Thursday, 26 November 2015

သုခမိန်နှင်ကင်းမြီးကောက်

မိတ်ဆွေအစ္စလာမ်ညီိနောင်အပေါင်းတို့ သေသေချာချာဖတ်၍အစ္စလာမ်
_________________________________________________
ညီနောင်တို့ အားအမျှဝေငှပါ။
________________________

သုခမိန်နှင်ကင်းမြီးကောက်
_____________________

မြစ်ကမ်းနံဘေးတနေရာ၌ အိုမင်းမစွမ်း သုခမိန် တစ်ယောက် ပတ်ဝန်းကျင်၏ အလှအပကိုထိုင်ပြီး ခံစားရင်း ပါစပ်ကလည်း တတွတ်တွတ် ရွတ်နေလေသည်။ရုတ်တရက် ကင်းမြီးကောက်တစ်ကောင် ရေထဲကျသွားသည်ကို ၀ိုးတ၀ါးလေး လှမ်းမြင်လိုက်သည်။ ထိုကင်းမြီးကောက် ရေထဲ၌ အသက်လုနေသည်ကို မြင်သော် သူသည် ရေထဲမှ ဆယ်တင်ပေးရန် ဆုံးဖြတ်ပြီး လက်ကိုဆန်.တန်.ကာ လှမ်းကယ်ပါလေတော.သည်။ထိုအခါ
ကင်းမြီးကောက်လည်း သူ့၏လက်ကို ကိုက်ထည်.လိ...ုက်လေရာ ထိုသူ ငယ်သံပါအောင် အော်ပြီး လက်ကိုအမြန်ပြန်ရုတ်လိုက်ရပါတော.သည်။
တခဏကြာသော် ထိုသူသည် ဒုတိယ တစ်ကြိမ် ကင်းမြီးကောက်၏ အသက်ကိုကယ်ရန် လက်ကိုပြန်ဆန်.လိုက် ရာ ကင်းမြီးကောက်လည်း သူ့၏လက်ကို ဒုတိယအကြိမ် ကိုက်ထည်.လိုက်ပြန်သည်။
ထို.နောက် သူ တတိယ တစ်ကြိမ် အသက်ကယ်ရန် ပြင်ဆင်သော် ၊အနီးအနား၌ ထိုအဖြစ်အပျက် ကို ထိုင်ကြည်.နေသော
လူတစ်ယောက်ရှိလေရာ ထိုသူက (အို သုခမိန် အသင် သည် ပထမ အကြိမ် ဒုတိယ အကြိမ် မှာကတည်း က သင်ခန်းစာ ယူသင်.ပါပြီး ။
ယခု အသင် တတိယ အကြိမ် အသက်ကယ်ရန် ကြိုးစား ပြန်ပြီးလား?) သုခမိန် လည်း ထိုသူ၏ ငေါက်ငမ်းမှု ကို ဂရုမမူဘဲ ကင်းမြီးကောက်
အသက်ကို ရေထဲမှ ရအောင်ဆယ်ယူပြီး ကယ်တင်ပေးလိုက်လေသည်။
ထို.နောက် သုခမိန် သည် ထိုသူရှိရာ သို.လျောက်သွားပြီး ပခုံးကို သပ် ကာ ဆိုလေသည်။( အို ချစ်သား ကင်းမြီးကောက် ၏ ဗီဇ သည် ကိုက်ခဲ ခြင်းပင်ဖြစ်သည်။ ကျွန်ုပ် ၏ ဗီဇသည် ချစ်ခင်မြတ်နိုးခြင်း ၊ဂရုဏာထားခြင်းပင်ဖြစ်သည်။
သို.ဖြစ်လေရာ ကင်းမြီးကောက် ၏ ဗီဇ သည် ကျွန်ုပ်၏ ဗီဇ အပေါ်လွှမ်းမိုး အောင် အသင်မကြိုးစားပါလေနှင်.။)

(( လူအပေါင်းကို ဆက်ဆံရာဝယ် မိမိ၏ ဗီဇဖြစ်သော ဖြောင်.မတ်မှန်ကန်သော ဂရုဏာနှလုံးသားဖြင်.သာ
ဆက်ဆံပါလေ။လူတို.ဆိုးသွမ်း ယုတ်မာမှု ကြောင်.မိမိ နာကျင်ဆုံးရူံးရသည်.တိုင်အောင် ဆိုးသွမ်းသူတို.၏
ဗီဇ မိမိအပေါ်လွှမ်းမိုးပြီး မိမိကိုယ်ကိုမပျက်ဆီးပါစေနှင်.))

قال الله تعالى
وَلَا تَسْتَوِي الْحَسَنَةُ وَلَا السَّيِّئَةُ ادْفَعْ بِالَّتِي هِيَ أَحْسَنُ فَإِذَا الَّذِي بَيْنَكَ وَبَيْنَهُ عَدَاوَةٌ كَأَنَّهُ وَلِيٌّ حَمِيمٌ (34)
ကျမ်းတော်မြတ် ကုရ်အာန်
အလိုသဘောမှာ ။ ။၃၄။ အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်း မှုတို့မှာ တူကြသည်မဟုတ်ပေ၊ (သို့ဖြစ်ပေရာ) အသင် သည် (မကောင်းမှုကို) ကောင်းမှုဖြင့် ခုခံတွန်းလှန် ပါလေ။ သို့ဖြစ်လျှင် အကြင်သူနှင့် အသင်၏အကြား ၌ ရန်ငြိုးရှိ၏။ ထိုသူသည် မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။
ရှင်းလင်းချက်။ ။ အထက်တွင် အလ္လာဟ်အရှင်မြတ်အား နှလုံးသည်းပွတ်တွင်းမှ နှစ်နှစ်ကာကာယုံကြည်၍ ယင်းသည့် ယုံကြည်ချက်ပေါ်၌ပင် အသက်ထက်ဆုံး တည့်မတ်စွာ ရပ်တည်နေခဲ့ကြသော မုအ်မင်န်သူတော်စင်များ၏ အကျိုးဆက်ကို မိန့်ဆိုထားတော်မူသည်။ ယခု ဤအာယသ်တော်များတွင် ယင်းသည့် မုအ်မင်န်သူတော်စင်များ၏ မြင့်မြတ်လှသော ဂုဏ်ရည်များကို မိန့်ဆိုထားတော်မူသည်။
လူ့လောကတွင် အကောင်းမြတ်ဆုံးသောပုဂ္ဂိုလ်ကား အခြားမဟုတ်၊ အကြင်ပုဂ္ဂိုလ်သည် လူသားတို့အား အလ္လာဟ်အရှင်မြတ် ဘက်တော်သို့ ဖိတ်ခေါ်၏။ မိမိကိုယ်တိုင်လည်း ထိုအရှင်မြတ်၏ ဒေသနာတော်များနှင့်အညီ ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကျင့်မူ၏။ ထို့ပြင်တစ်ဝ ကျွန်ုပ်သည် ‘‘မွတ်စ်လင်မ်’’ တစ်ဦး ဖြစ်ပါသည်ဟု ဂုဏ်ယူပြောဆို၏ ထိုသူကား အကောင်းမြတ်ဆုံးပင်။ ပွင့်လေသမျှသော တမန်တော်အပေါင်းတို့ သည် အထက်ပါအတိုင်း ဖိတ်ခေါ်ခဲ့ကြ၏။ တမန်တော်မြတ်သည်လည်း ဤအတိုင်းပင် ဖိတ်ခေါ်တော်မူခဲ့၏။ တမန်တော်မြတ်၏ (ဆွဟာဗဟ်) သာဝကကြီးများသည်လည်း တမန်တော်မြတ်၏ လမ်းစဉ်ကိုပင် အသက်ထက် ဆုံး ဖဝါးခြေထပ် လိုက်နာကျင့်သုံးခဲ့ကြ၏။
အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဖိတ်ခေါ်သောပုဂ္ဂိုလ်များ၌ ကောင်းမြတ်သော ကိုယ်ကျင့်တရားများ မုချရှိရပေမည်။ အကောင်းဆုံးနှင့် အဆိုးသည်မတူ။ အကျိုးဆက်ခြင်းလည်း မတူ။ အကောင်းသည် ကောင်းကျိုး ပေး၏။ အဆိုးသည် ဆိုးကျိုးပေး၏။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ် ဘက်တော်သို့ ဖိတ်ခေါ်သော ပုဂ္ဂိုလ်မွန် တစ်ဦးသည် အဆိုးကို အဆိုးဖြင့်မတုံ့ပြန်ရာ။ အဆိုးကိုအကောင်းဖြင့်သာ တုံ့ပြန်ရာသည်။ ဥပမာ- သူတစ်ပါးက မိမိအား မကောင်းပြုပါကလည်း မိမိကမူ ထိုသူအား အကောင်းပင်ပြုရမည်။ သူတစ်ပါးက မိမိအား ရိုင်းပြစွာ ဆက်ဆံပါကလည်း မိမိကမူ ယဉ်ကျေးသိမ်မွေ့စွာပင် ဆက်ဆံရမည်။ သူတစ်ပါးက မိမိအား ဆဲဆိုရေရွတ်ပါက လည်း မိမိကမူ ချိုအေးယဉ်ကျေးသော စကားကိုပင်ဆိုရမည်။ သူတစ်ပါးက မိမိအပေါ်၌ ဒေါသထားပါကလည်း မိမိကမူ ထိုသူ့အပေါ်၌ မေတ္တာပင်ထားရမည်။

المسلم الحق مسلم ذو أخلاق حميدة وخصال طيبة صالحة ، وخاصة
إذا تعامل مع الناس بجميع أنواعها من الاقارب و الاصحاب وحتى
الاعداء و الجهلاء ،فالتعامل بين الناس فى الاسلام يحتاج لخلق العفو
و التسامح و هو الخلق الذى ترتاح به القلوب و تزال به الضغائن
و الحقود )မွတ်စ်လင်မ်ဟူသည် သစ္စာသမာဓိရှိသူ ကိုယ်ကျင်.သီလသိက္ခာသမာဓိ ပြည်.စုံသူပင်ဖြစ်သည်။
လူအပေါင်းဖြင်. ဆက်ဆံရာဝယ် ဆွေးမျိုးသားချင်း မှ အစပြု၍ ပညာမဲ.သူ ၊ရန်သူပင် ဖြစ်လင်.ကစား
ခွင်.လွတ်တတ်သော နှလုံးသာ ဖြင်.လှိက်လှဲရိုကျိုးစွာ ပေါင်းသင်းအပ်ရာ၏။
တမန်တော်မြတ်ကြီး(ဆွ) ၏ ရိုကျိုးမှု၊မိမိကိုယ်ကို ထိခိုက်အနာကျင်ခံပြီး ကောင်းသော အကျင်.သီလ ဖြင်.ရန်သူအပေါ်
ကိုပင် ဂရုဏာထား ချစ်ခင်မှုတို.ကြောင်. အစ္စလာမ်နှင့်တမန်တော်မြတ်ကြီး(ဆွ) အပေါ် အသည်းခိုက်မတတ် နားကျည်းမုန်းတီးခဲ.
သော ရန်သူတော်ကြီး အဗူစွဖ်ယာန်း အစပြု၍ အလုံးစုံသော ရန်သူ တို.သည် ၊အဆုံးတွင် အစ္စလာမ်အပေါ်အသက်မက
ချစ်မြတ်နိုးကြသော ၊နှစ်ကိုယ်.တစ်စိတ် ရင်ချင်းအပ်အဆွေခင်ပွန်း အစ္စလာမ်ညီနောင်ဝင် များအဖြစ် ပြောင်းလည်း ကာ နှစ်ဘ၀နှစ်ငှာန ၏အောင်မြင်သူ
များပင် ဖြစ်လာကြပေတော.သည်။
ဟဒီးစ်တရားတော်စာအုပ်များမှသိရသမျှဝေငှလိုက်တာပါ

ဝဏ-၀ဏသီရိ(Facebook.com)
Was-salam.

No comments:

Post a Comment