Sunday, 27 September 2015

ကုရ်ဘာနီဟူသောစွန့်လွတ်ခြင်း၏ပေါ်ပေါက်လာပုံ

ကုရ်ဘာနီဟူသောစွန့်လွတ်ခြင်း၏ပေါ်ပေါက်လာပုံ
==================================

ညတစ်ညမှာ တမန်တော် အီဗရာဟင်မ် (အ) ဟာ အိမ်မက်တစ်ခုမက်ခဲ့တယ်။ အိမ်မက်ဟာ အလ္လာဟ်အရှင်မြတ်က သားတော် အီးစ်မာအိလ်(အ)ကို အလ္လာဟ်အရှင်မြတ်ကျေနပ်မှုရရန်အတွက် ဇဗဟ်(လည်လှီးခြင်း)လုပ်ဖို့ဖြစ်တယ်။

တမန်တော် အီဗရာဟီးမ်က ပထမတော့ ဒါဟာ ရှိုင်တွာန် လှည့်ဖျားတဲ့ အိမ်မက် ဖြစ်တယ်လို့ ထင်ခဲ့ပါတယ်။ဒါပေမဲ့ နောက်ရက်မှာလည်း အဲ့ဒီ အိမ်မက်ကို ဆက်တိုက်မြင်မက်ခဲ့ပါတယ်။
အဲ့ နောက်မှာ တတိယအကြိမ် မြင်မက်ပြီးနောက် တမန်တော်အီဗရာဟီးမ် ( အ) က စဉ်းစားတယ် .....အလ္လာဟ်အရှင်မြတ်ဟာ အကြောင်းတစံတရာမ၇ှိဘဲ ဒီလို ခက်ခဲတဲ့ အလုပ်ကို လုပ်ဖို့ အမိန့်ပေးတာ မဟုတ်ဘူးဆိုတာပေါ့။

ဒါပေမဲ့ တမန်တော်အီဗရာဟီးမ်ဟာ သားတော်လေးကိုလည်းအလွန်မှ ချစ်မြတ်နိုးပြီး တစ်ဖက်က မိမိကိုးကွယ်တဲ့ ဖန်ဆင်းရှင်ရဲု့ အမိန့်ဖြစ်တာကြောင့် အလွန်ခက်ခဲစွာနဲ့ သားတော်ကို ဇဗဟ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်.။သားတော် အီးစ်မာအိလ် (အ) လေးကို အာရ်ဖဟ်တောင်ကို သွားဖို့ပြောခဲ့တယ်.အဲ့နောက် တမန်တော် အီဗရာဟီးမ်(အ) က ဓားနဲ့ ကြိုးကို ယူပြီးတော့ လိုက်ခဲ့တယ်။

အဲ့လမ်းမှာ မီနာဆိုတဲ့ နေ၇ာတစ်ခုကို ဖြတ်သန်းသွားခဲ့တယ်။...အဲ့အချိန် ၇ှိုင်သွာန် မိစ္ဆာ ရောက်ရှိလာပြီးတော့ အီတမန်တော်အီဗရာဟီးမ်(အ) ကို ကုရ်ဘာနီ စွန့်လွတ်မှု မပြုနိုင်အောင်ဖျားယောင်းသွေးဆောင်ပြီး အကြံအစည်ကို ပျက်ဆီးအောင်လုပ်ခဲ့တယ်။
ဒါပေမဲ့ တမန်တော်အီဗရာဟီးမ် ဟာ ရှိုင်သွာန်ပြောတာ နားမထောင်ဘဲ လမ်းခရီးကို ဆက်ခဲ့တယ်။ရှိုင်သွာန်ဟာ သားတော်လေးဆီမှာ သွားပြီး လှည့်ဖျားပြန်တယ်။ မရတဲ့ အဆုံးမှာ မိခင်ကြီး ဆီမှာ သွားဖျားယောင်ခဲ့တဟ်။

အာရ်ဖသ်ကွင်းပြင်ကို ရောက်တဲ့အခါ တမန်တော်အီဗရာဟီးမ်(အ)ဟာ သားတော်လေးကို အလ္လာဟ်ကျေနပ်စေဖို့ ဇဗဟ်လုပ်မဲ့ အကြောင်းအသိပေးတယ်။

၎င်းနောက် ထိုသားတော်သည် ထိုအီဗ်ရာဟီမ် နှင့်အတူ သွားလာပြေးလျှောက်နိုင်သော အရွယ်သို့ ရောက်သောအခါ ထိုအီဗ်ရာဟီမ်သည် (ဤသို့) ပြောကြားခဲ့လေ၏။ အို-ချစ်သား ငါသည် ဧကန်မလွဲ အသင့်အား လှီးဖြတ်နေသည်ကို အိပ်မက်တွင် ဧကန် အမှန် မြင်မက်သည်။ သို့ဖြစ်ပေရာ အသင်သည် မည်သို့ ထင်မြင်ယူဆသနည်း စဉ်းစားပါလေ။ကုရ်အာန်(၃၇း ၁၀၂)

ထို(အခါ) သားတော်က အို-ခမည်းတော်၊ ခမည်းတော်သည် ပေးတော်မူခြင်းခံရသော အမိန့်တော် ကိုသာ လိုက်နာဆောင်ရွက်ပါ၊ အင်န်ရှာအလ္လာဟ် (အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင်) ခမည်း တော်သည် ကျွန်တော့်အား ခန်္တီတရား ထားရှိသူ တစ်ဦးအဖြစ် အမှန်ပင် တွေ့ရှိပါလိမ့်မည်ဟု ပြန်ကြား ခဲ့လေ၏။
ကုရ်အာန်(၃၇း ၁၀၂)

အလ္လာဟ်ဟုအက္ကဗရ် အလ္လာဟ်ဟုအက္ကဗရ် အလ္လာဟ်ဟုအက္ကဗရ် !!

သားတော်လေးဟာ ဖခင် တမန်တော်အီဗရာဟီးမ်(အ) ပြောတာကို လက်ခံပြီးတော့ သူ့ကို ဇဗဟ်လုပ်ဖို့ သဘောတူလိုက်တယ်
သားတော်လေး အိစ်မာအီးလ် (အ)လေးက ဖခင်ဖြစ်သူ တမန်တော်အီဗရာဟီးမ်ကို သူ့ခြေလက်တွေကို ကြိုးနဲ့ချည်နှောင်ထားဖို့နဲ့ ဖခင်မျက်လုံးကို အ၀တ်တစ်ခုနဲ့စည်းထားဖို့ပြောခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သားတစ်ယောက်ကို အဖေကိုယ်တိုင် ဇဗဟ်လုပ်မဲ့အချိန် သားလေးဟာ ကြောက်ပြီး မပြေးမိအောင်နဲ့ ဖခင်ဖြစ်သူက သားကို သနားပြီး မသတ်ရက်ဘဲ ဖြစ်နေမှာဆိုးလို့ဖြစ်ပါတယ်။ နဗီတမန်တော်တွေဟာ မိမိဖန်ဆင်း၇ှင်ကို အဲ့လောက်ထိချစ်ခဲ့တယ်။

ဖခင်လည်း မျက်လုံးမှာ အ၀တ်စည်းပြီးတော့ သားတော် လည်ဂုတ်ပေါ် ဓားတင်ပြီး လှီးလိုက်တယ်
အဲ့အချိန်မှာ အလွန်ထက်တဲ့ ဓားဟာ မပြတ်ခဲ့ဘူး။ နဗီက သူ့ ဓားများတုံးနေလားဆိုပြီး အနီးမှာ၇ှိတဲကျောက်ဆောင်ကို လှမ်းပိုင်းလိုက်တယ်။ ကျောက်ဆောင်ဟာ အစိတ်စိတ် ကွဲ သွာခဲ့တယ်။ ဒီလိုနဲ့ သားတော် လည်ပင်းကို ဓားနဲ့ ထပ်ပိုင်းလိုက်တယ်။ ပြီးတော့ မျက်လုံးကအ၀တ်ကိုဖြည်ပြီးကြည့်လိုက်တော့သားတော်လေးမဟုတ်ဘဲ သေနေတဲ့ သားကောင်တစ်ကောင်ဖြစ်နေပြီး သားတော်လေးဟာ ဘေးမှာ၇ှိနေခဲ့တယ်။အဲ့အချိန်မှာ မြင့်မြတ်လှတဲ့ အလ္လာဟ် (စွဗ်ဟားနဟူ ၀သအားလာ) က ဂျန္မသ်မှာ၇ှီတဲ့ သားကောာင်တစ်ကောင်နဲ့အစားထိုးပေးလိုက်ပြီး တမန်တော်အီဗရာဟီးမ် ကို စမ်းသပ်မှုမှာ အောင်မြင်မှုပေးလိုက်တာဖြစ်ပါတယ်။

ထို့နောက် ထို(သားအဖ) နှစ်ပါးလုံးသည် အမိန့်တော်ကို လိုက်နာပြီး ထိုအီဗ်ရာဟီမ်သည် (လှီးဖြတ်ရန်) ထိုသားတော်အား မှောက်လျက် လှဲခဲ့လေသောအခါ။ကုရ်အာန်(၃၇း ၁၀၃)

ငါအရှင်မြတ်သည် ၎င်းအား (ဤသို့) အသံပြု တော်မူခဲ့၏။ အို-အီဗ်ရာဟီမ်၊ကုရ်အာန်(၃၇း ၁၀၄)

ဧကန်မလွဲ အသင်သည် အိပ်မက်ကို အမှန် အကန် ဆောင်ရွက်ခဲ့လေပြီ။ ဧကန်အမှန် ငါအရှင်မြတ် သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။ကုရ်အာန်(၃၇း ၁၀၅)

ဧကန်မလွဲ ဤသည် ထင်ရှားစွာသောစမ်းသပ် မှုတစ်ရပ် အမှန်ပင်ဖြစ်၏။
၎င်းပြင် ငါအရှင်မြတ်သည် ကြီးကျယ် မြင့်မြတ်လှစွာသော သတ်ဖြတ်အပ်သည့်သားကောင် တစ်ကောင်ဖြင့် (အစားထိုး၍) ထိုသားတော်အား ရွေးယူတော်မူခဲ့၏။ကုရ်အာန်(၃၇း ၁၀၆)

၎င်းပြင် ငါအရှင်မြတ်သည် နောင်လာနောက် သားတို့တွင် ထိုအီဗ်ရာဟီမ်နှင့်ပတ်သက်၍ (၎င်းအား ကောင်းမွန်စွာ သတိရခြင်းကို) ရှိစေတော်မူခဲ့၏။ကုရ်အာန်(၃၇း ၁၀၇)

အီဗ်ရာဟီမ်၏အပေါ်ဝယ် စလာမ် ချမ်းမြေ့ သာယာမှုသည် ကျရောက်ပါစေ။ကုရ်အာန်(၃၇း ၁၀၈)

အလ္လာဟ်အရှင်မြတ်ဟာ သားကောင်နဲ့ အစားထိုးလဲလှယ်လိုက်ခြင်းဟာ အလ္လာဟ်အရှင်မြတ်အတွက် ဘာအသွေးအသားမှ ပူဇော်ပသဖို့မလိုဘူးဆိုတာ သပ်သေပြလိုက်တာဖြစ်ပါတယ်။ဒါဟာ ဖန်ဆင်းရှင်ဟာ လူတွေဆီကနေ ဘာမှ မျှော်လင့်တောင့်တမှုမ၇ှိဘူးဆိုတဲ့ သက်သေတစ်ခုဖြစ်တဲ့ အပြင် လူသားတွေ လိုအပ်တဲ့ အရာအတွက် ဖန်ဆင်းရှင်ဟာ မလိုအပ်ဘူးဆိုတာ သက်သေပြလိုက်တာဖြစ်တယ်။

အလ္လာဟ်ဟုအက္ကဗရ် ( အလ္လာဟ်အရှင်မြတ်သည်သာလျှင် အကြီးကျယ်ဆုံးအရှင်ဖြစ်တော်မူသည်)

ဒါဟာ တမန်တော် အီဗ်ရာဟီးမ် (အ) ဟာ ကု၇်ဘာနီ စွန့်လွတ်မှုကို အောင်မြင်စွာနဲ့ လုပ်ဆောင်နိုင်ခြင်းရဲ့ သက်သေအဖြစ်
နှစ်စဉ်နှစ်တိုင်း ဇွလ်ဟဂ်ျလမှာ ကမ္ဘာပေါ်မှာရှိတဲ့ မွတ်စ်လင်မ်များက ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာဟ်ကို လာရောက် ဟဂ်ျပြုလုပ်ကြတယ်။ အာရ်ဖသ် မီနာ အစ၇ှိတဲ့ နေရာကို သွားပြီး တမန်တော်အီဗရာဟီးမ် (အ) နဲ့ သားတော် အီစ်မာအီးလ်(အ) တို့နေထိုင် ပြီး တရားဟောတဲ့ နေရာတွေကို သွားရောက်ကြပါတယ်။
ဇွလ်ဟဂ်ျ 10ရက်နေ့မှာ အစ္စလာမ်သာသနာဝင်တွေဟာ တမန်တော်တွေရဲ့ အလ္လာဟ့်ကို ချစ်တဲ့စိတ်နဲ့ စွန့်လွတ်တဲ့ စိတ်အတွက် အောက်မေ့ သတပြီး ကုရ်ဘာနီသားကောင် (နွား (သို့) ကုလားအုတ် (သို့) ဆိတ် (သို့) သိုး) ကို ဇဗဟ်လုပ်ကြပါတယ်။ဒါဟာ ယဇ်ပူဖော်ခြင်းမဟုတ်ပါဘူး ။

တစ်ခုသိထားရမှာက Eid al adha နေ့ဟာ အောင်မြင်မှုရဲ့ အီးဒ်မဟုတ်ပါဘူး စွန့်လွတ်ခြင်းရဲ့ အီးဒ်ဖြစ်ပါတယ်။

အီမာန်ရှင်တိုင်းရဲ့ ကုရ်ဘာနီကို အလ္လာဟ်လက်ခံပါစေ…အာမီးန်

No comments:

Post a Comment