Sunday, 22 November 2015
ဇမ်ဇမ်(ZamZam) ရေတွင်းဖြစ်ပေါ်လာပုံ။
ဇမ်ဇမ်(ZamZam) ရေတွင်းဖြစ်ပေါ်လာပုံ။
   တမန်တော် အီဗ်ရာဟီမ် (အလိုင်စလာမ်) ၏ခေတ်အချိန်သမယတွင်ဖြစ်သည်။
အီဗ်ရာဟီမ်(အလိုင်စလာမ်) သခင် တွင် ဘီဘီဆာရဟ်သခင်မနှင့်
ဘီဘီဟာဂျရာဟ် သခင်မ ဟူသော ကြင်ယာတော်နှစ်ပါးရှိခဲ့သည်။ တမန်တော်
အီဗ်ရာဟီမ်(အလိုင်) ၏သက်တော် ၆၀ကျော်သည့်တိုင် ထိုသခင်မနှစ်ဦးလုံးမှာ
သားသမီးထွန်း
ကားခဲ့ခြင်းမရှိပေ။ အီဗ်ရာဟီမ်(အလိုင်စလာမ်) သည် အလ္လာဟ်ထံပါးတွင်
သာသမီးထွန်းကားစေရန် ဒိုအာတောင်းခံခဲ့သည်။
အီဗ်ရာဟီမ်(အလိုင်)သခင် သက်တော်(၆၄)နှစ်တွင်ဒုတိယမြောက်ကြင်ယာတော်
ဘီဘီဟာဂျေရာဟ် သခင်မထံမှ သားဦးလေးကို ရရှိခဲ့သည်။
အသက်ကြီးမှ ပထမဦးဆုံး ရရှိခဲ့သော သားဦးလေးကိုအီဗ်ရာဟီမ် (အလိုင်စလာမ်)
က အလွန်ချစ်မြတ်နိုးခဲ့သည်။
ထိုအချိန်တွင် အလ္လာဟ်အရှင်မြတ်ဘက်မှ အီဗ်ရာဟီမ်မ်(အလိုင်စလာမ်) သခင်ကို
စမ်းသပ်မှုတရပ်ကြရောက်လာသည်။
အို!အီဗ်ရာဟီမ် အသင်၏ကြင်ယာတော် ဘီဘီဟာဂျေရာဟ်သခင်မနှင့်
သားငယ်လေးကို မက္ကဟ်မြို့သို့သွားရာအရပ် /အစာရေစာမရှိသော
ခြောက်သွေ့နေသော ကွင်းပြင်သို့
စေလွှတ်ပါလေ"။
အလ္လာဟ်ဘက်မှ တမန်တော်အီဗ်ရာဟီမ်'(အလိုင်စလာမ်) အပေါ်သို့
အလွန်ကြီးကျယ်သော စမ်းသပ်မှုတရပ်ပင်ဖြစ်သည်။
ထိုစမ်းသပ်မှု ကို တမန်တော်အီဗ်ရာဟီမ်(အလိုင်စလာမ်) ကလက်ခံလိုက်သည်။
ထို့နောက် အီဗ်ရာဟီမ်(အလိုင်)သည်
မိမိ၏နို့စို့အရွယ်သားငယ်လေးနှင့်ကြင်ယာတော် ဘီဘီဟာဂျရဟ် သခင်မကို
ခေါ်ကာ အစာရေစာမရှိသောကွင်းပြင်သို့
သွားရောက်ထားခဲ့သည်။ စားသောက်ရန်အတွက်စွန်ပလွံသီးတစ်အိတ်နှင့်
ရေတပုံးပေးတော်မူခဲ့သည်။
ဘီဘီဟာဂျေရာဟ်သခင်မက တမန်တော်အီဗ်ရာဟီမ်အား အို!
အလ္လာဟ်အရှင်မြတ်၏တမန်တော် ဤသည်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်
ဟုတ်ပါသလား?
ဟုမေးမြန်းခဲ့ရာ အီဗ်ရာဟီမ် (အလိုင်စလာမ်) ကဟုတ်မှန်ပါသည် ဟု
ဖြေကြားခဲ့သည်။
ထိုဖြေကြားချက်ကို နားထောင်ပီး ဘီဘီဟာဂျေရာဟ် သခင်မ က *အကယ်၍
အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် သည် သို့ဖြစ်ပါကကျွန်မတို့သားအမိ
တွက် မည်သည့် စိုးရိမ်မှုမှမရှိပါဟု ဖြေကြားခဲ့သည်။
ထို့နောက် အီဗ်ရာဟီမ် (အလိုင်စလာမ်) သည် မိမိ၏ မိသားစုလေးကို ထားကာ
ထွက်ခွာလာခဲ့သည်။ ထွက်ခွာလာသောအခါ အလ္လာဟ်ထံပါးတွင် *မိမိ၏
မိသားစုလေး
အန္တရာယ် အမျိုးမျိုးမှ ကင်းဝေးရန် ဒိုအာ ပြုခဲ့သည်။
************** ***** ****************
တမန်တော် အီဗ်ရာဟီမ် ပြန်သွားပီး ရက်အနည်းငယ်အကြာတွင်
ဘီဘီဟာဂျေရာဟ်သခင်မတို့မှာစားနပ်ရိက္ခာပြတ်တောက်သွားသည်။
သားအမိနှစ်ဦးမှာ အစားငတ်သောဒုက္ခနှင့်ရင်ဆိုင်ခဲ့ရသည်။ထိုအခါ သခင်မသည်
သားငယ်လေးကို ထားကာရေရှာထွက်ခဲ့သည်။ အနီးရှိ ဆွဖါနှင့်မရ်ဝါဟ်
တောင်ကြား
တွင်ရေရှာခဲ့သည်။ ထိုသို့ရေရှာရင်း သားငယ်လေးကိုစိတ်မချ၍
တောင်ပေါ်သို့ပြေး၍တက်ကြည့်ခဲ့သည်။
ဆွဖါတောင်နှင့်မရ်ဝါဟ် တောင်ပေါ်သို့ (၇')
ကြိမ်တိတိပြေးလိုက်တက်လိုက်ဆင်းလိုက်ပြုလုပ်ခဲ့သည်။သားငယ်လေးမှာ
(အစ္စမားအီးလ်သခင်)
မိခင်မရှိ၍ ကလေးတို့၏ဗီဇအတိုင်း
မိမိခြေဖနောင့်များကိုမြေကြီးပေါ်သို့စောင့်ရင်းငိုကြွေးနေသည်။ထိုအခါ
အလ္လာဟ်အရှင်မြတ်က ဂျီဗ်ရီးလ် '(အလိုင်')အား
ကလေးငယ် ခြေစောင့်နေသောနေရာကို အတောင်ပံဖြင့်ရိုက်ပြီး ရေဖေါ်ထုတ်ပေးရန်
မိန့်ခဲ့သည်။
ဂျီဗ်ရီးလ်(အလိုင်စလာမ်) အလ္လာဟ်အရှင်မြတ်အမိန့်တော်အရအဆိုပါနေရာမှ
ရေဆူပေါက် ဖော်ထုတ်ပေးခဲ့သည်။မိခင် ဘီဘီဟာဂျေရာဟ်သခင်မ သည်
မရ်ဝါတောင်ပေါ်မှ
နေ၍ သားငယ်ကို လှမ်းကြည့်သောအခါသားငယ်လေးအနားမှ
ရေများပန်းထွက်နေသည်ကို မြင်ပီးအလွန်ဝမ်းသာ၍ ""ဇမ်ဇမ်"" ဟုအော်ကာ
တောင်ပေါ်မှပြေးဆင်းလာသည်။သားငယ်လေးအနားကိုအပြေးသွားကာ
ရေဆူပေါက်ကို ဝိုင်းကာလိုက်လေသည်။
ဘီဘီဟာဂျေရာဟ် သခင်မ ၏ ပါးစပ်မှထွက်လာသောစကားလုံးဖြင့် ထို
ရေတွင်းအမည်မှာ ဇမ်ဇမ်(ZamZam)
ရေတွင်းဟု ယနေ့တိုင် ထင်ရှားဆဲဖြစ်သည်။
******************************************
ဇမ်ဇမ်(ZamZam)ဆိုသည်မှာစူရ်ယာနီ ဘာသာစကားဖြစ်သည်။"ရပ်ပါ ရပ်ပါ
"ဟုအဓ္ဓိပ္ပါယ် ရသည်။
မှတ်ချက်။ ။ ဘီဘီဟာဂျရာဟ်သခင်မ၏ ဆွဖါတောင်နှင့်မရ်ဝါဟ်တောင်ပေါ်သို့
ခုနှစ်ကြိမ် အတက်အဆင်းအပြေးအလွှားပြုလုပ်ပုံကို
နှစ်သက်တော်မူ၍ *ဟဂ်ျ ပြုလုပ် ခြင်းတွင်စအီ* အမည်ဖြင့် *ဆွဖါနှင့်မရ်ဝါဟ်*
တောင်များပေါ်သို့
အတက်အဆင်းနှင့်အပြေးအလွှား၇ကြိမ်ပြုလုပ်ခြင်းကိုဝါဂျိဗ်တာဝန်အဖြစ်
သတ်မှတ်ပေးတော်မူ၏။(ဝါဂျိဗ်)
အစ္စလာမ်အကြောင်းသိကောင်းစရာ နှင့် သတင်းများမှဖတ်ယူ
မှတ်၍ဖော်ပြပါသည်။
     အစ္စလာမ်အကြောင်းသိကောင်းစရာများကိုမျှဝေကြပါ။
                                            ၀ဏ-၀ဏသီရိ
1 comment:
  1. သာသနာအကြောင်းသိကောင်းစရာ
    ReplyDelete