Saturday, 25 October 2014

ဟစ်ဂျရီနှစ်သစ်အားကမ္ဘာတစ်ဝှမ်းရှိမွတ်စလင်များကြိုဆို...


ဟစ်ဂျရီနှစ်သစ်အားကမ္ဘာတစ်ဝှမ်းရှိမွတ်စလင်များကြိုဆို...
----------------------------------------------------------------
 October 25, 2014
 အောက်တိုဘာ ၂၅ ရက်နေ့တွင် ကျရောက်သည့် အစ္စလာမ်ဘာသာဝင်တို့၏ ဟစ်ဂျရီနှစ်သစ်ကို ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ့် ဓမ္မပညာရှင်များနှင် မွတ်စလင်များက ကြိုဆိုခဲ့ကြသည်။

ဟစ်ဂျရီပြက္ခန်ဒိန်မှာ လကိုအခြေခံတွက်ချက်ခြင်းဖြစ်ပြီး နက္ခတဗေဒဆိုင်ရာ တွက်ချက်မှုများအရ

ဟစ်ဂျရီနှစ်သစ် ၁၄၃၆ ခုနှစ်မှာ အောက်တိုဘာ ၂၅ ရက် စနေနေ့တွင် ကျရောက်သည်ဟု သိရသည်။

အီဂျစ်နိုင်ငံရှိ အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ရှေ့ဆောင်ဆရာတော်ကြီး အဟ်မဒ် အလ်-တိုင်ယစ်ဘ်က ဟစ်ဂျရီနှစ်သစ်ကျရောက်ခြင်းနှင့် ပတ်သက်၍ အီဂျစ်ပြည်သူများ၊ အာရပ်နှင့် အစ္စလာမ့် နိုင်ငံများအား နှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့သည်။

ထို့ပြင် အခြားသော အစ္စလာမ်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဓမ္မ ပညာရှင်များကလည်း ဟစ်ဂျရီနှစ်သစ် အတွက် နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး၊ အမေရိကန်သမ္မတ ဘာရက်အိုဘားမား၊ စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းတို့ကလည်း အစ္စလာမ် ဘာသာဝင်တို့၏ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။

အစ္စလာမ့် ဟစ်ဂျရီနှစ်သစ်အား ကမ္ဘာတစ်ဝှမ်းလုံးမှ မွတ်စလင်များက ၀တ်ပြုခြင်း၊ ကောင်းမှုကုသိုလ်များဆောင်ရွက်ခြင်း၊ နှစ်အသစ်အတွက် ဆုမွန်ကောင်းတောင်းခြင်း စသည့် ကောင်းမြတ်သော လုပ်ရပ်များဖြင့် ကြိုဆိုကြမည်ဖြစ်သည်။

ဟစ်ဂျရီပြက္ခဒိန်မှာ ခရစ်သက္ကရာဇ် ၆၂၂ တွင် တမန်တော် မုဟမ္မဒ်သခင် (ဆွ) မက္ကာမြို့မှ မဒီနာမြို့သို့ ပြောင်းရွှေ့ကြွမြန်းသွားပြီး နောက်ပိုင်းမှ စတင်ရေတွက် ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပြောင်းရွှေ့မှုကို အာရဗီ စကားလုံးအရ “Hijrah” ဟု ခေါ်ဝေါ်ပြီး၊ ထိုအခေါ်အဝေါ်အား အစွဲပြု၍ အစ္စလာမ့်ပြက္ခဒိန်ကို ဟစ်ဂျရီ ခုနှစ်ဟု သမုတ်ခဲ့ခြင်းဖြစ်သည်။ မုဟမ္မဒ်သခင်၏ ထိုပြောင်းရွှေ့မှုမှာ အစ္စလာမ်သာသနာအား လွတ်လပ်စွာ ကျင့်သုံးခွင့်ရရန်အတွက် ဖြစ်ပြီး အစ္စလာမ့်သမိုင်း၏ အလှည့်အပြောင်း တစ်ခုလည်း ဖြစ်ခဲ့သည်။

No comments:

Post a Comment