွင်
(ငါအရှင်ဖျက်စီးခဲ့သည့် မြို့ရွာသားတို့သည် ဤလောက သို့ပြန်လာခြင်းကို
ဟရမ်ဟူ၍ တားမြစ်ထား ပြီး ဖြစ်သည်။)
အလားတူ ကုရ်အာန်၂၃း၁၀၀ တွင်
(သေဆုံးသူများအားလုံးသည် “ဘရဇခ်”ဟူသော သက်ရှိလောကနှင့်
တမလွန်စပ်ကြားရှိ ကြားစခန်းတွင် ရောက်ရှိကြသည်။) ဟူ၍ဖော်ပြ ထားသည်။
ထိုနည်းတူစွာ၂း၂၈၊၂၂း၆၆၊၄၀း၁၁တို့တွင်
(လူသားတိုင်းသည် သက်မဲ့ဘဝမှ ဤလောကသို့ သက်ရှိအဖြစ်ရောက်ရှိ
လာခဲ့ကြသည်။ တဖန်သက်မဲ့ဘ ဝသို့ ပြန်လည်ရောက်ရှိမည်။ ကေယာမသ်
တရားစီရင်သောနေ့တွင် တဖန်ပြန် လည်ရှင်သန်ကြရ မည်။)
ဟူ၍ပြဌာန်းချက်များမှ အချို့ကိုတင်ပြခြင်းဖြစ်သည်။ ဖန်ဆင်းရှင်သည်
ကုရ်အာန်တွင် မိမိ၏ ဂုဏ်ပုဒ်များ ကို ဖော်ပြရာ၌ ငါအရှင်သည်
တရားဆုံးဖြတ်ကြသော တရားသူကြီး များအနက် “အဟ်ကမွလ်ဟာကေ
မီးန်း”အမျှတဆုံးသော တရားဆုံးဖြတ်သည့် တရား သူကြီးဖြစ်သည်ဟု
ကျေညာထားသည်။ ထိုနည်းတူ စွာ “အရ်ဟာမွလ်ရာဟေမီးန်”ဂရု ဏာ
ထားသူများအနက် ဂရု ဏာအရာ၌ သူမတူအောင်ထားနိုင်ဆုံးသူဟူ၍
ဖော်ပြထားသည်။ ထိုသို့သော အကြောင်းများကြောင့် ကုရ်အာန်ဗျာဒိတ်သက်တန်း
နှစ်၁၅၀၀အ တွင်း မည်သည့်ခေတ်၊ မည်သည့် ကာလက မျှ၊
မည်သူတစ်ဦးတစ်ယောက်က ကုရ်အာန်ပါဥပဒေ များနှင့် စပ်လျှင်း၍
တရားမျှတမှုမရှိဟူ၍ ပြစ်တင်ရှုံ့ချခဲ့နိုင်ခြင်း အလျှင်းမရှိသေးခဲ့ပေ။
ဖန်ဆင်းရှင်သည် ကုရ်အာန်၂၁း၉၅ပါ “ဘရ်ဇခ်”ဟူသော ဤလောကနှင့် နောင်တမ
လွန်(ခေါ်)ကမ္ဘာ့ တရားစီရင်မည့် နေ့တို့၏ကြားစခန်းကို ဖန်ဆင်းခြင်းသည်ပင်လျှင်
၎င်း ၏တရားမျှ တဆုံးသောတရားသူကြီး ဖြစ်ကြောင်းကို ကမ္ဘာသို့လက်တွေ့
တင်ပြခြင်း တစ်ရပ်ဖြစ်သည်။ ကုရ်အာန်တွင် အချိန်နှင့်စပ်လျှင်း
၍ဖော်ပြချက်များတွင် အလွန်တိ ကျပြတ်သား ရှင်းလင်း စွာ ဖော်ပြထားသည်။
ကမ္ဘာရှိလူသားတစ်ရပ်လုံး ရေတွက်လျက် ရှိသော ရက်ပေါင်း၃၆၅ရက်
တစ်နှစ်ဟူသော အ ချိန်နှင့် ကေယာမသ်နေ့တရားဆုံးဖြတ် ပြီးလူသားတို့ထာဝရ
နေကြရမည့် တစ်ရက် သည်နှစ်ပေါင်း ငါးသောင်း ကွာခြားသည်ဟုဖော်ပြ
ထားသည်။ (ကမ္ဘာ၏ Dimen -sion နှင့်သေဆုံးပြီးနောက် ပြန်လည်ရှင်သန်ရမည့်
ကမ္ဘာ၏ Dimension တို့မှာမတူပေ။) ဆိုလိုရင်းမှာ ဤလောကတွင်
သုံးစွဲလျက်ရှိသော နှစ်ငါးသောင်း သည်ကေယာမသ်ကမ္ဘာ့ တရား ခွင်နေ့၏
တစ်ရက်ဖြစ်သည်။ ကုရ်အာန် ၇၀း၎တွင် ဖေါ်ပြထားသည်။သို့ရာတွင်
“ဘရဇခ်”ဟူသော ကြား စခန်းသည် အ ချိန်နှင့်အာကာသ၏ လွှမ်းမိုးမှုမရှိသော
နေရာ အဖြစ် ဖန်ဆင်းထားကြောင်း ကုရ်အာန်တွင် မြောက်များစွာ
နေရာများ၌်ဖော်ပြ ထားသည်။
ကုရ်အာန်၂၀း၁၀၄။၂၃း၁၁၃။၄၇း၁၈။၇၉း၄၆။(၄)နေရာတွင်၊
လူတိုင်းကေယာမသ်နေ့ တွင် ပြန်လည်ရှင်သန်ကြရာတွင် တစ်ရက်လောက်ဟုပင်
ထင်မှတ်ကြမည်။
အလားတူကုရ်အာန်၁၀း၄၅။၃၀း၅၅။၄၆း၃၅တို့ တွင် ဘရ်ဇခ်မှပြန်လည်
ရှင်သန်ကြရာ ဝယ်၊တစ်နာရီလောက်သာလျှင် နေခဲ့သည်ဟုသွေဖည်သူများ
ကပြေကြားမည်ဟု(၃)နေ ရာ တွင် ဖော်ပြ ထားသည်။ကေ ယာမသ်နေ့
ပြန်လည်ရှင်သန်ကြရာ၌ အထက်ပါအာ ယာသ်များအရ အချို့ကတစ်ရက်၊
အချို့ကတစ်နာရီ ဟုပြောဆိုကြသော အခါကုရ်အာန် ၂၃း၁၁၄တွင်(ဖန်ဆင်းရှင်က
၎င်းတို့အား အသင်တို့သည် တစ်အောင့် မျှပင်နေခဲ့ကြသည်မ ဟုတ်ဟု
ပြန်လည်ဖြေကြားမည်။)
ထိုသို့သော အကြောင်းများကြောင့် ကုရ်အာန်၃၂း၁၁တွင်(အသင်ပြောကြားပါလေ)
ငြင်း ပယ်သူတို့အား တာဝန်ပေးထားသော သေမင်းတမန်က
အသင်တို့၏အသက်ကိုနှုတ် သိမ်းလိုက် သည်နှင့်အသင်တို့၏ အရှင်ထံသို့
ပြန်လည်ရောက်ရှိ ကြရ မည်ဖြစ်သည်။) ဟုဆို ထားပေသည်။ လောကတွင်
ရှင်သန်လျက်ရှိ သူတိုင်းသည် သေဆုံးသွားသည်နှင့် “ဗရ်ဇခ်”အချိန်နှင့်အာကာ သ၏
လွှမ်းမိုးမှုမရှိသော နေရာတွင်နေ ကြရမည်။ကေယာ မသ်နေ့ တွင်
တံပိုးခရာနှစ်ကြိမ်မှုတ်မည်။ ပထမအကြိမ်တံပိုးခရာ မှုတ်သောအခါ လောက
တွင်ကျန်ရှိနေသော သက်ရှိအား လုံးသေ ဆုံးသွားကြမည်။ ဒုတိယ တံပိုးခရာမှုတ်
သည်နှင့် သေဆုံးသူအားလုံး “ဗရ်ဇခ်” ကြားစခန်းမှ အားလုံးပြန်လည်
ရှင်သန်ကြမည်။
သို့မှသာ ကေယာမသ်ဟူသော ကမ္ဘာ့တရားစီရင်မည့်နေ့တွင် လူသားတိုင်း၏
ကောင်းမှု၊ မကောင်းမှုတို့ကို အဆုံးအဖြတ် ပေးမည့်နေ့ကို
တူညီစွာစောင့်ဆိုင်းကာလမရှိ ပြန်လည် ရှင်သန် ကြရ မည်ဖြစ်သည်။ ဤသည်
ဖန်ဆင်းရှင်၏ “အဟ်ကမွလ်ဟာကေမီးန်” တ ရားဆုံးဖြတ်သော
တရားသူကြီးများအနက် အမျှတ ဆုံး တရားဆုံးဖြတ်သော တရားသူ
ကြီးဟူသောဂုဏ်ပုဒ် ကိုဖော်ပြ ရန်အတွက် “ဘရ်ဇခ်” ဟူသောစခန်း ကို ဖန်ဆင်း
ခဲ့ကြောင်း ကုရ်အာန်တွင်ထင်ရှားစွာ ဖော်ပြထားခြင်းဖြစ်သည်။
ကုရ်အာန်၏ထူးခြားချက်မှာ “ဘရ်ဇခ်”ဟူသောကြားကာလသည်
အချိန်နှင့်အာကာသ ၏ လွှမ်းမိုးမှုမရှိသော စခန်းဟုမြောက်များ
စွာဖော်ပြထားခဲ့သည်။ သို့ရာတွင်ကုရ်အာန်၏ အခြား နေရာ များတွင်ထိုဖော်
ပြပါအယူဝါဒနှင့်ဆန့်ကျင်သော၊ ဆန့်ကျင်သရောင်ရှိသော
ဆန့်ကျင်နေသည်ဟုယူဆရသော မည်သည့်အမိန့်ပညတ်ချက် တစ်စုံတရာကို မျှ
မြင်တွေ့ရမည် မဟုတ်ပေ။ ဤ သည် ကမ္ဘာကြီးတည်နေသ၍ လူသားတစ်ရပ်လုံးအ
တွက် ထာဝရဖြောင့်မတ်သော လမ်းကိုတရားမျူတစွာဖြင့် ညွှန်လျက်ရှိနေမည့်
ဗျာဒိတ် ကျမ်းမြတ်ကုရ်အာန်ပင်ဖြစ်၏။
တရုတ်မြန်မာဘာသာပြန်မှာကူးယူးကောက်နုတ်တင်ပြပါဧ။် ။
                                                   السلام عليكم
                                                ၀ဏ-၀ဏသီရိ
Sunday, 22 November 2015
ဇမ်ဇမ်(ZamZam) ရေတွင်းဖြစ်ပေါ်လာပုံ။
ဇမ်ဇမ်(ZamZam) ရေတွင်းဖြစ်ပေါ်လာပုံ။
   တမန်တော် အီဗ်ရာဟီမ် (အလိုင်စလာမ်) ၏ခေတ်အချိန်သမယတွင်ဖြစ်သည်။
အီဗ်ရာဟီမ်(အလိုင်စလာမ်) သခင် တွင် ဘီဘီဆာရဟ်သခင်မနှင့်
ဘီဘီဟာဂျရာဟ် သခင်မ ဟူသော ကြင်ယာတော်နှစ်ပါးရှိခဲ့သည်။ တမန်တော်
အီဗ်ရာဟီမ်(အလိုင်) ၏သက်တော် ၆၀ကျော်သည့်တိုင် ထိုသခင်မနှစ်ဦးလုံးမှာ
သားသမီးထွန်း
ကားခဲ့ခြင်းမရှိပေ။ အီဗ်ရာဟီမ်(အလိုင်စလာမ်) သည် အလ္လာဟ်ထံပါးတွင်
သာသမီးထွန်းကားစေရန် ဒိုအာတောင်းခံခဲ့သည်။
အီဗ်ရာဟီမ်(အလိုင်)သခင် သက်တော်(၆၄)နှစ်တွင်ဒုတိယမြောက်ကြင်ယာတော်
ဘီဘီဟာဂျေရာဟ် သခင်မထံမှ သားဦးလေးကို ရရှိခဲ့သည်။
အသက်ကြီးမှ ပထမဦးဆုံး ရရှိခဲ့သော သားဦးလေးကိုအီဗ်ရာဟီမ် (အလိုင်စလာမ်)
က အလွန်ချစ်မြတ်နိုးခဲ့သည်။
ထိုအချိန်တွင် အလ္လာဟ်အရှင်မြတ်ဘက်မှ အီဗ်ရာဟီမ်မ်(အလိုင်စလာမ်) သခင်ကို
စမ်းသပ်မှုတရပ်ကြရောက်လာသည်။
အို!အီဗ်ရာဟီမ် အသင်၏ကြင်ယာတော် ဘီဘီဟာဂျေရာဟ်သခင်မနှင့်
သားငယ်လေးကို မက္ကဟ်မြို့သို့သွားရာအရပ် /အစာရေစာမရှိသော
ခြောက်သွေ့နေသော ကွင်းပြင်သို့
စေလွှတ်ပါလေ"။
အလ္လာဟ်ဘက်မှ တမန်တော်အီဗ်ရာဟီမ်'(အလိုင်စလာမ်) အပေါ်သို့
အလွန်ကြီးကျယ်သော စမ်းသပ်မှုတရပ်ပင်ဖြစ်သည်။
ထိုစမ်းသပ်မှု ကို တမန်တော်အီဗ်ရာဟီမ်(အလိုင်စလာမ်) ကလက်ခံလိုက်သည်။
ထို့နောက် အီဗ်ရာဟီမ်(အလိုင်)သည်
မိမိ၏နို့စို့အရွယ်သားငယ်လေးနှင့်ကြင်ယာတော် ဘီဘီဟာဂျရဟ် သခင်မကို
ခေါ်ကာ အစာရေစာမရှိသောကွင်းပြင်သို့
သွားရောက်ထားခဲ့သည်။ စားသောက်ရန်အတွက်စွန်ပလွံသီးတစ်အိတ်နှင့်
ရေတပုံးပေးတော်မူခဲ့သည်။
ဘီဘီဟာဂျေရာဟ်သခင်မက တမန်တော်အီဗ်ရာဟီမ်အား အို!
အလ္လာဟ်အရှင်မြတ်၏တမန်တော် ဤသည်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်
ဟုတ်ပါသလား?
ဟုမေးမြန်းခဲ့ရာ အီဗ်ရာဟီမ် (အလိုင်စလာမ်) ကဟုတ်မှန်ပါသည် ဟု
ဖြေကြားခဲ့သည်။
ထိုဖြေကြားချက်ကို နားထောင်ပီး ဘီဘီဟာဂျေရာဟ် သခင်မ က *အကယ်၍
အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် သည် သို့ဖြစ်ပါကကျွန်မတို့သားအမိ
တွက် မည်သည့် စိုးရိမ်မှုမှမရှိပါဟု ဖြေကြားခဲ့သည်။
ထို့နောက် အီဗ်ရာဟီမ် (အလိုင်စလာမ်) သည် မိမိ၏ မိသားစုလေးကို ထားကာ
ထွက်ခွာလာခဲ့သည်။ ထွက်ခွာလာသောအခါ အလ္လာဟ်ထံပါးတွင် *မိမိ၏
မိသားစုလေး
အန္တရာယ် အမျိုးမျိုးမှ ကင်းဝေးရန် ဒိုအာ ပြုခဲ့သည်။
************** ***** ****************
တမန်တော် အီဗ်ရာဟီမ် ပြန်သွားပီး ရက်အနည်းငယ်အကြာတွင်
ဘီဘီဟာဂျေရာဟ်သခင်မတို့မှာစားနပ်ရိက္ခာပြတ်တောက်သွားသည်။
သားအမိနှစ်ဦးမှာ အစားငတ်သောဒုက္ခနှင့်ရင်ဆိုင်ခဲ့ရသည်။ထိုအခါ သခင်မသည်
သားငယ်လေးကို ထားကာရေရှာထွက်ခဲ့သည်။ အနီးရှိ ဆွဖါနှင့်မရ်ဝါဟ်
တောင်ကြား
တွင်ရေရှာခဲ့သည်။ ထိုသို့ရေရှာရင်း သားငယ်လေးကိုစိတ်မချ၍
တောင်ပေါ်သို့ပြေး၍တက်ကြည့်ခဲ့သည်။
ဆွဖါတောင်နှင့်မရ်ဝါဟ် တောင်ပေါ်သို့ (၇')
ကြိမ်တိတိပြေးလိုက်တက်လိုက်ဆင်းလိုက်ပြုလုပ်ခဲ့သည်။သားငယ်လေးမှာ
(အစ္စမားအီးလ်သခင်)
မိခင်မရှိ၍ ကလေးတို့၏ဗီဇအတိုင်း
မိမိခြေဖနောင့်များကိုမြေကြီးပေါ်သို့စောင့်ရင်းငိုကြွေးနေသည်။ထိုအခါ
အလ္လာဟ်အရှင်မြတ်က ဂျီဗ်ရီးလ် '(အလိုင်')အား
ကလေးငယ် ခြေစောင့်နေသောနေရာကို အတောင်ပံဖြင့်ရိုက်ပြီး ရေဖေါ်ထုတ်ပေးရန်
မိန့်ခဲ့သည်။
ဂျီဗ်ရီးလ်(အလိုင်စလာမ်) အလ္လာဟ်အရှင်မြတ်အမိန့်တော်အရအဆိုပါနေရာမှ
ရေဆူပေါက် ဖော်ထုတ်ပေးခဲ့သည်။မိခင် ဘီဘီဟာဂျေရာဟ်သခင်မ သည်
မရ်ဝါတောင်ပေါ်မှ
နေ၍ သားငယ်ကို လှမ်းကြည့်သောအခါသားငယ်လေးအနားမှ
ရေများပန်းထွက်နေသည်ကို မြင်ပီးအလွန်ဝမ်းသာ၍ ""ဇမ်ဇမ်"" ဟုအော်ကာ
တောင်ပေါ်မှပြေးဆင်းလာသည်။သားငယ်လေးအနားကိုအပြေးသွားကာ
ရေဆူပေါက်ကို ဝိုင်းကာလိုက်လေသည်။
ဘီဘီဟာဂျေရာဟ် သခင်မ ၏ ပါးစပ်မှထွက်လာသောစကားလုံးဖြင့် ထို
ရေတွင်းအမည်မှာ ဇမ်ဇမ်(ZamZam)
ရေတွင်းဟု ယနေ့တိုင် ထင်ရှားဆဲဖြစ်သည်။
******************************************
ဇမ်ဇမ်(ZamZam)ဆိုသည်မှာစူရ်ယာနီ ဘာသာစကားဖြစ်သည်။"ရပ်ပါ ရပ်ပါ
"ဟုအဓ္ဓိပ္ပါယ် ရသည်။
မှတ်ချက်။ ။ ဘီဘီဟာဂျရာဟ်သခင်မ၏ ဆွဖါတောင်နှင့်မရ်ဝါဟ်တောင်ပေါ်သို့
ခုနှစ်ကြိမ် အတက်အဆင်းအပြေးအလွှားပြုလုပ်ပုံကို
နှစ်သက်တော်မူ၍ *ဟဂ်ျ ပြုလုပ် ခြင်းတွင်စအီ* အမည်ဖြင့် *ဆွဖါနှင့်မရ်ဝါဟ်*
တောင်များပေါ်သို့
အတက်အဆင်းနှင့်အပြေးအလွှား၇ကြိမ်ပြုလုပ်ခြင်းကိုဝါဂျိဗ်တာဝန်အဖြစ်
သတ်မှတ်ပေးတော်မူ၏။(ဝါဂျိဗ်)
အစ္စလာမ်အကြောင်းသိကောင်းစရာ နှင့် သတင်းများမှဖတ်ယူ
မှတ်၍ဖော်ပြပါသည်။
     အစ္စလာမ်အကြောင်းသိကောင်းစရာများကိုမျှဝေကြပါ။
                                            ၀ဏ-၀ဏသီရိ
Tuesday, 3 November 2015
Tuesday, 20 October 2015
ဒီချုပ်ပါတီအလံနှင့် စတစ်ကာဖြန့်ဝေသူ မြန်မာလေးဦးကို စင်ကာပူရဲတပ်ဖွဲ့က ၀န်ခံကတိထိုးခိုင်း
 အင်န်အယ်လ်ဒီပါတီအ လံနှင့် စတစ်ကာများကိုအခမဲ့ပေး ဝေခဲ့သူ မြန်မာလေးဦးကို စင်ကာ ပူရဲတပ်ဖွဲ့က စစ်ဆေး၍ ၀န်ခံက တိထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက် ကြောင်းသတင်းရရှိသည်။
အောက်တိုဘာ ၁၈ရက် မွန်း လွဲပိုင်းက ပင်နီစူလာပလာဇာရှေ့တွင် အင်န်အယ်လ်ဒီပါတီအလံနှင့် စတစ်ကာများကို မြန်မာနိုင်ငံသားများအား အခမဲ့ပေးဝေသူလေးဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အောက်တိုဘာ ၁၉ရက် နံနက် ၃နာရီအထိ စစ်ဆေးကာ ထပ်မံပြုလုပ်ခြင်းမရှိစေရန် ၀န်ခံကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ဖမ်းဆီးစစ်ဆေးခံရသူ မအိမ့်သဉ္ဇာထွန်းက ပြောသည်။
‘‘သူတို့နိုင်ငံရေးနဲ့တော့ မ ဆိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လူတွေက စုဝေးနေတော့ သူတို့ လည်း လန့်တာပေါ့။ နောက်ပြီး ဒါ လုပ်တာဆိုရင် ကြိုတင်ခွင့်ပြုချက် တောင်းရတယ်။ အဲဒါကြောင့် ခေါ် ပြီးစစ်ဆေးတာလို့ ပြောပါတယ်’’ ဟု မအိမ့်သဉ္ဇာထွန်းက ပြော သည်။
စင်ကာပူရောက် မြန်မာများ ၏ ကြိုတင်မဲပေးရသည့် ငါးရက် မြောက်နေ့အဖြစ် အောက်တိုဘာ ၁၉ ရက်က လူဦးရေ ၂,၃၀၀ကျော်လာရောက်မဲပေးခဲ့ကြောင်း သတင်းရရှိသည်။ ကြိုတင်မဲပေးရသည့် ငါးရက်အတွင်း စုစုပေါင်း လူဦးရေ ၁၅,၀၀၀ခန့် လာရောက်မဲပေးကြောင်း သတင်းရရှိသည်။ စင်ကာပူရောက်မြန်မာများ  မဲပေးမှုကို အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်အထိ သတ်မှတ်ထားသော်လည်း အချိန်မလုံလောက် ၍ အောက်တိုဘာ ၂၁ ရက်အထိ သတ်မှတ်ကာ သုံးရက်ထပ်တိုး ထားသည်။
Sunday, 27 September 2015
ကုရ်ဘာနီဟူသောစွန့်လွတ်ခြင်း၏ပေါ်ပေါက်လာပုံ
ကုရ်ဘာနီဟူသောစွန့်လွတ်ခြင်း၏ပေါ်ပေါက်လာပုံ
==================================
ညတစ်ညမှာ တမန်တော် အီဗရာဟင်မ် (အ) ဟာ အိမ်မက်တစ်ခုမက်ခဲ့တယ်။ အိမ်မက်ဟာ အလ္လာဟ်အရှင်မြတ်က သားတော် အီးစ်မာအိလ်(အ)ကို အလ္လာဟ်အရှင်မြတ်ကျေနပ်မှုရရန်အတွက် ဇဗဟ်(လည်လှီးခြင်း)လုပ်ဖို့ဖြစ်တယ်။
တမန်တော် အီဗရာဟီးမ်က ပထမတော့ ဒါဟာ ရှိုင်တွာန် လှည့်ဖျားတဲ့ အိမ်မက် ဖြစ်တယ်လို့ ထင်ခဲ့ပါတယ်။ဒါပေမဲ့ နောက်ရက်မှာလည်း အဲ့ဒီ အိမ်မက်ကို ဆက်တိုက်မြင်မက်ခဲ့ပါတယ်။
အဲ့ နောက်မှာ တတိယအကြိမ် မြင်မက်ပြီးနောက် တမန်တော်အီဗရာဟီးမ် ( အ) က စဉ်းစားတယ် .....အလ္လာဟ်အရှင်မြတ်ဟာ အကြောင်းတစံတရာမ၇ှိဘဲ ဒီလို ခက်ခဲတဲ့ အလုပ်ကို လုပ်ဖို့ အမိန့်ပေးတာ မဟုတ်ဘူးဆိုတာပေါ့။
ဒါပေမဲ့ တမန်တော်အီဗရာဟီးမ်ဟာ သားတော်လေးကိုလည်းအလွန်မှ ချစ်မြတ်နိုးပြီး တစ်ဖက်က မိမိကိုးကွယ်တဲ့ ဖန်ဆင်းရှင်ရဲု့ အမိန့်ဖြစ်တာကြောင့် အလွန်ခက်ခဲစွာနဲ့ သားတော်ကို ဇဗဟ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်.။သားတော် အီးစ်မာအိလ် (အ) လေးကို အာရ်ဖဟ်တောင်ကို သွားဖို့ပြောခဲ့တယ်.အဲ့နောက် တမန်တော် အီဗရာဟီးမ်(အ) က ဓားနဲ့ ကြိုးကို ယူပြီးတော့ လိုက်ခဲ့တယ်။
အဲ့လမ်းမှာ မီနာဆိုတဲ့ နေ၇ာတစ်ခုကို ဖြတ်သန်းသွားခဲ့တယ်။...အဲ့အချိန် ၇ှိုင်သွာန် မိစ္ဆာ ရောက်ရှိလာပြီးတော့ အီတမန်တော်အီဗရာဟီးမ်(အ) ကို ကုရ်ဘာနီ စွန့်လွတ်မှု မပြုနိုင်အောင်ဖျားယောင်းသွေးဆောင်ပြီး အကြံအစည်ကို ပျက်ဆီးအောင်လုပ်ခဲ့တယ်။
ဒါပေမဲ့ တမန်တော်အီဗရာဟီးမ် ဟာ ရှိုင်သွာန်ပြောတာ နားမထောင်ဘဲ လမ်းခရီးကို ဆက်ခဲ့တယ်။ရှိုင်သွာန်ဟာ သားတော်လေးဆီမှာ သွားပြီး လှည့်ဖျားပြန်တယ်။ မရတဲ့ အဆုံးမှာ မိခင်ကြီး ဆီမှာ သွားဖျားယောင်ခဲ့တဟ်။
အာရ်ဖသ်ကွင်းပြင်ကို ရောက်တဲ့အခါ တမန်တော်အီဗရာဟီးမ်(အ)ဟာ သားတော်လေးကို အလ္လာဟ်ကျေနပ်စေဖို့ ဇဗဟ်လုပ်မဲ့ အကြောင်းအသိပေးတယ်။
၎င်းနောက် ထိုသားတော်သည် ထိုအီဗ်ရာဟီမ် နှင့်အတူ သွားလာပြေးလျှောက်နိုင်သော အရွယ်သို့ ရောက်သောအခါ ထိုအီဗ်ရာဟီမ်သည် (ဤသို့) ပြောကြားခဲ့လေ၏။ အို-ချစ်သား ငါသည် ဧကန်မလွဲ အသင့်အား လှီးဖြတ်နေသည်ကို အိပ်မက်တွင် ဧကန် အမှန် မြင်မက်သည်။ သို့ဖြစ်ပေရာ အသင်သည် မည်သို့ ထင်မြင်ယူဆသနည်း စဉ်းစားပါလေ။ကုရ်အာန်(၃၇း ၁၀၂)
ထို(အခါ) သားတော်က အို-ခမည်းတော်၊ ခမည်းတော်သည် ပေးတော်မူခြင်းခံရသော အမိန့်တော် ကိုသာ လိုက်နာဆောင်ရွက်ပါ၊ အင်န်ရှာအလ္လာဟ် (အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင်) ခမည်း တော်သည် ကျွန်တော့်အား ခန်္တီတရား ထားရှိသူ တစ်ဦးအဖြစ် အမှန်ပင် တွေ့ရှိပါလိမ့်မည်ဟု ပြန်ကြား ခဲ့လေ၏။
ကုရ်အာန်(၃၇း ၁၀၂)
အလ္လာဟ်ဟုအက္ကဗရ် အလ္လာဟ်ဟုအက္ကဗရ် အလ္လာဟ်ဟုအက္ကဗရ် !!
သားတော်လေးဟာ ဖခင် တမန်တော်အီဗရာဟီးမ်(အ) ပြောတာကို လက်ခံပြီးတော့ သူ့ကို ဇဗဟ်လုပ်ဖို့ သဘောတူလိုက်တယ်
သားတော်လေး အိစ်မာအီးလ် (အ)လေးက ဖခင်ဖြစ်သူ တမန်တော်အီဗရာဟီးမ်ကို သူ့ခြေလက်တွေကို ကြိုးနဲ့ချည်နှောင်ထားဖို့နဲ့ ဖခင်မျက်လုံးကို အ၀တ်တစ်ခုနဲ့စည်းထားဖို့ပြောခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သားတစ်ယောက်ကို အဖေကိုယ်တိုင် ဇဗဟ်လုပ်မဲ့အချိန် သားလေးဟာ ကြောက်ပြီး မပြေးမိအောင်နဲ့ ဖခင်ဖြစ်သူက သားကို သနားပြီး မသတ်ရက်ဘဲ ဖြစ်နေမှာဆိုးလို့ဖြစ်ပါတယ်။ နဗီတမန်တော်တွေဟာ မိမိဖန်ဆင်း၇ှင်ကို အဲ့လောက်ထိချစ်ခဲ့တယ်။
ဖခင်လည်း မျက်လုံးမှာ အ၀တ်စည်းပြီးတော့ သားတော် လည်ဂုတ်ပေါ် ဓားတင်ပြီး လှီးလိုက်တယ်
အဲ့အချိန်မှာ အလွန်ထက်တဲ့ ဓားဟာ မပြတ်ခဲ့ဘူး။ နဗီက သူ့ ဓားများတုံးနေလားဆိုပြီး အနီးမှာ၇ှိတဲကျောက်ဆောင်ကို လှမ်းပိုင်းလိုက်တယ်။ ကျောက်ဆောင်ဟာ အစိတ်စိတ် ကွဲ သွာခဲ့တယ်။ ဒီလိုနဲ့ သားတော် လည်ပင်းကို ဓားနဲ့ ထပ်ပိုင်းလိုက်တယ်။ ပြီးတော့ မျက်လုံးကအ၀တ်ကိုဖြည်ပြီးကြည့်လိုက်တော့သားတော်လေးမဟုတ်ဘဲ သေနေတဲ့ သားကောင်တစ်ကောင်ဖြစ်နေပြီး သားတော်လေးဟာ ဘေးမှာ၇ှိနေခဲ့တယ်။အဲ့အချိန်မှာ မြင့်မြတ်လှတဲ့ အလ္လာဟ် (စွဗ်ဟားနဟူ ၀သအားလာ) က ဂျန္မသ်မှာ၇ှီတဲ့ သားကောာင်တစ်ကောင်နဲ့အစားထိုးပေးလိုက်ပြီး တမန်တော်အီဗရာဟီးမ် ကို စမ်းသပ်မှုမှာ အောင်မြင်မှုပေးလိုက်တာဖြစ်ပါတယ်။
ထို့နောက် ထို(သားအဖ) နှစ်ပါးလုံးသည် အမိန့်တော်ကို လိုက်နာပြီး ထိုအီဗ်ရာဟီမ်သည် (လှီးဖြတ်ရန်) ထိုသားတော်အား မှောက်လျက် လှဲခဲ့လေသောအခါ။ကုရ်အာန်(၃၇း ၁၀၃)
ငါအရှင်မြတ်သည် ၎င်းအား (ဤသို့) အသံပြု တော်မူခဲ့၏။ အို-အီဗ်ရာဟီမ်၊ကုရ်အာန်(၃၇း ၁၀၄)
ဧကန်မလွဲ အသင်သည် အိပ်မက်ကို အမှန် အကန် ဆောင်ရွက်ခဲ့လေပြီ။ ဧကန်အမှန် ငါအရှင်မြတ် သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။ကုရ်အာန်(၃၇း ၁၀၅)
ဧကန်မလွဲ ဤသည် ထင်ရှားစွာသောစမ်းသပ် မှုတစ်ရပ် အမှန်ပင်ဖြစ်၏။
၎င်းပြင် ငါအရှင်မြတ်သည် ကြီးကျယ် မြင့်မြတ်လှစွာသော သတ်ဖြတ်အပ်သည့်သားကောင် တစ်ကောင်ဖြင့် (အစားထိုး၍) ထိုသားတော်အား ရွေးယူတော်မူခဲ့၏။ကုရ်အာန်(၃၇း ၁၀၆)
၎င်းပြင် ငါအရှင်မြတ်သည် နောင်လာနောက် သားတို့တွင် ထိုအီဗ်ရာဟီမ်နှင့်ပတ်သက်၍ (၎င်းအား ကောင်းမွန်စွာ သတိရခြင်းကို) ရှိစေတော်မူခဲ့၏။ကုရ်အာန်(၃၇း ၁၀၇)
အီဗ်ရာဟီမ်၏အပေါ်ဝယ် စလာမ် ချမ်းမြေ့ သာယာမှုသည် ကျရောက်ပါစေ။ကုရ်အာန်(၃၇း ၁၀၈)
အလ္လာဟ်အရှင်မြတ်ဟာ သားကောင်နဲ့ အစားထိုးလဲလှယ်လိုက်ခြင်းဟာ အလ္လာဟ်အရှင်မြတ်အတွက် ဘာအသွေးအသားမှ ပူဇော်ပသဖို့မလိုဘူးဆိုတာ သပ်သေပြလိုက်တာဖြစ်ပါတယ်။ဒါဟာ ဖန်ဆင်းရှင်ဟာ လူတွေဆီကနေ ဘာမှ မျှော်လင့်တောင့်တမှုမ၇ှိဘူးဆိုတဲ့ သက်သေတစ်ခုဖြစ်တဲ့ အပြင် လူသားတွေ လိုအပ်တဲ့ အရာအတွက် ဖန်ဆင်းရှင်ဟာ မလိုအပ်ဘူးဆိုတာ သက်သေပြလိုက်တာဖြစ်တယ်။
အလ္လာဟ်ဟုအက္ကဗရ် ( အလ္လာဟ်အရှင်မြတ်သည်သာလျှင် အကြီးကျယ်ဆုံးအရှင်ဖြစ်တော်မူသည်)
ဒါဟာ တမန်တော် အီဗ်ရာဟီးမ် (အ) ဟာ ကု၇်ဘာနီ စွန့်လွတ်မှုကို အောင်မြင်စွာနဲ့ လုပ်ဆောင်နိုင်ခြင်းရဲ့ သက်သေအဖြစ်
နှစ်စဉ်နှစ်တိုင်း ဇွလ်ဟဂ်ျလမှာ ကမ္ဘာပေါ်မှာရှိတဲ့ မွတ်စ်လင်မ်များက ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာဟ်ကို လာရောက် ဟဂ်ျပြုလုပ်ကြတယ်။ အာရ်ဖသ် မီနာ အစ၇ှိတဲ့ နေရာကို သွားပြီး တမန်တော်အီဗရာဟီးမ် (အ) နဲ့ သားတော် အီစ်မာအီးလ်(အ) တို့နေထိုင် ပြီး တရားဟောတဲ့ နေရာတွေကို သွားရောက်ကြပါတယ်။
ဇွလ်ဟဂ်ျ 10ရက်နေ့မှာ အစ္စလာမ်သာသနာဝင်တွေဟာ တမန်တော်တွေရဲ့ အလ္လာဟ့်ကို ချစ်တဲ့စိတ်နဲ့ စွန့်လွတ်တဲ့ စိတ်အတွက် အောက်မေ့ သတပြီး ကုရ်ဘာနီသားကောင် (နွား (သို့) ကုလားအုတ် (သို့) ဆိတ် (သို့) သိုး) ကို ဇဗဟ်လုပ်ကြပါတယ်။ဒါဟာ ယဇ်ပူဖော်ခြင်းမဟုတ်ပါဘူး ။
တစ်ခုသိထားရမှာက Eid al adha နေ့ဟာ အောင်မြင်မှုရဲ့ အီးဒ်မဟုတ်ပါဘူး စွန့်လွတ်ခြင်းရဲ့ အီးဒ်ဖြစ်ပါတယ်။
အီမာန်ရှင်တိုင်းရဲ့ ကုရ်ဘာနီကို အလ္လာဟ်လက်ခံပါစေ…အာမီးန်
Thursday, 24 September 2015
Hari Raya Aidiladha
Hari Raya Aidiladha (bahasa Arab: عيد الأضحى 'Eid Ul-Adha) atau Hari Raya Haji merupakan perayaan yang dirayakan oleh umat Islam di seluruh dunia. Ia adalah perayaan terbesar di dalam Islam selain Aidilfitri yang disambut pada setiap 1 Syawal. Aidiladha disambut pada hari ke-10, 11, 12 dan 13 bulan Zulhijjah setiap tahun. Bermula dengan Takbir Aidiladha pada malam 10 Zulhijjah, diikuti dengan solat sunat Aidiladha serta khutbah Aidiladha di pagi 10 Zulhijjah, sambutan diikuti dengan ibadah korban yang boleh dilakukan samada pada 10 atau 11 atau 12 atau siang 13 Zulhijjah, semua hari-hari ini dipanggil Hari Tasyrik.
Aidiladha adalah perayaan yang istimewa kerana ia merupakan hari untuk umat Islam memperingati kisah pengorbanan Nabi Ibrahim a.s. dalam menunaikan perintah Allah dan kesabaran anaknya Nabi Ismail a.s. dalam memenuhi perintah Allah SWT.
Selain itu, salah satu keistimewaan Aidiladha dan Hari Tasyrik ialah ibadat korban. Ibadat korban ini hanya boleh dilakukan dalam empat hari iaitu bermula waktu selepas khatib menyampaikan khutbah Aidiladha sehingga sebelum tenggelam matahari pada hari ke-13 Zulhijah.
Dari segi bahasa, korban bermaksud dekat, manakala dari segi istilah ia bermaksud menjalankan perintah agama atau taat kepada perintah Allah kerana ingin mendekatkan diri kepada-Nya.
Hari Raya Korban jatuh pada hari kesepuluh pada bulan Zulhijjah, bulan terakhir pada kalender Hijrah Islam. 10 Zulhijjah merupakan tarikh penting dalam sejarah Islam di mana Nabi Adam dan isterinya Hawa dikeluarkan dari syurga dan diturunkan ke bumi sebelum berjumpa di padang Arafah, di luar bandar Mekah.
Pada hari raya, orang Islam disunatkan mengenakan pakaian yang paling cantik, paling bersih, dan juga mengenakan wangi-wangian. Pada pagi hari raya korban, umat Islam akan mengerjakan sembahyang sunat Hari Raya sebanyak 2 rakaat dengan 7 takbir pada rakaat pertama diikuti 5 takbir pada rakaat kedua.
Pada kebiasaannya solat sunat Aidiladha dicepatkan sedikit berbanding solat sunat Aidilfitri. Hikmahnya dicepatkan sedikit waktu solat sunat Aidiladha adalah bagi memberi lebih banyak masa untuk penyembelihan korban. Hikmahnya dilewatkan sedikit solat sunat Aidilfitri pula adalah bagi membenarkan peluang bagi mereka yang belum membayar zakat menunaikan kewajipan mereka dan disunatkan makan dahulu sebelum pergi ke masjid. [1]
Manakala bagi Aidiladha, hikmat disunatkan makan selepasnya supaya makanan yang mula-mula dimakan pada hari itu ialah daging korban yang berkat. Selepas bersembahyang, upacara korban akan dimulakan. Lembu, kambing, dan biri-biri yang dikorbankan akan disembelih secara beramai-ramai di kawasan masjid sebelum dibahagi-bahagikan dagingnya kepada orang ramai terutamanya kepada golongan fakir miskin.
Hari Raya Aidiladha disambut ketika umat Islam membuat penziarahan ke Makkah, mengunjung Kaabah dan melakukan korban sembelihan. Al-Quran tidak menyatakan, tetapi umat Islam memegang bahawa perayaan korban ini memperingati kesanggupan Nabi Ibrahim untuk menyerahkan anaknya sebagai korban kepada Tuhan.
Selepas sembahyang, sekali lagi umat Islam akan berbondong-bondong melawati perkuburan orang yang disayangi. Semua orang akan memakai pakaian bersih dan ceria dan selepas itu yang muda akan memohon kemaafan daripada yang tua. Selepas itu semua orang akan menjamah pelbagai juadah yang disediakan sebelum ziarah dan menziarahi sesama mereka.
Saturday, 4 July 2015
မြန်မာပြည်ရဲ့ ပထမဆုံး KFC ကြက်ကျော်ဘာသာမရွေးစားသုံးလို့ မရနိုင်သေး
  မြန်မာပြည်ရဲ့ ပထမဆုံး KFC ကြက်ကျော်ဘာသာမရွေးစားသုံးလို့ မရနိုင်သေး
မန်မာပြည်ရဲ့ ပထမဆုံး KFC စားသောက်ဆိုင်ကို ဒီနေ့ ဇွန်လ ၃၀ ရက်နေ့ နေ့လည် (၁၂)မှာ ဖွင့်လှစ်ခဲ့ပါတယ်။
.
ဆိုင်မဖွင့်ခင် လအနည်းငယ် အလိုကတည်းက KFC Myanmar ရဲ့ တရားဝင် FB စာမျက်နှာမှာ အစ္စလာမ် ဘာသာဝင်များ စားသုံးနိုင်ရန် သတ်မှတ်ချက် တခုဖြစ်တဲ့ “Halal” ဖြစ်သလားဆိုတဲ့ မေးခွန်းတွေက အများဆုံး ဖြစ်ခဲ့တာကို တွေ့ရှိရပါတယ်။
.
KFC Myanmar အနေဖြင့် ဆိုင်မဖွင့်ခင်နောက်ဆုံး ရက်အထိ လူမျိုး ဘာသာမရွေး စားသောက်နိုင်ကြောင်း တရားဝင်ဖြေကြားခြင်း မရှိခဲ့ပေမယ့် ယနေ့ မှာတော့ ဟလာလ် သတ်မှတ်ချက် စည်းကမ်းနှင့် အညီ ရောင်းချနိုင်ခြင်း မရှိသေးကြောင်း အောက်ပါအတိုင်း တရားဝင်ဖြေကြားထားတာကို တွေ့ရပါတယ်။
    ” အခုချိန်မှာတော့ Halal မရပါဘူး။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး KFC ဆိုင်ခွဲ ကို အခုမှ ဖွင့်တာဖြစ် တဲ့အတွက် အဓိက မီနူးအစားအစာတွေကို အဓိက ဦးစားပေးရောင်းချပေးသွားမှာပါ။ စားသုံးသူများရဲ့ တုံ့ပြန်မှုနဲ့ အသံများကို အမြဲနားထောင်နေပြီး  မီနူးအစားအစာတွေကို ထပ်မံပြီး အဆင်မြှင့်တင်သွားဖို့ရှိပါတယ်။”
.
လူမျိုးစုံ ဘာသာစုံ နေထိုင်တဲ့ ရန်ကုန်မြို့မှ KFC စားသောက်ဆိုင် အနေဖြင့် လက်တလော “Halal” သတ်မှတ်ချက်နဲ့ အညီ မရောင်းချနိုင်သေးတဲ့ အတွက် အစ္စလာမ်ဘာသာဝင် စားသုံးသူတွေရဲ့ ဈေးကွက်ဝေစု ရရှိနိုင်သေးမှာ မဟုတ်ပါဘူး။
.
ဒါနဲ့ ပတ်သက်ပြီး  ဟလလ် အသိအမှတ်ပြုလွှာ ထုတ်ပေးတဲ့ ပြည်တွင်း အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများထဲမှ တခု ဖြစ်တဲ့ အစ္စလာမ်သာသနာရေးရာ ကောင်စီ ဌာနချူပ်မှ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ရာ ဟလာလ် ကိစ္စ နှင့် ပတ်သက်ပြီး KFC မှ ဆက်သွယ်မေးမြန်းတာမျိုး မရှိသေးကြောင်းဖြေကြားခဲ့ပါတယ်။
.
ဟလာလ် ဟူသည်မှာ အာရဗ်ဘာသာ စကားအရ ခွင့်ပြုချက်ရှိ/ပြုလုပ်ပိုင်သော ဟု အဓိပ္ပာယ်ရပြီး၊ အစားအသောက် အတွက် အသုံးများပါတယ်။
.
မွတ်စလင်တွေအတွက် အစ္စလာမ် တရားတော်က စားသုံးရန် ခွင့်ပြုထားတဲ့  သတ္တဝါများကို သတ်မှတ်ချက် စည်းကမ်းများ အတိုင်း လိုက်နာပြီး ထုတ်လုပ်ထားသည်ကိုသာ စားသုံး ပိုင်ခွင့်ရှိတာဖြစ်ပါတယ်။
.
ကမ္ဘာ့ဟလာလ် ဈေးကွက်ကြီးထွားလာမှုကြောင့် ဟလာလ်စားသောက် ကုန်ထုတ်လုပ်မှုဟာ ဒေါ်လာ တစ် ထရီလီယံ တန်ဖိုးကျော်လွန်နေတဲ့ အထိ တိုးတက်မြင့်မားလာပြီး ၂၀၃၀ ခုနှစ်မှာ ဒေါ်လာ ၂ ထရီလီယံ တန်ဖိုးအထိ မြင်တက်သွားနိုင်ကြောင်း
Chulalongkorn တက္ကသိုလ်က ဟလာလ်သိပ္ပံဌာန Halal Science Center (HSC) ရဲ့တည်ထောင် ညွှန်ကြားသူ တွဲဖက်ပါမောက္ခ Winai Dahlan အင်တာဗျူး တစ်ခုမှာ Sunday’s Zaman သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Thursday, 4 June 2015
အရီဇိုးနားလူ့ အဖွဲ့ အစည်းမွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်းပြသ
အရီဇိုးနားလူ့ အဖွဲ့ အစည်းမွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်းပြသ
ဇွန် ၅၊ ၂၀၁၅
 အမုန်းတရားအား ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့်အနေဖြင့် အဇီဇိုးနားရှိ ပြည်သူရာပေါင်းများစွာမှာ ပြီးခဲ့သည့် ရက်အနည်းငယ်က ဆိုင်ကယ်သမားများ အစ္စလာမ်ဆန့်ကျင်ရေးချီတက်မှု ပြုလုပ်ခဲ့သော ဖီးနစ်မြို့ရှိ ဗလီဝတ်ကျောင်းတော်၌ စုရုံးကာ မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသခဲ့ကြသည်။
“ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဖြိုခွဲဖို့ လှုပ်ရှားမှုတွေ ရှိနေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ အတူတကွ ခိုင်ခိုင်မာမာရှိနေတယ်ဆိုတာ ကျွန်တော့်အနေနဲ့ ပြည်သူတွေကို သိစေချင်ပါတယ်။ ခြားနားမှုတွေရှိနေပေမယ့် ကျွန်တော်အားလုံးဟာ တစ်စုတစ်စည်းထဲပါပဲ” ဟု အဆိုပါလှုပ်ရှားမှုကို စီစဉ်သူများထဲမှ တစ်ဖွဲ့ဖြစ်သည့် အရီဇိုးနား ဘာသာပေါင်းစုံကွန်ယက်မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ခရစ်ယာန်ဘုန်းတော်ကြီး အီရင် တာမာယိုက Huffington Post သို့ ဇွန်လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
“မေတ္တာဟာ အမုန်းထက် ပိုခိုင်မာတယ်” ဟု အမည်ပေးထားသည့် အမုန်းဆန့်ကျင်ရေး အဆိုပါ ချီတက်မှုကို ဇွန်လ ၁ ရက် တနင်္လာနေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရီဇိုးနား ဘာသာပေါင်းစုံကွန်ယက်၊ ဂျူးအမျိုးသမီးများ သင်ကြားရေးစင်တာ၊ အရီဇိုးနား အစ္စလာမ့်ပညာရှင်များဗျူရိုကဲ့သို့ ဘာသာပေါင်းစုံမှ အဖွဲ့ပေါင်း ၂၀ ခန့် တက်ရောက်ခဲ့ကြသည်။
၎င်းတို့မှာ ပြီးခဲ့သည့်တစ်တပတ်က ဆိုင်ကယ်စီးလူအုပ်စုများ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သော ဖီးနစ် ဗလီဝတ်ကျောင်းတော်တွင်လည်း ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။
ပွဲစီစဉ်သူများကမူ ၎င်းတို့၏ အဆိုပါလှုပ်ရှားမှုမှာ မိမိတို့အထဲမှ တစ်ဦးဦးက ခွဲခြားဆက်ဆံခံရသည့်အခါ မိမိတို့ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ အမုန်းတရားမပါဘဲ မေတ္တာရှေ့ထား၍ တုန့်ပြန်သည်ဆိုသည်ကို ပြသရန်ဖြစ်သည်ဟု
ပြောကြားခဲ့သည်။ ထို့ပြင် ထိုပွဲကို တက်ရောက်မည့်သူများအား ငြိမ်းချမ်းရေးသင်္ကေတအဖြစ် ပန်းများ ယူဆောင်လာရန်လည်း ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။
ဖီးနစ်မြို့ရှိ မွတ်စလင်ခေါင်းဆောင်များကမူ အစ္စလာမ်ဆန့်ကျင်ရေး ချီတက်မှုပြီးနောက် ယခုကဲ့သို့ ရရှိသည့် လူ့အဖွဲ့အစည်း၏ အားပေးမှုကို ကြိုဆိုပြီး၊ မိမိတို့အနေဖြင့် ကြည်နူးခံစားရသည်ဟု ပြောကြားခဲ့သည်။
“ဒီလှုပ်ရှားမှုက တစ်ယူသန်မှုတွေဟာ ခြွင်းချက်ရှိတယ်ဆိုတာကို ပြသနေပါတယ်။ ဒီအမုန်းတရားက ခြွင်းချက်ရှိပါတယ်။ လူတော်တော်များများဟာ ယုံကြည်ချက်တွေ မတူကြပါဘူး။ ဒါပေမယ့် လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုတာကို ရောက်လာတဲ့အခါ ဘာသာပေါင်းစုံရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ ပုခုံးချင်းယှဉ် ရပ်လာခဲ့ကြပါတယ်” ဟု ဖီးနစ်မြို့ အစ္စလာမ့်လူမှုစင်တာမှ ဥက္ကဌဖြစ်သူ အူစာမာ ရှာမီက ပြောကြားခဲ့သည်။
ဖီးနစ်ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်သူ မဟ်မူးဒ် ဆူလိုင်မန်ကလည်း ထိုလှုပ်ရှားမှုကို ချီးကျူးခဲ့ပြီး ၎င်း၏ မိန့်ခွန်းတွင် အယူဝါဒများ၏ ကျမ်းစာများမှ ကျမ်းချက်များကို ကောက်နှုတ်ဖော်ပြခဲ့သည်။
“အကောင်းဆုံးသော အောင်မြင်မှုကို သင်တို့ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျေးဇူးပါပဲ” ဟု ဘာသာပေါင်းစုံ လူအုပ်ကြီးအား ဆူလိုင်မန်က ပြောကြားခဲ့သည်။
အရီဇိုးနားလူ့အဖွဲ့အစည်း၏ ထိုကဲ့သို့ အားပေးနှစ်သိမ့်မှုကို အခြားသော မွတ်စလင်ခေါင်းဆောင်များကလည်း ချီးကျူးခဲ့သည်။
“ကျွန်တော် ဒါမျိုး စိတ်တောင် မကူးဖူးပါဘူး။ ဒီရက်အနည်းအတွင်း ဒလဟောကျလာတဲ့ ချစ်ခြင်းမေတ္တာတွေက ကျွန်တော့်ကို လေးစားအားကျမိစေပါတယ်” ဟု မွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟူစိန်က လူအုပ်ကြီးအား ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည့် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များကလည်း သောကြာနေ့က ပြုလုပ်ခဲ့သော အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။
“ကျွန်တော်မြင်ဖူးသမျှ၊ ကြုံဖူးသမျှတွေထဲမှာ ဒါဟာ ကြောက်စရာအကောင်းဆုံးပါပဲ။ ဒါပေမယ့် အဲဒီ သောကြာနေ့ကလုပ်ရပ်ဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားမပြုပါဘူး” ဟု သောကြာနေ့ အဆိုပါ ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ဆန္ဒပြသူများနှင့် ဗလီဝတ်ကျောင်းတော်အကြား လူတံတိုင်းဖန်တီးရန် ကူညီပေးခဲ့သည့် ခရစ်ယာန်တရားဟောဆရာ ဘော့ဘ်ဟေကီက
ပြောကြားခဲ့သည်။
အခြားသော ခေါင်းဆောင်များကလည်း ယခုကဲ့သို့ အမုန်းတရားဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အရီဇိုးနားရှိ လူ့အဖွဲ့အစည်းအတွင်း နားလည်မှုတိုးမြှင့်ရေးအတွက် အခွင့်အရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ နားလည်မှု၊ အားပေးမှုနဲ့ လူတိုင်းအတွက် မေတ္တာတံတားတွေ ထိုးပေးဖို့ ဒီကိုရောက်နေကြတာပါ” ဟု ဘာသာပေါင်းစုံလှုပ်ရှားရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာဖြစ်သူ ပေါလ် အက်ပင်ဂါက ပြောကြားခဲ့သည်။
တနင်္လာနေ့က ပြုလုပ်ခဲ့သည့် အဆိုပါလှုပ်ရှားမှုမှာ ဖီးနစ်လူ့အဖွဲ့အစည်းက မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသသည့် ပထမဆုံး လှုပ်ရှားမှုမဟုတ်ချေ။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း Take On Hate အဖွဲ့က အမေရိကန်မွတ်စလင်များအပေါ် နားလည်မှုလွဲမှားခြင်းများကို ဖယ်ရှားသည့် အွန်လိုင်းလှုပ်ရှားမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြသည်။
Wednesday, 13 May 2015
မိခင်များနေ့  အထိမ်းမှတ်တရုတ်အဖွားအိုကိုမလေးဂုဏ်ပြု
မြေးဖြစ်သူကိုမွတ်စလင်တယောက်အဖြစ်ပြုစုပြိုးထောင်ပေးခဲ့သည့်မွတ်စလင်
မဟုတ်သူတရုတ်အဖွားအိုကိုမိခင်များနေ့ တွင်မလေးရှားဂုဏ်ပြု
May 12, 2015
– မိခင် နေမကောင်းဖြစ်ခဲ့ပြီးနောက် ခိုကိုးရာမဲ့နေသော မွတ်စလင်မြေးမလေးအား ဘာသာတရား ကွဲပြားခြားနားမှုကို ဘေးဖယ်ကာ ပြုစုပျိုးထောင်ပေးခဲ့သည့် တရုတ်လူမျိုး အဘွားအိုတစ်ဦးကို မလေးရှားက ဂုဏ်ပြုခဲ့သည်ဟု သိရသည်။
“မြေးလေး ဘာသာရေးအသိပညာ ကောင်းကောင်းရဖို့ ကျွန်မဟာ သူ့ကို ဘာသာရေးကျောင်းနဲ့ ကုရ်အာန်အတန်းတွေကို ကားမောင်းပြီး လိုက်ပို့ပေးပါတယ်။ ပြီးတော့ မြေးလေးရဲ့ ဘာသာရေးဆိုင်ရာ တာဝန်ဝတ္တရာတွေကို ကျေပွန်ဖို့လည်း ကျွန်မ သေသေချာချာ ဆောင်ရွက်ပေးပါတယ်” ဟု တန် ဂွမ် နီယို ညိုညာ ပိုပိုက မလေးရှားသတင်းစာတစ်စောင်ဖြစ်သော
Bernama သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။
အသက် ၇၀ အရွယ်ရှိပြီဖြစ်သည့် တရုတ်လူမျိုး ပိုပိုမှာ မလေးရှားအစိုးရမှ မာလာကာတွင်ပြုလုပ်သော အမေများနေ့ အထိမ်းအမှတ်အခမ်းအနား၌ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးမိခင်ဆုကို ရရှိခဲ့သည်။
သူမက မြေးဖြစ်သူ ဖာဟီရာ နဘီလာ အစ္စဟန်ကို အသက် ၄ လအရွယ်မှ စတင်ကာ ပြုစုစောင့်ရှောက်ပေးခဲ့သည့်အတွက် ယခုကဲ့သို့ ဂုဏ်ပြုခံခဲ့ရခြင်းဖြစ်သည်။ ပိုပိုမှာ ၎င်းကိုယ်တိုင် အစ္စလာမ်ဘာသာဝင်တစ်ဦး မဟုတ်သော်လည်း မြေးဖြစ်သူအား အသက် ၅ နှစ်အရွယ်မှစ၍ နေ့စဉ်ဝတ်ပြုမှု ပြုလုပ်ရန်၊ ရမ်ဇာန်ဥပုသ်လတွင် ဥပုသ်သီလဆောက်တည်ရန်တို့ အပါအ၀င်
အစ္စလာမ့်သွန်သင်ချက်များကို လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ရေးအတွက် ကူညီပေးသည်။
“သူ့ရဲ့ အယူဝါဒကို ကာကွယ်ပြီး၊ အဲဒီအယူဝါဒကို လက်တွေ့လိုက်နာကျင့်သုံးအောင် တိုက်တွန်းရင်းနဲ့ မြေးမလေးကို လူလားမြောက်အောင် ဆောင်ရွက်ရတာ လွယ်တော့မလွယ်ပါဘူး။ စိန်ခေါ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ တစ်ခါတုန်းက ရွာသူကြီးဟာ ကျွန်မအိမ်ကိုရောက်လာတယ်။ ကျွန်မ မြေးမလေးကို စောင့်ရှောက်ဖို့ တတ်နိုင်မှာမဟုတ်ဘူးဆိုပြီး မိဘမဲ့ဂေဟာကို သွားပို့ဖို
ပြောပါတယ်။ ဒါပေမယ့် ကျွန်မက ငြင်းခဲ့ပါတယ်” ဟု ပိုပိုက ထပ်လောင်းပြောကြားခဲ့သည်။
အခြားသူများလည်း ဂုဏ်ပြုခံရ
ပိုပိုအပြင် မလေးရှားအစိုးရ၏ အမေများနေ့ အခမ်းအနား၌ အခြားသော အမျိုးသမီးများမှာလည်း ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုနှင့် မိခင်စိတ်ဓာတ်တို့အတွက် ဂုဏ်ပြုခြင်း ခံခဲ့ရသည်။
အဆိုပါအခမ်းအနားသို့ ၀န်ကြီး အီဒရစ် ဟာရွန်၊ မလေးရှား အမျိုးသမီး၊ မိသားစုဖွံ့ဖြိုးရေးနှင့် သက်သာချောင်ချိရေးကော်မတီ ဥက္ကဌ လာတီဖာအိုမာရ်တို့ တက်ရောက်ခဲ့ကြပြီး အသက် ၇၃ နှစ်အရွယ် ရိုကိုင်ယဟ် အလ်ဝီ၊ အသက် ၅၉ နှစ်အရွယ် အာရ် ကာလီယာနီတို့မှာလည်း ဂုဏ်ပြုဆု ချီးမြှင့်ခံရသူများတွင် အပါအ၀င်ဖြစ်ခဲ့သည်။
ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမရှိသည့် သားဖြစ်သူအား ယခုအချိန်ထိ ပြုစုစောင့်ရှောက်ပေးနေသည့် အသက် ၁၀၁ နှစ်အရွယ် အဘွားအိုတစ်ဦးမှာလည်း ဂုဏ်ပြုခံခဲ့ရသည်။
“ကျွန်မသားဟာ ကျွန်မအတွက်တော့ ဘယ်တော့မှ ၀န်ထုတ်ဝန်ပိုး မဖြစ်ပါဘူး။ သူ ရင်ခွင်ပိုက်အရွယ်ကတည်းက ကျွန်မ ရေချိုးပေးတယ်၊ ထမင်းကျွေးတယ်၊ အ၀တ်အစားတွေ ၀တ်ပေးပါတယ်။ သားကို ကျွန်မ တစ်သက်လုံး ပြုစုစောင့်ရှောက်သွားမှာပါ။ ကျွန်မ သူ့ကို သိပ်ချစ်ပါတယ်” ဟု အဆိုပါအဘွားအိုက ပြောကြားခဲ့သည်။
လူဦးရေ ၂၆ သန်းနီးပါးရှိသော မလေးရှားတွင် မလေး၊ တရုတ်နှင့် အိန္ဒိယလူမျိုးများမှာ အဓိက လူမျိုးစုများဖြစ်ကြပြီး အစ္စလာမ်ဘာသာကိုသက်ဝင်ယုံကြည်သူ မလေးလူမျိုးများမှာ စုစုပေါင်းလူဦးရေ၏ ၆၀ ရာခိုင်နှုန်း ရှိသည်။
အစ္စလာမ်တွင် မိဘများအား သားသမီးတို့က ဂုဏ်ပေးအလေးထားရန်အတွက် ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော်မြတ်၏ သြ၀ါဒတော်များမှတစ်ဆင့် အတိအကျ သွန်သင်ထားသည်။
တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းမှုအပေါင်း သက်ရောက်ပါစေ) လက်ထက်က သာဝကကြီးတစ်ပါးမှာ အလ္လာဟ်အရှင်မြတ်ပြီးနှင့် တမန်တော်မြတ်ပြီးလျှင် မည်သူ၏ တာဝန်ဝတ္တရားအား ကျေပွန်ရမည်နည်းဟု မေးမြန်းရာ ကိုယ်တော်က
“အသင်၏ မိခင်၊ အသင်၏ မိခင်၊ အသင်၏ မိခင်အပေါ် ကောင်းမွန်စွာဆက်ဆံပြီး ၎င်း၏ ၀တ္တရားအား ကျေပွန်ပါ။ ပြီးနောက် အသင်၏ ဖခင်၊ ဆွေမျိုးနီးစပ်တို့နှင့် အခြားသူများအား ကောင်းမွန်စွာဆက်ဆံပြီး ၎င်းတို့၏ တာဝန်ဝတ္တရာများအား ကျေပွန်ပါ” ဟု မိန့်ကြားတော်မူခဲ့သည်။ (ဘူခါရီကျမ်း၊ သြ၀ါဒတော်အမှတ် ၅၉၇၁)
Friday, 3 April 2015
Surah; Al anam
Surah; Al anam
6     108     ၎င်းပြင် အသင်တို့သည် အကြင်(မှားယွင်းသော) ကိုးကွယ်ရာများကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြလင့်။ ထို(မုရှ်ရစ်က်)များသည် အလ္လာဟ်အရှင်မြတ်အား စွန့်ပယ်၍ကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် (အသင်တို့ဤသို့ပြုလုပ် ကြလျှင်) ထိုသူများသည်လည်း အသိတရား မရှိ သဖြင့်စည်းကမ်းကျူးလွန်ကာ အလ္လာဟ်အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချခြင်း ပြုကြပေမည်။ ငါအရှင်သည် ဤနည်းအတိုင်းပင် အုပ်စုတိုင်း၏အမြင်တွင် ၎င်းတို့၏ပြုမူချက်တို့ကို လှပတင့်တယ်အောင် ပြုလုပ်ထားတော်မူခဲ့လေသည်။ ထို့နောက် ၎င်းတို့အားလုံးသည်မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်အထံတော်သို့ ပြန်ကြရမည်။ ထိုအခါ အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ပြုလုပ်ခဲ့ကြသည်များကို ထုတ်ဖော်မိန့်ကြားတော်မူမည်။
Thursday, 2 April 2015
Sura Saba
 Sura Saba
34/4
(Kedatangan hari kiamat itu) supaya Tuhan membalas orang-orang yang beriman dan beramal soleh; mereka itu akan beroleh keampunan dan limpah kurnia yang mulia.
34/5
Dan (sebaliknya) orang-orang yang berusaha menentang dan membatalkan ayat-ayat keterangan Kami sambil menyangka dapat melepaskan diri (dari hukuman Kami), - mereka itu akan beroleh azab dari jenis azab seksa yang tidak terperi sakitnya.
34/6
Dan orang-orang yang diberi ilmu pengetahuan, mengetahui (dengan yakin, bahawa keterangan-keterangan) yang diturunkan kepadamu dari Tuhanmu (mengenai hari kiamat dan lain-lainnya) itulah yang benar serta yang memimpin ke jalan Allah Yang Maha Kuasa, lagi Maha Terpuji. 
Wednesday, 25 March 2015
Tuesday, 17 March 2015
သက်ဝင်ယ.ုံကြည်သူများဂဏ္ဍ
47     20     စင်စစ်သော်ကား ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့က ‘စူရဟ်’ ကဏ္ဍတစ်ခုခု အဘယ်ကြောင့် မကျရောက်ပါသနည်းဟု ပြောဆို(တောင့်တ)ခဲ့ကြကုန်၏။ သို့ရာတွင် ရှင်းလင်းပြတ်သားသော ‘စူရဟ်’ကဏ္ဍ တစ်စုံတစ်ရာသည် ချပေးခြင်းကိုခံရ၍ ယင်း’စူရဟ်’ကဏ္ဍ၌ စစ်မက်တိုက်ခိုက်ရန်အကြောင်း ဖော်ပြပါရှိသောအခါ စိတ်နှလုံးများတွင် ရောဂါဝေဒနာရှိသော သူတို့သည် သေဘေးကို စိုးရိမ်သောကြောင့်မိန်းမောနေသူများ၏အကြည့်မျိုးနှင့် အသင့်ဘက်သို့ ကြည့်နေကြသည်ကို အသင်တွေ့မြင်ရပေမည်။ သို့ဖြစ်ပေရာ ၎င်းတို့၌ပျက်စီးမှုရှိပေမည်။
Wednesday, 18 February 2015
Saturday, 24 January 2015
Saudi araba king abdullah pass away.
ဆော်ဒီအာရပ်ဘုရင်အဗ္ပဒွလ်လာကွယ်လွန်ခြင်း
Monday, 19 January 2015
နောက်ကွယ်၌အတင်းပြောသူဂဏ္ဍ
1     နောက်ကွယ်၌အတင်းပြောသူတိုင်း၊ မျက်နှာစုံညီ စောင်းချိတ်ရှုတ်ချသူတိုင်း၊ ကျိုးယုတ်ပျက်စီး မည်သာတည်း။
104     2     အကြင်(အတင်းပြော၊ စောင်းချိတ်ရှုတ်ချ)သူသည် ပစ္စည်းဥစ္စာကို စုဆောင်းပြီး ထိုပစ္စည်းဥစ္စာ ကိုအကြိမ်ကြိမ် ရေတွက်လျက်ရှိ၏။
104     3     ထိုသူသည် မိမိအား မိမိဥစ္စာပစ္စည်းသည်အမြဲတစေ (အသက်ထင်ရှား)ရှိစေမည်။(တစ်နည်း) (မိမိထံမိမိဥစ္စာပစ္စည်းသည် အမြဲတစေရှိနေမည်ဟု) ထင်မှတ်လေ၏။
104     4     အလျှင်းမဟုတ်၊ စင်စစ်မှာကား ထိုသူသည်ချိုးဖျက်ချေခွဲ အပိုင်းပိုင်း အစစဖြစ်စေသော (ငရဲ)၌ ပစ်ချခြင်းကို အမှန်ပင်ခံရလတ္တံ့။
104     5     စင်စစ် ထိုချိုးဖျက်ချေခွဲ အပိုင်းပိုင်း အစစ ဖြစ်စေသော (ငရဲ)သည် အဘယ်နည်းဟု အသင် သိပါသလော။
104     6     မွှေးထားပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ငရဲမီးပင်။ (တစ်နည်း) အလ္လာဟ်အရှင်မြတ် (အမိန့် တော်အရမွှေးထားတော်မူသောမီးပင်)။
104     7     အကြင်မီးသည် စိတ်နှလုံးများအထိ တိုးတက်ဖုံးလွှမ်းလေ၏။ (ထိရောက်လေ၏)။
104     8     ဧကန်မလွဲ ထိုမီးသည် ၎င်းတို့အပေါ်၌ ပိတ်ဆို့ပြီး ဖြစ်ပေမည်။
104     9     ရှည်လျားစွာသော(မီးကျီး)တိုင်များ၌ (တုပ်နှောင်လျက်)။