ဘက္ကရီအစ်နေ့ ကMMရောင်နတ်ဗလီမှမိတ္ထီလာတွင်အသားများဝေငှ
အောက်တိုဘာလ ၆-ရက်နေ့တွင် ကျရောက်ခဲ့သည့် အီးဒ်နေ့တွင် မိတ္ထီလာမြို့ရှိ ဆင်းရဲနွမ်းပါးသူများ၊ အကြမ်းဖက်ခံ ဒုက္ခသည်များအတွက် MM နောင်နတ်ဗလီမှ အသားများ ပေးဝေလှူဒါန်းခဲ့ကြောင်း သိရပါတယ်။
MM ရောင်နတ်ဗလီမိသားစုဝင်များမှ ကုရ်ဘာနီပြုလုပ်ရန် နွား ၃၅-ကောင် လှူဒါန်းခဲ့ပြီး မိတ္ထီလာမြို့ပေါ်ရှိ အကြမ်းဖက်ခံ ဒုက္ခသည် စခန်းများဖြစ်သည့် ရေအရင်းအမြစ်၊ ပို့ဆက်၊ ခရိုင်ကွင်း၊ အုတ်ဖို၊ မကျီးကုန်း၊ သာသနာ့ရဏ္ခီတ စခန်းများ၊ ဒုက္ခသည်များ ပြန်လည်နေထိုင်လျက်ရှိသည့် ချမ်းအေးရပ်ကွက်နှင့် စက်ပြစ်တောင်ကျေးရွာ အစရှိသည့် နေရာ ၈-ခုမှ ဆင်းရဲသူများ အိမ်ထောင်စု စုစုပေါင်း ၁၄၀၀ ကျော်ကို တစ်အိမ်ထောင်လျှင် အသား ၂-ပိသာခွဲစီလှူဒါန်းခဲ့ကြောင်းသိရပါတယ်။
အလွန်မွန်မြတ်လှသောလုပ်ရပ်ဖြစ်သည့် ဤကဲ့ သို့ သောကွန်ဘာဏီ
အတွက်အစ္စလာမ်ဘာသာဝင်များဂုဏ်ယူစရာမဟုတ်ပါလား၊အာမိန်း......အလ္လာအရှင်ထံမှရာမက်
မင်္ဂလာအပြာပြာကြရောက်ပါစေကြောင်းဆုတောင်းလိုက်ရပါတယ်။
No comments:
Post a Comment