Tuesday, 20 October 2015

ဒီချုပ်ပါတီအလံနှင့် စတစ်ကာဖြန့်ဝေသူ မြန်မာလေးဦးကို စင်ကာပူရဲတပ်ဖွဲ့က ၀န်ခံကတိထိုးခိုင်း

 အင်န်အယ်လ်ဒီပါတီအ လံနှင့် စတစ်ကာများကိုအခမဲ့ပေး ဝေခဲ့သူ မြန်မာလေးဦးကို စင်ကာ ပူရဲတပ်ဖွဲ့က စစ်ဆေး၍ ၀န်ခံက တိထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက် ကြောင်းသတင်းရရှိသည်။


အောက်တိုဘာ ၁၈ရက် မွန်း လွဲပိုင်းက ပင်နီစူလာပလာဇာရှေ့တွင် အင်န်အယ်လ်ဒီပါတီအလံနှင့် စတစ်ကာများကို မြန်မာနိုင်ငံသားများအား အခမဲ့ပေးဝေသူလေးဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အောက်တိုဘာ ၁၉ရက် နံနက် ၃နာရီအထိ စစ်ဆေးကာ ထပ်မံပြုလုပ်ခြင်းမရှိစေရန် ၀န်ခံကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ဖမ်းဆီးစစ်ဆေးခံရသူ မအိမ့်သဉ္ဇာထွန်းက ပြောသည်။

‘‘သူတို့နိုင်ငံရေးနဲ့တော့ မ ဆိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လူတွေက စုဝေးနေတော့ သူတို့ လည်း လန့်တာပေါ့။ နောက်ပြီး ဒါ လုပ်တာဆိုရင် ကြိုတင်ခွင့်ပြုချက် တောင်းရတယ်။ အဲဒါကြောင့် ခေါ် ပြီးစစ်ဆေးတာလို့ ပြောပါတယ်’’ ဟု မအိမ့်သဉ္ဇာထွန်းက ပြော သည်။

စင်ကာပူရောက် မြန်မာများ ၏ ကြိုတင်မဲပေးရသည့် ငါးရက် မြောက်နေ့အဖြစ် အောက်တိုဘာ ၁၉ ရက်က လူဦးရေ ၂,၃၀၀ကျော်လာရောက်မဲပေးခဲ့ကြောင်း သတင်းရရှိသည်။ ကြိုတင်မဲပေးရသည့် ငါးရက်အတွင်း စုစုပေါင်း လူဦးရေ ၁၅,၀၀၀ခန့် လာရောက်မဲပေးကြောင်း သတင်းရရှိသည်။ စင်ကာပူရောက်မြန်မာများ  မဲပေးမှုကို အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်အထိ သတ်မှတ်ထားသော်လည်း အချိန်မလုံလောက် ၍ အောက်တိုဘာ ၂၁ ရက်အထိ သတ်မှတ်ကာ သုံးရက်ထပ်တိုး ထားသည်။

No comments:

Post a Comment