Friday, 31 October 2014

၈ျာနယ်တစောင်တွင်ဘာသာရေးစော်ကားမှု့ ကိစ္စပါဝင်သည့် သတင်းစာရှင်းလင်းပွဲ မန္တလေးမှာဘာသာပေါင်းစုံမှပြုလုပ်ခဲ့ 

၈ျာနယ်တစောင်တွင်ဘာသာရေးစော်ကားမှု့ ကိစ္စပါဝင်သည့် သတင်းစာရှင်းလင်းပွဲ
မန္တလေးမှာဘာသာပေါင်းစုံမှပြုလုပ်ခဲ့ 

အောက်တိုဘာ ၃၁၊ ၂၀၁၄
ဘာသာတစ်ခုနှင့်တစ်ခု အမုန်းတရားမပွားကြစေရန် ဘာသာပေါင်းစုံ ငြိမ်းချမ်းမှုရှိစေရန်နှင့် ဂျာနယ်တစ်စောင်တွင် ဘာသာတရား တစ်ခုအား စော်ကားရေးသား ထားသည့် ကိစ္စ အပါအဝင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ‘ဘာသာကိုယ်စီ အေးချမ်းသည် ဒို့တတွေရှောင်ရှား အမုန်းတရား’ခေါင်းစဉ်ဖြင့်  မန္တလေးမြို့ရှိ ကံတက်ကုန်း မစိုးရိမ်ကျောင်းတွင် ယနေ့နံနက် ၉း၄၅ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဂဠုန်နီဆရာတော် ဦးကာဝိယ၊ ဘုရားကြီးရေတော်တိုက် ဆရာတော် ဦးဝိသုတ၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းဆရာတော် ဦးတေဇောဘာသနှင့် ဦးသီလစာရတို့ ကြွရောက် သြ၀ါဒ မိန့်ကြားခဲ့ကြပြီး ခရစ်ယာန် အသင်းတော်များ ကောင်စီ(မန္တလေး)၏ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဦးကျော်ရွှေ၊ ဟိန္ဒူဘာသာရေး အဖွဲ့ဝင် ဦးကံကောင်း၊ အစ္စလာမ့်ဘာသာဘက်မှ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) နှင့် အစ္စလာမ် သာသနာ ပရမတ္တ ဂိုဏ်းချုပ်ဆရာတော် ခလီဖွှဟ် ဦးသိန်းဝင်းအောင်တို့က ရှင်းလင်း ပြောကြားခဲ့ကြသည်။

ဂဠုန်နီဆရာတော်မှ သြ၀ါဒ မိန့်ကြားရာတွင် ယခုလက်ရှိ ဖြစ်နေသော အခြေအနေများအတွင် ငြိမ်းချမ်းရေးအား ဦးတည်ပြီး အာဏာပိုင် အဖွဲ့အစည်းမှလည်း အဂတိ မလိုက်စားဘဲ နိုင်ငံအေးချမ်းရေး အတွက် မေတ္တာထား ဆောင်ရွက်သင့်ကြောင်း၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ အနေနှင့်လည်း ပြည်ပ ရန်မှန်သမျှ မိမိတို့နှင့် မပတ်သက်ကြောင်း ရှင်းလင်းပြတ်စွာ ပြောကြားသင့်ကြောင်း၊ ဘာသာတစ်ခုနှင့် တစ်ခု ပုတ်ခတ်ပြောဆို ရေးသားခြင်း မပြုဘဲ မသမာသူတွေကို ၀ိုင်းဝန်း တိုက်တွန်းရှုံ့ချကြရန် မိန့်ကြားခဲ့သည်။

ဘုရားကြီး ရေတော်ဆရာတော် ဦးဝိသုတမှလည်း ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ဘာသာပေါင်းစုံ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကြောင်း၊ အမြတ်ဒေါသဖြင့် အကြမ်းမဖက်ကြဘဲ မေတ္တာသက်သက်ဖြင့် နေထိုင်ကြရန်၊ မီဒီယာများမှလည်း အမှန်အတိုင်း ရေးသားတင်ပြကြရန်၊ သူတော်မဟုတ်ပဲ သူယုတ်မာတွေရဲ့ ၀ါဒများကို လက်မခံပဲ အကြမ်းဖက်လုပ်ရပ် ပြောဆိုနေမှုများကို ရှုံ့ချကြောင်းနှင့် ဘာသာပေါင်းစုံက မေတ္တာထားပြီး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သင့်ကြောင်း မိန့်ကြားခဲ့သည်။

ခရစ်ယာန်ဘာသာမှ ဆရာ ဦးကျော်ရွှေမှလည်း “တရားရှာကိုယ်မှာတွေ့ဆိုသလို အေးချမ်းရေးအတွက် တစ်ဦးတစ်ယောက်ချင်းစီဆောင်ရွက်သင့်ကြောင်း၊ မိမိ၏ အတွင်းစိတ်ကို ပြုပြင်မှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို ဂျာနယ်တစ်စောင်က ဘာသာတရားတစ်ခုအား အပုတ်ချ ရေးသားခြင်းဟာ ငြိမ်သက်နေတဲ့ ကန်ရေပြင်ထဲ ခဲလုံးပြစ်ချ လိုက်သလိုဖြစ်ပြီး ခဲလုံး ပြစ်ချလိုက်ရင် လှုပ်ခတ်မည်ကို သိသိနဲ့ လုပ်ဆောင်လိုက်တာကြောင့် ကမ်းစပ်ကို လာရောက် ရိုက်ခတ်မှုတွေ ဖြစ်လာကြောင်း၊ ဘာသာရေး ခေါင်းဆောင်များအနေနှင့် ၀ိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်ပြီး မိမိကို ပြုစေလိုသမျှအတိုင်းသာ သူတစ်ပါးကို ကိုယ်တိုင် ပြုသင့်ကြောင်း ဆိုပါတယ်။ ကောင်းတယ်ဆိုတာ သူများကို မေတ္တာထားနိုင်ရမှာဖြစ်ပြီး ပဋိပက္ခတွေအတွက် ကောလဟလကို မကြားသော နား ဆွံ့အသောနှုတ်ဖြင့် အမုန်းသံသရာမပွားရအောင် နေခြင်းဖြင့် ငြိမ်းချမ်းမှုကို ရယူကြရန် ဆွေးနွေးတင်ပြခဲ့သည်။

အစ္စလာမ်ဘာသာမှ ဒေါက်တာမြင့်သိန်းမှလည်း ပြည်တွင်းပြည်ပက အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်း၊ ယခုလက်ရှိ ဖြစ်ခဲ့မှုများသည် ပဋိပက္ခ မဟုတ်ဘဲ တဘက်သက် အကြမ်းဖက်မှုများသာဖြစ်ခဲ့ကြောင်း၊ အစ္စလာမ် သာသနာတွင် လူသားဟာ ကမ္ဘာ့မိသားစု ဖြစ်တဲ့အတွက် အခြားဘာသာတစ်ခုက မှားယွင်းတယ်ဆိုရင်တောင် မကောင်း မပြောရန်၊ မတရားသဖြင့် လုပ်ဆောင်ခံရလျှင်သော်မှ တရားမျှတမှုကို မချိုးဖောက်ပဲ တရားသဖြင့် ဆောင်ရွက်ရန် အစ္စလာမ်ဘာသာတွင် သွန်သင်ချက်ရှိကြောင်းတို့ကိုပြောဆိုခဲ့ပြီး၊ ကောလဟလများကို ကြားတိုင်း မယုံကြည်ကြရန် ပြောဆိုခဲ့သည်။

ဟိန္ဒူဘာသာမှ ဆရာဦးကံကောင်းကလည် ပြည်တွင်းမှာ ဖြစ်ပျက်နေမှုအားလုံးသည် ဟန်ဆောင်မှုများနှင့် ကိုယ်လိုရာဆွဲနေကြပြီး ဘာသာတရားအား စော်ကားပြောဆိုမှုများကို ဥပေက္ခာမပြုသင့်ကြောင်း၊ မီဒီယာများအနေနှင့်လည်း မီဒီယာက လွတ်လပ်စွာဆိုတဲ့ ခေါင်းစဉ်အောက်မှာ သတိထားဖို့လိုကြောင်း၊ စီးပွားရေးအရ မီဒီယာလုပ်ဆောင်ပြီး ရောင်းကောင်းအောင် ဆောင်ရွက်ခြင်းဖြစ်လျှင် လက်မခံပါကြောင်း ပြောဆိုခဲ့သည်။

ခလီဖွှဟ် ဦးသိန်းဝင်းအောင်မှလည်း ယခုကဲ့သို့ မငြိမ်းချမ်းမှုများဖြစ်နေရခြင်းမှာ (၁) အကြမ်းဖက်မှုများ လုပ်ဆောင်နေခြင်း၊ (၂) Hate speech များ ဆောင်ရွက်သည်ကို တွေ့မြင်ရကြောင်း၊ ဂျာနယ်တစ်စောင်မှ အစ္စလာမ်သာသနာနှင့် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)သခင်အား စော်ကားရေးသားမှုများသည် အစ္စလာမ်ဘာသာဝင် လူငယ်များအား မခံရပ်နိုင်ဖြစ်ပြီး အကြမ်းဖက်သမားများအသွင် ပြောင်းသွားစေရန် ဆောင်ရွက်မှုအဖြစ် မြင်တွေ့နေရကြောင်း၊ မိမိတို့အနေနှင့် ယခုကဲ့သို့ စော်ကား ရေးသားမှုများကို မလိုလားကြောင်း ပြောဆိုခဲ့ပြီး သံသရာ ၀ဋ်ကြွေးဆိုတာ လက်ကိုင်ထားသည့် ဗုဒ္ဓဘာသာတရား၏ ဆုံးမစကားလည်း ရှိသလို မိမိတို့အနေဖြင့် သံသရာကြွေးတင်ရမှာလည်း ကြောက်ရွံ့ပါကြောင်း ပြောဆိုခဲ့သည်။

စူယာတွလ်သောင်ဘာဂဏ္ဍ(၉) အခန်း၁၆-၁၇-၁၈



၉-၁၆   အသင်တို့သည် မိမိတို့မှာ (စမ်းသပ်ခြင်းမခံရဘဲအေးချမ်းစွာ) စွန့်လွှတ်ထားခြင်းကို ခံကြရလိမ့်မည်ဟု ထင်မြင်ယူဆကြပါသလော။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်(ယခုထက်တိုင်)အသင်တို့အနက်မှ (ထိုအရှင်မြတ်၏လမ်းတော်၌) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့အားလည်းကောင်း၊အလ္လာဟ်အရှင်မြတ်၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်နှင့်မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အပြင် အခြားသူတို့ကိုချစ်ကျွမ်းတ၀င် မပြုကြသော သူတို့အားလည်းကောင်း၊ သိ(မြင်)တော်မမူသေးချေ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်အသင်တို့ ပြုမူသမျှတို့ကို အကြွင်းမဲ့ကြားသိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
၉-၁၇     မွတ်ရှ်ရစ်က် တို့၌ ၎င်းတို့သည် မိမိတို့ ကာဖိရ် ဖြစ်ကြောင်း ၀န်ခံလျက် ရှိနေကြစဉ် အလ္လာဟ်အရှင်မြတ်၏ဗလီကျောင်းတော်များကို သာယာစည်ကားအောင် ပြုလုပ်ရန် အရည်အချင်းမရှိချေ။ ၎င်းတို့သည် အကြင်သူများပင်တည်း။ ထိုသူတို့၏ အပြုအမူများသည် အချည်းနှီး ဖြစ်ခဲ့ကြသည့်ပြင် ထိုသူတို့သည် ငရဲမီး၌ ထာဝစဉ် နေထိုင်ကြရ မည့်သူများပင် ဖြစ်ကြကုန်လေသတည်း။
၉-၁၈    အလ္လာဟ်အရှင်မြတ်၏ ဗလီကျောင်းတော်များကို အကြင်သူတို့သည်သာလျှင် စည်ကားသာယာအောင် ပြုနိုင်ကြပေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်း ကောင်း၊ ယုံကြည်ကြသည့်ပြင်ထိုသူတို့သည် စွဲမြဲစွာ ဆွလာတ် ၀တ်ပြုမှုကိုလည်းကောင်း၊ ဇကာတ် တရားဝင်ဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း၊ပြုကြကုန်သည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အပြင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြောက်ရွံ့ ကြသည်လည်း မရှိချေ။သို့ဖြစ်ပေရာ ၎င်းတို့သည် တရားလမ်းမှန် ရရှိ့ကြမည်ဖြစ်သည်။

Monday, 27 October 2014

အစ္စလာမ်ဆန့် ကျင်ရေးရုပ်ရှင်ထုတ်လုပ်သူအစ္စလာမ်သို့ သက်ဝင်ယုံကြည် လာသူဖြစ်လာပြီးနောက်၊တမန်တော်ဗလီကျောင်းတော်တို့ သွားရောက်ပြီး တမန်တော်အားရည်စူးတောင်းပန်ခဲ့ 


   အစ္စလာမ်ဆန့် ကျင်ရေးရုပ်ရှင်ထုတ်လုပ်သူအစ္စလာမ်သို့ သက်ဝင်ယုံကြည်
လာသူဖြစ်လာပြီးနောက်၊တမန်တော်ဗလီကျောင်းတော်တို့ သွားရောက်ပြီး
တမန်တော်အားရည်စူးတောင်းပန်ခဲ့ 
အစ္စလာမ်အား တစ်ဖက်သတ်ကြောက်ရွံ့စော်ကားနေသူ အစွန်းရောက် ဒတ်ခ်ျနိုင်ငံရေးသမား Geert Wilders ၏ပါတီ၌ ဦးဆောင်အဖွဲ့ဝင်ဟောင်း  Arnoud Van Doorn သည် လွန်ခဲ့သည့်လက အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်လိုက်သည်။ သူသည် အစ္စလာမ်သာသနာနှင့် တမန်တော် Muhammad အား စော်ကားသည့် ရုပ်ရှင်ထုတ်လုပ်ခဲ့သူ တစ်ဦး ဖြစ်သည်။ ယင်းရုပ်ရှင်အား ကမ္ဘာတစ်ဝှန်း၏ ပြစ်တင် ရှုတ်ချမှုကြောင့် အစ္စလာမ့် တမန်တော်အကြောင်းကို လေ့လာရာမှ အစ္စလာမ်အား လက်ခံသက်ဝင် လိုက်ခြင်းဖြစ်သည်ဟု သူက ဆိုသည်။

The Hague City Council အကြံပေးအရာရှိ နှင့် နယ်သာလန်နိုင်ငံ ပါလီမန်အဖွဲ့ဝင် ဒတ်ခ်ျအမျိုးသား Doorn သည် မိမိ၏ Twitter ကိုယ်ပိုင်စာမျက်နှာမှ အစ္စလာမ်ကိုလက်ခံသည့် ဆုံးဖြတ်ချက်နှင့်အတူ အရဗီဘာသာဖြင့် အစ္စလာမ့်ယုံကြည်ချက်ဆိုင်ရာ သက်သေခံစကားအား ဖော်ပြခဲ့သည်။ ထိုသတင်းကို ကနဦးပိုင်းတွင် အခြားသူများက သူ၏ နောက်ပြောင်မှုဟု ထင်မှတ်ခဲ့ကြသည်။ ၄င်းနောက် အစ္စလာမ်အား လက်ခံကျင့်သုံးမည့် မိမိ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ကြောင်း Doorn က


မြို့တော်ဝန်ထံ တရားဝင်အကြောင်းကြားစာ ပေးပို့ခဲ့သည်။ များမကြာသေးမီကပင် မိမိ၏ လုပ်ငန်းခွင်အတွင်း မိမိအား ၀တ်ပြုခွင့်ပြုရန်ကိုလည်း လျှောက်ထားတင်ပြလိုက်သည်။

အင်္ဂလိပ်ဘာသာဖြင့်တင်ဆက်သည့် Al-Jazeera Channel ထံ သူမှ ဤသို့ပြောကြားသည်။

Far-right-Dutch-Politician-Reverts-to-Islam

“ ဒါဟာ လူအတော်များများအတွက် မျှော်လင့်မထားတဲ့ကိစ္စဖြစ်နေတော့ လူတွေ သံသယ၀င်နေကြတာကို ကျွန်တော် နားလည်ပါတယ်။ ဒီကြီးကျယ်တဲ့ဆုံးဖြတ်ချက်ကို ကျွန်တော် ပေါ့ပေါ့တန်တန် ချခဲ့ရတာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ကုရ်အာန်ကျမ်း၊ ဟဒီးဆ်(တမန်တော့်သြ၀ါဒ)၊ စွန္နဟ်(တမန်တော့်ဓလေ့နည်းနာ) နဲ့ အခြား(အစ္စလာမ်)ကျမ်းဂန်များကို တစ်နှစ်နီးပါး ထဲထဲဝင်ဝင် သုတေသနပြုလေ့လာခဲ့တယ်ဆိုတာ ကျွန်တော့်ရဲ့အရင်းနှီးဆုံးလူတွေ သိကြပါတယ်။ ဒါ့အပြင် မွတ်စ်လင်မ်တွေနဲ့ ဘာသာတရားအကြောင်း ဆွေးနွေးခဲ့တာလည်း မနည်းမနောပါဘဲ။ လူနည်းစုတစ်ချို့က ကျွန်တော့်ကို သစ္စာဖောက်လို့ ဆိုကြတယ်။  ဒါပေမယ့် လူတော်တော်များများကတော့ ကျွန်တော်ဟာ သိပ်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခု တကယ်လုပ်နိုင်ခဲ့ပြီလို့ သတ်မှတ်ကြပါတယ်။ အစ္စလာမ်အပေါ် အဆိုးမြင်စေတဲ့ ဖြစ်ရပ်အမြောက်အများ ကျွန်တော် ကြားနေခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ကိုယ်တိုင်ဆန်းစစ်လေ့လာမှုမလုပ်ဘဲ လူတွေရဲ့အထင်အမြင်နောက်ကို လိုက်တတ်တဲ့လူစား မဟုတ်ဘူးလေ။ ဒါ့ကြောင့် စူးစမ်းလိုစိတ်သက်သက်နဲ့ အစ္စလာမ့်အကြောင်းပိုသိလာအောင် နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့တာပါ။ မြောက်များစွာသောလူတွေအတိုင်း အမှားအယွင်းတွေကျူးလွန်ခဲ့မိတာဖြစ်ပေမယ့် ဒီမှားယွင်းမှုထဲကနေ သင်ခန်းစာအများကြီး ရခဲ့ပါတယ်။ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လိုက်တဲ့အတွက် ကျွန်တော့်အဖို့ အဆုံးသတ်လမ်းစဉ်မှန်တစ်ခု ရှာဖွေတွေ့ရှိသွားတယ်လို့ ခံစားရပါတယ်။ ဒါဟာ ခြေလှမ်းသစ်တစ်ရပ်ဖြစ်ပြီး ထပ်မံလေ့လာသင်ကြားဖို့လိုအပ်နေသေးကြောင်းကိုလည်း နားလည်ခဲ့ပါတယ် ”။

Doorn သည် မိမိပါတီ၏ အစ္စလာမ်ဆန့်ကျင်ရေးလမ်းစဉ်ကြောင့် သာသနာနှင့်စပ်လျဉ်းသော အမှန်တရားအား မိမိဖာသာ တူးနှိုက်ထုတ်ဖော်ရန် စိတ်ပိုင်းဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။ လူချင်းမမြင်ဖူးသော သူ၏ Twitter မိတ်ဆွေအမြောက်အများကလည်း သူ့အနေအထားကို နားလည်ကြောင်း၊ သူ့ရွေးချယ်မှုးကို ထောက်ခံကြောင်း အားပေးခဲ့ကြသည်။

တစ်ချိန်က Freedom Party အဖွဲ့သားဖြစ်ခဲ့ခြင်းအပေါ် နောင်တရမရကို မေးမြန်းရာ “ ဘ၀ရဲ့ကြုံတွေ့မှုမှန်သမျှမှာ ရည်ရွယ်ချက်ကိုယ်စီ ရှိနေကြောင်း ကျွန်တော် နားလည်ခဲ့ပါပြီ။ ဒါပေမယ့် အခုအချိန်လို သိမြင်နားလည်ထားခဲ့ယင်တော့ ကျွန်တော်ဟာ တခြားလမ်းကြောင်းတစ်ခု ရွေးချယ်ဖြစ်ခဲ့မယ်ဆိုတာ သံသယဖြစ်စရာတောင် မလိုပါဘူး ” ဟု ဖြေဆိုခဲ့သည်။

Arnoud Van Doorn သည် မဒီနဟ်မြို့တော်ရှိ တမန်တော့်ဗလီဝတ်ကျောင်းသို့သွား၍ အစ္စလာမ့်စော်ကားမှု ရုပ်ရှင်ကဏ္ဍ၌ ပါဝင်ဆောင်ရွက်မိသည့်အပေါ် အထူးဝမ်းနည်းကြေကွဲရကြောင်း တမန်တော်အား ရည်ညွှန်းတိုင်တည်ပြောဆိုခဲ့သည်။ မဒီနဟ်ဝတ်ကျောင်းမှ အိမာမ်(ရှေ့ဆောင်ဆရာတော်)နှစ်ပါးထံ မွတ်စ်လင်မ်ကောင်းတစ်ဦးဖြစ်လာရေး၊ အနောက်တိုင်းတွင် အစ္စလာမ့်လမ်းစဉ်ဖြင့် အဆင်ပြေအောင် နေထိုင်ကျင့်သုံးနိုင်ရေးအတွက် လမ်းညွှန်ချက်ခံယူပြီးနောက် ၊ မက္ကဟ်မြို့သို့ထွက်ခွာကာ အွမ္မရဟ် (တာဝန်မဟုတ်သော ဟဂ်ျအငယ်စား ကျင့်ဝတ်)ကို ပြုကျင့်ဆောင်ရွက်ခဲ့သည်။

Saturday, 25 October 2014

စူယာတွလ်သောင်ဘာဂဏ္ဍ(၉)အပိုဒ်၁၃-၁၄-၁၅

၉း၁၃     အသင်တို့သည် အကြင်အမျိုးသားတို့အားအဘယ်ကြောင့် မတိုက်ခိုက်ကြသနည်း။ ထိုအမျိုးသားတို့သည်မိမိတို့၏ကတိသစ္စာကိုလည်း ဖောက်ဖျက်ခဲ့ကြကုန်၏။ ထို့ပြင်၎င်းတို့သည် တမန်တော်မြတ်(မုဟမ္မဒ်)အား(မက္ကာမြို့ မှ) နှင်ထုတ်ရန်လည်း သန္ဓိဋ္ဌာန်ချခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်ပင်လျှင် အသင်တို့အား ဦးစွာပထမ စတင်တိုက်ခိုက်ခဲ့ကြကုန်၏။ အသင်တို့သည် ၎င်းတို့အားကြောက်ရွံ့ကြလေသလော၊စင်စစ်တမူကား အကယ်၍ အသင်တို့သည် မုအ်မင်န်သက်ဝင်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်အား ပိုမို၍ပင် ကြောက်ရွံ့ထိုက်ပေသတည်း။
၉း၁၄    အသင်တို့သည် ၎င်းတို့အား တိုက်ခိုက်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အသင်တို့၏လက်များဖြင့် ပြစ်ဒဏ်ပေးတော်မူမည်ဖြစ်၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းတို့အား အရှက်ရစေတော်မူမည်လည်းဖြစ်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ၎င်းတို့အပေါ်၌ အောင်မြင်စေတော်မူမည်လည်းဖြစ်၏။ ထို့ပြင်ထိုအရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများကို အေးချမ်းစေတော်မူမည်လည်း ဖြစ်ချေသတည်း။
၉း၁၅        ၎င်းပြင် ထိုအရှင်မြတ်သည် ထို(သက်ဝင်ယုံကြည်)သူတို့၏ စိတ်နှလုံးများမှ ဒေါသအမျက်ကိုလည်းပပျောက်စေတော်မူမည်ဖြစ်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူ၏ဘက်သို့လည်း ကရုဏာတော်နှင့်ပြန်လှည့်တော်မူမည်ဖြစ်၏။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အသျှင်၊ နက်နဲသိမ်မွေ့သောဥာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။
    



ဟစ်ဂျရီနှစ်သစ်အားကမ္ဘာတစ်ဝှမ်းရှိမွတ်စလင်များကြိုဆို...


ဟစ်ဂျရီနှစ်သစ်အားကမ္ဘာတစ်ဝှမ်းရှိမွတ်စလင်များကြိုဆို...
----------------------------------------------------------------
 October 25, 2014
 အောက်တိုဘာ ၂၅ ရက်နေ့တွင် ကျရောက်သည့် အစ္စလာမ်ဘာသာဝင်တို့၏ ဟစ်ဂျရီနှစ်သစ်ကို ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ့် ဓမ္မပညာရှင်များနှင် မွတ်စလင်များက ကြိုဆိုခဲ့ကြသည်။

ဟစ်ဂျရီပြက္ခန်ဒိန်မှာ လကိုအခြေခံတွက်ချက်ခြင်းဖြစ်ပြီး နက္ခတဗေဒဆိုင်ရာ တွက်ချက်မှုများအရ

ဟစ်ဂျရီနှစ်သစ် ၁၄၃၆ ခုနှစ်မှာ အောက်တိုဘာ ၂၅ ရက် စနေနေ့တွင် ကျရောက်သည်ဟု သိရသည်။

အီဂျစ်နိုင်ငံရှိ အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ရှေ့ဆောင်ဆရာတော်ကြီး အဟ်မဒ် အလ်-တိုင်ယစ်ဘ်က ဟစ်ဂျရီနှစ်သစ်ကျရောက်ခြင်းနှင့် ပတ်သက်၍ အီဂျစ်ပြည်သူများ၊ အာရပ်နှင့် အစ္စလာမ့် နိုင်ငံများအား နှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့သည်။

ထို့ပြင် အခြားသော အစ္စလာမ်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဓမ္မ ပညာရှင်များကလည်း ဟစ်ဂျရီနှစ်သစ် အတွက် နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး၊ အမေရိကန်သမ္မတ ဘာရက်အိုဘားမား၊ စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းတို့ကလည်း အစ္စလာမ် ဘာသာဝင်တို့၏ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။

အစ္စလာမ့် ဟစ်ဂျရီနှစ်သစ်အား ကမ္ဘာတစ်ဝှမ်းလုံးမှ မွတ်စလင်များက ၀တ်ပြုခြင်း၊ ကောင်းမှုကုသိုလ်များဆောင်ရွက်ခြင်း၊ နှစ်အသစ်အတွက် ဆုမွန်ကောင်းတောင်းခြင်း စသည့် ကောင်းမြတ်သော လုပ်ရပ်များဖြင့် ကြိုဆိုကြမည်ဖြစ်သည်။

ဟစ်ဂျရီပြက္ခဒိန်မှာ ခရစ်သက္ကရာဇ် ၆၂၂ တွင် တမန်တော် မုဟမ္မဒ်သခင် (ဆွ) မက္ကာမြို့မှ မဒီနာမြို့သို့ ပြောင်းရွှေ့ကြွမြန်းသွားပြီး နောက်ပိုင်းမှ စတင်ရေတွက် ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပြောင်းရွှေ့မှုကို အာရဗီ စကားလုံးအရ “Hijrah” ဟု ခေါ်ဝေါ်ပြီး၊ ထိုအခေါ်အဝေါ်အား အစွဲပြု၍ အစ္စလာမ့်ပြက္ခဒိန်ကို ဟစ်ဂျရီ ခုနှစ်ဟု သမုတ်ခဲ့ခြင်းဖြစ်သည်။ မုဟမ္မဒ်သခင်၏ ထိုပြောင်းရွှေ့မှုမှာ အစ္စလာမ်သာသနာအား လွတ်လပ်စွာ ကျင့်သုံးခွင့်ရရန်အတွက် ဖြစ်ပြီး အစ္စလာမ့်သမိုင်း၏ အလှည့်အပြောင်း တစ်ခုလည်း ဖြစ်ခဲ့သည်။

Friday, 24 October 2014

၁၄၃၆ခုမိုဟာရမ်တရက်၂၀၁၄ အောက်တိုဘာ၂၅ရက် မဟာဟဂ်ျဂျရာကြိုဆိုပါ၏



၁၄၃၆ခုမိုဟာရမ်တရက်၂၀၁၄ အောက်တိုဘာ၂၅ရက် မဟာဟဂ်ျဂျရာကြိုဆိုပါ၏

ဘာသာရေးပြဿနာဖြေရှင်းရေးမြန်မာကိုဖိအားပေးဖို့ HRW တိုက်တွန်း


  ဘာသာရေးပြဿနာဖြေရှင်းရေးမြန်မာကိုဖိအားပေးဖို့ HRW တိုက်တွန်း
VOA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
မန်မာနိုင်ငံမှာ ဘာသာရေးအစွန်းရောက်မှုကြောင့် ဖြစ်လာတဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရေး သမ္မတဦးသိန်းစိန်အစိုးရကို ကမ္ဘာ့ခေါင်းဆောင်တွေက ဖိအားပေးဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာလအတွင်း နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်ဖို့ရှိတဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး အစည်းဝေးမတိုင်ခင် အခုလို တိုက်တွန်းလိုက်တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြထားပါတယ်။

နောက်လမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့အာရှနဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို နိုင်ငံတကာ ခေါင်းဆောင်တွေဖြစ်တဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား၊ သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အင်ဒိုနီးရှားသမ္မတသစ် ဂျိုကို ၀ီဒိုဒို၊ မလေးရှား ၀န်ကြီးချုပ် နာဂျစ်ပ် ရာဇက် တို့ တက်ရောက်ဖို့ ရှိပါတယ်။ ဒီခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေး မြန်မာသမ္မတကို တိုက်တွန်းဖို့ အရေးကြီးကြောင်း နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဗွီအိုအေကို ပြောပါတယ်။

ကနဦးအစမှာပဲ ရှိနေသေးတဲ့ မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ ဦးသိန်းစိန်အစိုးရဟာ နိုင်ငံတကာရဲ့ဖိအားတွေကို ဂရုစိုက်နေချိန် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တိုက်တွန်းချက်တွေဟာ ထိရောက်မှုရှိတယ်လို့ အရှေ့အာရှရေးရာတာဝန်ခံ Brad Adam က ပြောပါတယ်။

“မြန်မာ့ပြုပြင်ပြောင်းလဲရေး အစကာလမှာ နိုင်ငံတကာရဲ့ထောက်ခံမှု၊ အကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံတာတွေကို လိုနေတာပါ။ တကယ်လို့ ဆိုးဆိုးရွားရွားတွေ ပြန်ပြီး ဖြစ်လာမယ်ဆိုရင် မြန်မာနိုင်ငံကို ၀ိုင်းဝန်း ဒဏ်ခတ်ကြပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုးကို မြန်မာခေါင်းဆောင်တွေက အဖြစ်မခံနိုင်ဘူးဆိုတာ ရှင်းပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တိုက်တွန်းချက်တွေကို ဂရုတစိုက် နေထိုင်နေတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာအများစုဟာ လူမျိုးရေးခွဲခြားတယ်လို့လည်း ကျနော်မမြင်ပါဘူး။ အဓိကအချက်က  ဘာသာရေးပဋိပက္ခ အကြမ်းဖက်မှုတွေကို အစိုးရဘက်က ထိထိရောက်ရောက် အရေးယူကိုင်တွယ် ဖြေရှင်းဖို့ လိုနေတာပါ။”
10440843_1478295505745599_8520056488649882664_n
မြန်မာနိုင်ငံမှာ မူဆလင်ဆန့်ကျင်ရေးတွေ ဟောပြောနေတာ အထူးသဖြင့် ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ အကြမ်းဖက်မှုတွေကို အစိုးရဘက်က ထိထိရောက်ရောက် ဖြေရှင်းပေးတာမျိုး မရှိခဲ့ဘူးလို့ HRW က တနင်္လာနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ပြောထားပါတယ်။ ဒါ့အပြင် ‘မဘသ’ လို့ခေါ်တဲ့ ၉၆၉ အဖွဲ့ကနေ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုကို အခြေခံပြီး အကြမ်းဖက်မှုတွေနဲ့ အခြားရာဇ၀တ် ကျူးလွန်မှုတွေဖြစ်အောင် အမုန်းစကားတွေနဲ့ စည်းရုံးဟောပြောနေတာတွေကို မြန်မာအစိုးရက ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ကြောင်းလည်း HRW က ရေးသားထားတာပါ။ ဒါနဲ့ပတ်သက်လို့ Brad Adam က –

“အဒေါ့ဟစ်တလာဦးဆောင်တဲ့ နာဇီတွေဟာ ဂျူးတွေဆီက ပစ္စည်းတွေမ၀ယ်ဖို့ တားမြစ်ခဲ့ပြီး ဂျူးတွေကို ခွဲခြားတဲ့ အမှတ်တံဆိပ်တွေ တပ်ခိုင်းခဲ့ပြီးနောက် လူမျိုးတုန်းသတ်ဖြတ်မှုထိ ဖြစ်ခဲ့ပြီး အကျိုးဆက်အဖြစ် ဒုတိယကမ္ဘာစစ်ကို ဦးတည်ခဲ့တာပါ။ ဒီလိုအလားတူ ဖြစ်ရပ်မျိုးတွေဟာ ဒေသတွင်း နိုင်ငံတချို့မှာလည်း ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းက ကမ္ဘောဒီးယားမှာဆိုရင် လူနည်းစု ဗီယက်နမ်တွေကို ခွဲခြားပြီး အကြမ်းဖက်တိုက်ခိုက်တာ၊ ဘင်္ဂလားဒေ့ရှ်မှာ လူနည်းစု ဟိန္ဒူတွေကို တိုက်ခိုက်တာမျိုးတွေပါ။ ဘာသာ၊ လူမျိုး မတူကွဲပြားတဲ့အပေါ်မှာ အများစုက အုပ်စုလိုက် အကြမ်းဖက်တဲ့ ဖြစ်ရပ်မျိုးတွေဟာ အစွန်းရောက်မှုကို ဦးတည်စေတာပါ။ ဒါတွေကို လူ့အဖွဲ့အစည်းတွေအနေနဲ့ လက်ခံလို့ မသင့်ပါဘူး။”

မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာစေတဲ့ အမုန်းစကား ဟောပြောချက်တွေ၊ စည်းရုံးလှုပ်ရှားမှုတွေကို အစိုးရအာဏာပိုင်တွေက ပြင်းပြင်းထန်ထန် အရေးယူတာမျိုး မရှိတာကြောင့် အကြမ်းဖက်တာတွေ ပိုပြီးကြီးထွားလာမှာကို စိုးရိမ်နေကြောင်း ပြည်တွင်းအခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းတွေကလည်း မကြာသေးခင်က ကျင်းပခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်း ညီလာခံမှာ ထုတ်ဖော်ပြောဆိုခဲ့ကြတာပါ။

ဒါကြောင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ထိခိုက်စေတာတွေ မြန်မာအစိုးရအနေနဲ့ အလေးထားဖြေရှင်းဖို့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဖိအားပေးရလိမ့်မယ်လို့ လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိ ၀ါရှင်တန်ဒီစီကို ခေတ္တခဏ ရောက်ရှိနေတဲ့ မဇင်မာအောင်က ပြောပါတယ်။

“အာဆီယံအစည်းအဝေးပွဲကြီးပေါ့နော် ဥက္ကဌအဖြစ်နဲ့ တာဝန်ခံပြီးတော့ ကျင်းပရတဲ့ အခွင့်အရေးဟာ ဘာမှမဟုတ်ဘူး။ ဒီလိုမျိုးပဲ နိုင်ငံတကာက ခေါင်းဆောင်တွေလာပြီးတော့ ပြောသွားဆိုသွားကြပြီးတော့ ကျမတို့သာမန် လူထုတွေ၊ နိုင်ငံသားတွေအတွက်ကတော့ ဒုံရင်းဒုံရင်းပဲ ဖြစ်နေမယ်ဆိုရင် ဒီအစည်းအဝေးပွဲကြီး လုပ်ရတာဟာ ကျမတို့ပြည်သူလူထုတွေ အတွက်ကတော့ ထူးမခြားနားပဲ။ ဘာမှမထူးဘူး။ ဒီအုပ်ချုပ်နေတဲ့ လူတန်းစားအတွက်ပဲ ခရက်ဒစ်တွေရသွားတဲ့ ကိစ္စလို့ပဲ ပြောစရာဖြစ်မယ်။ ဒါကြောင့်မို့လို့ ကမ္ဘာအနှံ့ကနေ လာကြမယ့် ခေါင်းဆောင်တွေ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံကပါလို့ ပြောနေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို တိုက်တွန်းချင်တာက ဗမာပြည်မှာဖြစ်နေတဲ့ လက်ရှိ အခက်အခဲ၊ အကျပ်အတည်း၊ ပြဿနာတွေကို အသိအမှတ်ပြုပြီးတော့ လက်ရှိ တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသိန်းစိန်အစိုးရကို ဒီထက်ပိုပြီးတော့ ထိရောက်တဲ့ ပြုမူမှုတွေ၊ နောက်ပြီးတော့ စီမံခန့်ခွဲမှုတွေ၊ အရေးယူမှုတွေ လုပ်ဖို့လို့ ကျမတို့က တိုက်တွန်းချင်ပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအ၀ိုင်းနှစ်ခုကြား ဂိုဏ်းဂဏကွဲပြားမှုကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေမှာလည်း မိတ္ထီလာ၊ လားရှိုး၊ မန္တလေး မြို့ကြီးတွေ အပါအ၀င် အခြားဒေသတချို့မှာလည်း ဖြစ်ခဲ့တာပါ။ အခုလို ပြည်တွင်းမှာ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ ပိုပြီး ဆိုးရွားမလာအောင်၊ ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်ပါလို့ မြန်မာအစိုးရကို ကုလသမဂ္ဂကလည်း တိုက်တွန်းထားပါတယ်။

ဓါတ်ပုံ အညွှန်း- ၂၀၁၄ ခုနှစ် ဇူလိုင်လ တွင် မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်သည့် လူအုပ်

Thursday, 23 October 2014

စူယာတွလ်သောင်ဗာ ဂဏ္ဍ(၉)အခန်း၁၂-၁၃-၁၄

၉-၁၂    တစ်ဖန်အကယ်၍ ထိုသူတို့သည် ကတိသစ္စာထားရှိပြီးနောက်သော်မှပင် မိမိတို့ ထားရှိကြကုန် သောကတိသစ္စာများကို ဖောက်ဖျက်ခြင်းကိုလည်းကောင်း၊ အသင်တို့၏ဒီန်သာသနာနှင့်စပ်လျဉ်း၍ ကဲ့ရဲ့ရှုတ်ချ(အမနာပ)ပြောဆိုခြင်းကိုလည်းကောင်း၊ ပြုခဲ့ကြပါလျှင် အသင်တို့သည် ကုဖ်ရ်မယုံမကြည်သွေဖည်ငြင်းပယ်မှုကို ခေါင်းဆောင်သော ရှေ့ ဆောင်တို့အား ၎င်းတို့သည် (မိမိတို့၏အယူဝါဒများမှ) ရပ်စဲသွားကြအံ့သောငှာ တိုက်ခိုက်ကြလေကုန်။ အကြောင်းသော်ကား ၎င်းတို့၌ကတိသစ္စာများမရှိကြသောကြောင့်ပင်။ 
၉-၁၃ အသင်တို့သည် အကြင်အမျိုးသားတို့အားအဘယ်ကြောင့် မတိုက်ခိုက်ကြသနည်း။ ထိုအမျိုးသားတို့သည်မိမိတို့၏ကတိသစ္စာကိုလည်း ဖောက်ဖျက်ခဲ့ကြကုန်၏။ ထို့ပြင်၎င်းတို့သည် တမန်တော်မြတ်(မုဟမ္မဒ်)အား(မက္ကာမြို့ မှ) နှင်ထုတ်ရန်လည်း သန္ဓိဋ္ဌာန်ချခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်ပင်လျှင် အသင်တို့အား ဦးစွာပထမ စတင်တိုက်ခိုက်ခဲ့ကြကုန်၏။ အသင်တို့သည် ၎င်းတို့အားကြောက်ရွံ့ကြလေသလော၊စင်စစ်တမူကား အကယ်၍ အသင်တို့သည် မုအ်မင်န်သက်ဝင်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်အား ပိုမို၍ပင် ကြောက်ရွံ့ထိုက်ပေသတည်း။

 ၉-၁၄  အသင်တို့သည် ၎င်းတို့အား တိုက်ခိုက်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အသင်တို့၏လက်များဖြင့် ပြစ်ဒဏ်ပေးတော်မူမည်ဖြစ်၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းတို့အား အရှက်ရစေတော်မူမည်လည်းဖြစ်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ၎င်းတို့အပေါ်၌ အောင်မြင်စေတော်မူမည်လည်းဖြစ်၏။ ထို့ပြင်ထိုအရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများကို အေးချမ်းစေတော်မူမည်လည်း ဖြစ်ချေသတည်း။






Wednesday, 22 October 2014

စူယာတွလ်သောင်ဗာဂဏ္ဍ(၉) အခန်း၉-၁၀-၁၁

၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များဖြင့် အနည်းငယ်မျှသောအဖိုးငွေကို လဲလှယ်ဝယ်ယူခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုအရှင်မြတ်၏လမ်းတော်မှ ဖောက်ပြန် သွေချော်တိမ်းစောင်းလျက်ရှိခဲ့ကြကုန်၏။ဧကန်စင်စစ် ၎င်းတို့ပြုမူသမျှတို့ကား အလွန်ဆိုးရွားလှပေသတည်း။
    ၎င်းတို့သည် မည်သည့် မုအ်မင်န် သက်ဝင်ယုံကြည်သူ တစ်ဦးတစ်ယောက်နှင့်မျှ ပတ်သက်၍ ဆွေမျိုးတော်စပ်မှုကိုလည်းကောင်း၊ ပဋိညာဉ်ထားရှိမှုကို လည်းကောင်း၊ထောက်ထားကြသည်မဟုတ်ပေ။ အမှန်သော်ကား၎င်းတို့သည်ပင်လျှင် လွန်ကျူးသူများ ဖြစ်ကြကုန်သတည်း။
    သို့ရာတွင် အကယ်၍ ထိုသူတို့သည် (မိမိတို့၏အယူဝါဒများကိုစွန့်လွှတ်ကာ အီမာန် ယုံကြည် ခြင်းသဒ္ဓါတရား ထားရှိခြင်းအားဖြင့်) ၀န်ချတောင်းပန်၍ ဆွလာတ်ဆောက်တည်ခြင်းကိုလည်းကောင်း၊ ဇကာတ် တရားဝင်ဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း ပြုခဲ့ကြပါလျှင်၊ ထိုသူတို့သည် ဒီန်သာသနာရေးတွင် အသင်တို့၏ညီသားအစ်ကိုများပင်ဖြစ်ကြကုန်သည်။ အမှန်သော်ကား ငါအရှင်မြတ်သည် (မိမိ)အာယတ်တော်များကို သိနားလည်သူတို့အဖို့ အသေးစိတ်ထုတ်ဖော် မိန့်ကြားတော်မူလေသတည်း။

                                                         



Tuesday, 21 October 2014

စူာယာတွလ်သောင်ဗာအခဏ်း၉.အပိုဒ်၆-၇-၈



တစ်ဖန် အကယ်၍ (ပဋိညာဉ်ကိုချိုးဖောက်သော) မွတ်ရှ်ရစ်က်တို့အနက်မှ တစ်ဦးတစ်ယောက် သောသူသည် အသင့်ထံတွင် အကာအကွယ်ရလိုခဲ့ပါလျှင် အသင်သည်ထိုသူအား ၎င်းသည် အလ္လာဟ် အရှင်မြတ်၏အာယတ်တော်ကိုကြားနာနိုင်အံ့သောငှာ ကာကွယ်ပါလေ၊) ထို့နောက် အသင်သည် ထိုသူ့အား ၎င်း၏ဘေးရန်ကင်းငြိမ်းရာဌာနသို့ ပို့ဆောင်၍ပေးပါလေ။ ဤ(အမိန့်တော်ကိုထုတ်ပြန်တော်မူခြင်း)ကား ၎င်းတို့သည် မသိနားမလည်သောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။

    မွရှ်ရစ်က်တို့၏ ပဋိညာဉ်ကိုထောက်ထားလိုက်နာရန်တာဝန်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော် အပေါ်၌ လည်းကောင်း၊ အသို့ လျှင်ရှိနိုင်ပါအံ့နည်း။ မတ်စ်ဂျိဒေဟရာမ်ထူးမြတ် သောဗလီ ၀တ်ကျောင်းတော်၏အပါးတွင် အသင်တို့ပဋိညာဉ် ဖွဲ့ခဲ့ကြသောသူတို့မှတစ်ပါး၊ ၎င်းတို့သည် အသင်တို့နှင့် ပတ်သက်၍ ဖြောင့် မတ်စွာ တည်ရှိနေသမျှ ကာလပတ်လုံးအသင်တို့သည်လည်း ၎င်းတို့နှင့်ပတ်သက်၍ ဖြောင့်မတ်စွာတည်ရှိကြလေကုန်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်ပြစ်မှုဒုစရိုက်တို့မှ ကြဉ် ရှောင်ကြကုန်သော သူတော်စင်တို့အားချစ်မြတ်နိုးတော်မူပေသတည်း။

    (ယင်းကဲ့သို့ ကတိဖောက်ဖျက်သူတို့၏ ကတိဝန်ခံချက်ကို)အသို့လျှင် ထောက်ထားနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည် အသင်တို့အပေါ်၌ကြီးစိုးကြပါလျှင်၊ ထိုသူတို့သည် အသင်တို့နှင့်ပတ်သက်၍ ဆွေမျိုးတော်စပ်သည်ကိုလည်းကောင်း၊ ပဋိညာဉ်ဖွဲ့ထားသည်ကိုလည်းကောင်း၊ ထောက်ထားကြမည်မဟုတ်ပေ။ ၎င်းတို့သည်အသင်တို့အား မိမိတို့၏နှုတ်များ ဖြင့်သာလျှင် နှစ်သိမ့်စေကြကုန်သည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများမှာမူကား(၎င်းတို့၏နှုတ်မှ ပြောဆိုချက်တို့ကို) ငြင်းပယ်လျက်ရှိကြကုန်သတည်း။ စင်စစ် ၎င်းတို့အနက် အများစုတို့မှာကား စည်းကမ်း ဖောက်ဖျက်သူများသာ ဖြစ်ကြကုန်သည်။

Saturday, 18 October 2014

ဂျာမဏီတွင်မွတ်စလင်မဟုတ်သူများကိုဗလီများကိုလာရောက်လေ့ လာရန် မွတ်စလင်အဇွဲ့ အစည်းများဖိတ်ခေါ်....

  ဂျာမဏီတွင်မွတ်စလင်မဟုတ်သူများကိုဗလီများကိုလာရောက်လေ့ လာရန်
မွတ်စလင်အဇွဲ့ အစည်းများဖိတ်ခေါ်....
အောက်တိုဘာ ၁၇ ၊ ၂၀၁၄
ယဉ်ကျေးမှုဖလှယ်နိုင်ရေး အစီအစဉ်အရ မွတ်စ်လင်မ် အဖွဲ့အစည်းများသည် သောကြာနေ့တွင် ဗလီဝတ်ကျောင်းတော်များသို့ လာရောက်လည်ပတ်ရန် ထောင်နှင့် ချီသော မွတ်စ်လင်မ် မဟုတ်သူများအား ဖိတ်ခေါ်ခဲ့ကြသည်။

မွတ်စ်လင်မ်တို့အပေါ် အစွဲဆိုးများ ကျွတ်စေရန်နှင့် ယဉ်ကျေးမှုဖလှယ်နိုင်ရေး အစီအစဉ်အရ ဂျာမဏီနိုင်ငံမှ မွတ်စ်လင်မ်တို့သည် သောကြာနေ့တွင် ဗလီဝတ်ကျောင်းတော်များသို့ လာရောက် လည်ပတ်ရန် ထောင်နှင့်ချီသော မွတ်စ်လင်မ် မဟုတ်သူများအား ဖိတ်ခေါ်ခဲ့ကြသည်။

“အကြောင်းမလှစွာနဲ့ ဂျာမဏီ လူ့အဖွဲ့အစည်းထဲ အစ္စလာမ်ကြောက်ရောဂါ၊ မွတ်စ်လင်မ်တွေပေါ် အမုန်းတရား ကြီးထွားလာနေတာကို ကျွန်တော်တို့ တွေ့မြင်နေကြရတယ်။ ကျွန်တော်တို့ရဲ့ ဒီကဧည့်သည်တော် ဂျာမန်လူမျိုးတွေ မကြာခဏ မေးမြန်းကြတာကတော့ အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒ အကြောင်းတွေပါပဲ။ အစ္စလာမ်သာသနာက အဲ့ဒါတွေကို အရင်း တည်ထားတာ မဟုတ်ပါဘူး။ သူတို့ကို ကျွန်တော်တို့က အစ္စလာမ့်တန်ဖိုး (အနှစ်သာရ) အစစ်အမှန်တွေ ပြောပြပါတယ်။ ကျွန်တော်တို့ရဲ့ အစွန်းရောက်ဝါဒဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အသိပေးနေပါတယ်။ မွတ်စ်လင်မ်တွေအပေါ်ရှိတဲ့ အဆိုးတရားအစွဲတွေကို လျှော့ချနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေကြပါတယ်” ဟု ဘာလင်ရှိ Sehitlik ဗလီထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ Ender Cetin မှ “ပွင့်လင်းမြင်သာသော ဗလီဝတ်ကျောင်းတော်များနေ့” အစီအစဉ်အတွင်း စာနယ်ဇင်းသမားတို့အား ပြောကြားသည်။

မကြာသေးမီက ISIL အဖွဲ့မှ ကျူးလွန်သော အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ရက်စက်ခြင်း သတင်းတို့ကြောင့် ဂျာမဏီနိုင်ငံတစ်ဝှမ်းရှိ မွတ်စ်လင်မ်တို့အပေါ် သံသယများ၊ အဆိုးမြင်တုန့်ပြန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဂျာမဏီ၌ မွတ်စ်လင်မ် လေးသန်းခန့်ရှိပြီး သုံးသန်းဝန်းကျင်မှာ တူရကီနွယ်ဖွားများ ဖြစ်ကြသည်။ Infratest-dimap မှ လတ်တစ်လောပြုလုပ်သည့် လူထုစစ်တမ်းတစ်ရပ်က ဂျာမန်လူမျိုး ၄၂ ရာခိုင်နှုန်းသည် ယခုအခါ အစ္စလာမ်သာသနာကို ရန်မူတတ်သည့်ဘာသာအဖြစ်လည်းကောင်း၊ ၃၈ ရာခိုင်နှုန်းမှာ အန္တရာယ်အဖြစ် လည်းကောင်း ရှုမြင်နေသည်ဟု ဆိုသည်။
ဂျာမဏီနိုင်ငံမှ အကြီးမားဆုံးမွတ်စ်လင်မ်အသင်းအဖွဲ့လေးခုမှ စုပေါင်းဖွဲ့စည်းထားသော ဂျာမဏီမွတ်စ်လင်မ်ညီညွတ်ရေးကောင်စီမှ သောကြာနေ့တွင် ဂျာမန်လူ့အဖွဲ့အစည်းထံသို့ “ပွင့်လင်းမြင်သာသော ဗလီဝတ်ကျောင်းတော်များနေ့” နှင့်အတူ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအသီးသီး၏ ထူးခြားမှုများ၊ အစ္စလာမ့်ရေးရာမေးခွန်းတို့ကို ဖြေကြားမှုများ တင်ပြပြုလုပ်ပေးမည်ဟု ရှင်းလင်းပြောကြားထားသည်။

ဂျာမဏီတစ်ဝှန်းရှိ ဗလီဝတ်ကျောင်းတော်ပေါင်း ၇၀၀ တွင် ကျင်းပသော ယင်းရက်သတ္တပတ်လှုပ်ရှားမှုသို့ ဧည့်သည်တော်များ သိန်းနှင့်ချီ၍တက်ရောက်ခဲ့ကြကြောင်း ပွဲစီစဉ်သူများကဆိုသည်။

ဗလီသို့ ပထမဆုံးအကြိမ်လာရောက်လည်ပတ်ဖူးသူ ဂျာမန်လူငယ် Stefan Streicher က ဘာလင်မှ Sehitlik ဗလီကြီးလည်ပတ်ခြင်းအပေါ် အားရကျေနပ်လှကြောင်း ပြောပြသည်။

“ဒီဗလီဟာ လှပတင့်တယ်တဲ့ အဆောက်အဦတစ်ခုပါ။ ၀တ်ကျောင်းထဲမ၀င်ခင် ဖိနပ်ချွတ်ရခြင်းက ကျွန်တော့်အဖို့ တစ်စုံတစ်ရာ ထူးခြားစေပါတယ်။ ခြုံငုံပြောရရင် အကောင်းမြင်မှုနဲ့ အားရမိပါတယ်”။

ခရစ်ယာန်အမျိုးသမီးတစ်ဦးဖြစ်သော Sabine Schwanz က အစ္စလာမ်အကြောင်း ထပ်မံလေ့လာရန် စိတ်ဝင်တစားဖြစ်နေကြောင်း ဖြည့်စွက်ပြောပါသည်။
“ဒီလိုအစီအစဉ်မျိုးက အဆိုးတရားအစွဲတွေကို ကျွတ်စေဖို့ အထောက်အကူပြုပါတယ်”။

Thursday, 16 October 2014

မြန်မာမင်းများ၏ လူမျိုးစုံ အမှုထမ်းများနှင့် တာဝန်ခွဲဝေခန့်ထားမှုများ

မြန်မာမင်းများ၏ လူမျိုးစုံ အမှုထမ်းများနှင့် တာဝန်ခွဲဝေခန့်ထားမှုများ
တိုင်းပြည်တစ်ပြည်တည်ထောင်ရာတွင် မတူကွဲပြားသောလူမျိုးစုံ အယူဝါဒကွဲပြားသူများကို စုရုံးကာ တည်ထောင်ခဲ့ကြရသည်။ စုရုံးမှုသည် အား တစ်ခုဟု မှတ်ယူသင့်ပေသည်။ စုရုံးမှုမှ စည်းလုံးညီညွတ်မှု ကို ရှရှိနိုင်ပေသည်။ ပြိုကွဲခြင်းများသည် စည်းလုံးညီညွတ်မှုပျက်သုဉ်းသောအခါ ပေါ်ပေါက်လာခဲ့သည်။ အနော်ရထာမင်းကြီးသည်  အစုစုပြိုကွဲနေသော ပြည်နယ်များ လူမျိုးများကို စုရုံးကာ ပထမမြန်မာနိုင်ငံတော်ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။ စုစည်းမှု၏ တန်ဖိုးကို ကောင်းမွန်စွာအသုံးချတည်ဆောက်ခဲ့သည်။

ဆက်ခံရာ မင်းဆက်များ၏ သမိုင်းကို ပြန်လည်လေ့လာသော် သမိုင်းလှခဲ့သည့် မင်းများ၏ ဆောင်ရွက်လုပ်ဆောင်ခဲ့သည်များသည် အလွန်မှတ်သားဖွယ် အတုယူဖွယ်များ တွေ့ရသည်။ မြန်မာမင်းများ၏ အမှုတော်ထမ်းရွက်ရန် မင်းမှုထမ်းများ ခန့်ထားမှုများနှင့် ပတ်သက်ပြီး မင်းတုန်းမင်းတရားကြီး၏ လူမျိုးပေါင်းစုံ တာဝန်ခွဲဝေခံထားမှုကို ဦးဖေမောင်တင် (မဟာဝိဇ္ဇာ) ရေးသားပြုစုတဲ့ မြန်မာမင်း လက်ထက်တော် စာတမ်းများ စာမျက်နှာ (၃၃) တွင်အောက်ပါအတိုင်း ဖော်ပြထားသည်။ ဤကဲ့သို့ သမိုင်းအထောက်အထားများ၊ မှတ်တမ်းများ များစွာရှိနေပါသည်။ သို့သော် ဒီသမိုင်းအထောက်အထားကိုတော့ လူသိနည်းသေးသည်ဟု ယူဆသည့် အတွက် ပြန်လည်တူးဖော်ခြင်းဖြစ်ပါသည်။

ပုဏ္ဏားအမှုထမ်းများလည်း ပုဂံခေတ်မှစ၍ တွေ့ရှိလာရာ မင်းတုန်းမင်းလက်ထက်တော်၌ ခတ္တိယ၊ ဗြဟ္မဏ၊ သုဒ္ဓ၊ ဗိသျှ၊ ပုဏ္ဏားဖြူ ၁၀ဝ၊ ပုဏ္ဏားညို ၁၀ဝ၊ ဘိသိက်တော်ပုဏ္ဏား ၃၀ဝ၊ ရေကြည်တော်ခပ် ၁၀ဝ၊ ဂြိုဟ်စာကျွေး နတ်တင် ၁၀ဝ၊ ဇာတာတော်ဆေး ၁၀ဝ၊ ပုရောဟိတ် ၆၀၊ အခါပေး ၁၀ဝ ရှိ၏။

ကသည်းလူမျိုးအမှုထမ်းများမှာ လှေတော်တန်း၊ မြင်းစီးသူရဲတန်း၊ ယက်ကန်းတော်၊ဆတ္တာတော်၊ ခဝါတော်၊ အနှိပ်တော်၊ ရေကြည်တော် ပျော်ရာက အမှုတော်ထမ်းကြရသည်။

မြန်မာမူဆလင်အမျိုးသားများဖြစ်ကြသော ကင်းတားကုလားပျိုတပ် အမှုထမ်းတို့သည်

(၁)ရန်ပြိုအမြောက်

(၂)ရန်ပုံခွင်းအမြောက်

(၃)ရန်ကင်းအမြောက်

(၄)ရန်လင်းကြီးအမြောက်

(၅)လက်မနှိပ်အမြောက်    စသော အမြောက်စုအမှုတော်ထမ်း၌ တသင်းတွင် လူ ၁၀ဝ၀ ခန့်အမှုတော် ထမ်းရွက်ကြရသည်။   ထို့ကြောင့်လည်း မင်းတုန်းမင်းတရားကြီး လက်ထက်တော်၌ ဘာသာရေးလွတ်လပ်မှုရရှိရုံမျှမက မင်းတရားကြီးကိုယ်တော်တိုင် ပလီများ ဆောက်လုပ် လှူဒါန်းခဲ့လေသည်။

မြေထူးကုလားအမှုထမ်းတို့မှာ ကုလားပျိုကင်းတားအမြောက်စစ်သည်တော်တို့ မိမိတို့တတ်စွမ်းရာက အမှုထမ်းကြရသည်။

အက္ကပတ်ကသည်းတို့မှာ မြင်းစီး ဓားခုတ် လှံထိုး စစ်သည်တော်အဖြစ် အမှုထမ်း၏။

သီပေါမင်းလက်ထက်တွင် အက္ကပတ်မြင်းဝန်၊ပင်လယ်မြို့စား မင်းကြီး မဟာမင်းလှမင်းထင်ရာဇာဘွဲ့ခံ ဗိုလ်ချုပ်ဦးချုံ

ကလယ်အမှုထမ်းတို့မှာ ပန်းဘဲအလုပ်၊ ဆင်တော် မြင်းတော်ကကြိုးတန်ဆာလုပ် အမှုထမ်းများ ဝတ်ဆင်ရန် အဝတ်တန်ဆာအချုပ်အလုပ်၊ ကြေးသွန်း၊ ပန်းတဉ်း၊ မိမိတတ်စွမ်းရာကအမှုထမ်းရသည်။

ဝေသာလီအမှုထမ်းတို့မှာ ဖျာရက်၊ ရိုင်ရက်၊ ခြင်းကြားရက်၊ ပဒေသာတန်ဆောင်တန်လုပ်ဝါးနှင့် ဆိုင်ရာ မိမိတတ်ကျွမ်းရာက အမှုထမ်းကြရသည်။

ရှမ်းအမှုထမ်းဖြစ်ကြသော ကောင်းဟန်ရှမ်း၊ ယွန်းရှမ်း၊ ဓနုရှမ်း၊ ကဒူးရှမ်းတို့သည် လက်နက်ကိုင် စစ်သည်ဘက်၌ အမှုထမ်းကြပြီးပလောင်အမှုထမ်းတို့မှာ လက်ဖက်၊ သစ်ကြားသီး၊ သစ်အယ်၊ သစ်တို၊ လိမ္မော်၊ ဗကျာက် ဟူသမျှအလုပ်နှင့်စစ်မှုတွင် ထမ်းဆောင်ကြရသည်။

တရုတ်အမှုထမ်းတို့မှာ မုန့်တော်ဆက်၊ နဂါးတိုး၊ နရားအက၊ လက်သမား၊ ကျောက်သွေး စသောအမှုတော်ကို ထမ်းရသည်။ ကုလားတိမ်အမှုထမ်းတို့မှာ မီးပန်း မီးကျည် မီးနီ မီးဝါ မီးစိမ်း မီးပြာ မီးဖြူ မီးပန်းအလုပ်၊ မျက်လှည့်၊ ကြေးသွန်း၊ ယမ်းချက်၊ ယမ်းထောင်း၊ အမြောက်ဆံလုပ် အမှုတော်ထမ်းကြရသည်။ (ပေါ်တူဂီ စသော တိုင်းတပါးမှ လာရောက်သော လူမျိုးများကို ကုလားတိမ်ဟုဆိုလိုခြင်း ဖြစ်ပါသည်။)

မရမံအမှုထမ်းများမှာ ဘုရင်ကိုးကွယ်တော်မူသော ဆရာတော် သံဃာတော်များ၏ ကျောင်းဝစ္စပသာကုဋီများကိုသုတ်သင်ရသည်။ ယိုးဒယားအမှုထမ်းတို့မှာ အချက်အပြုတ်အလုပ်၊ ရေကြည်တော်ခပ်၊ ယိုးဒယားရာမဇာတ်ဖြင့် အမှုတော် ထမ်းကြရသည်။ မော်လမြိုင် ဒလဘက်အမှုထမ်းတို့မှာ သင်းဘောသမ္ဘန်လှေတော်လုပ် လက်သမား စသဖြင့် အမှုထမ်းကြရလေသည်။

ဤသို့ဖြင့် မြန်မာမင်းများ၏အုပ်ချုပ်စီမံပုံသည် သဘောထားပြည့်ဝ၍ လွတ်လပ်မှုရှိသည်။

ဆရာဦးဖေမောင်တင်၏ မြန်မာမင်းလက်ထက်တော်များ စာအုပ်တွင် ဤကဲ့သို့ ဖေါ်ပြပါရှိသကဲ့သို့ စာမျက်နှာ (၃၅)တွင် ပေးထားသောမှတ်ချက် ၁-၂ သည်လည်း စိတ်ဝင်စားဖွယ် တွေ့ရပြန်သည်။

(မှတ်ချက် ၁၊ ၂။ ။ဤယံ ကောင်စစ်ဂျင်နရယ်တို့ တည်းခိုသော အခွန်ဝန်မူလာအီဗရာဟင်၏ တိုက်နေရာသည် ယခုမန္တလေးမြို့ ၂၆ ဘီလမ်း၊ အာဇာနီလမ်း ရိုးကုမ္ပဏီတိုက်ပျက်ကြီး၏မြောက်ဖက် ဝင်းကြီးပင်ဖြစ်သည်။ စစ်မဖြစ်မီက မွတ်စလင်အမျိုးသား အထက်တန်းကျောင်းရှိသည်။ ယခုအခါ ကေဘီမော်တော်စတိုး ကားပျက်များထားသည်။ ဈေးချိုတော် မြောက်ဖက်တိုက်တန်းနှင့်ကပ်လျက် စူလတီဗလီ၌ သင်းချိုင်းဂူတခုတွင် မူလာအီဗရာဟင်၏သား မူလာအစ္စမံအလယ်သည် အဖရှိစဉ်ကပင် မင်းတရားကြီးလက်ထက်တော်၌ သူဌေးကြီးတို့အစီးအနင်းအဆောင်အရွက် မဟာဘောဂဓနရာဇာဘွဲ့နှင့်တကွ သူကောင်းပြုတော်မူသည်။ ယင်းနောက် သား မာန်အောင်  ရတနာစေတီတော်ဒါယကာသီပေါဘုရင်လက်ထက်တော်တွင် အခွန်ဝန် အကောက်ဝန် လောကဗိမာန် လှေတော်အုပ် ကျောက်ရဲမြို့စား မင်းလှစည်သူ ဘွဲ့အမည် အရည်နှင့် သူကောင်းပြုတော်မူသည်။ နောက် မြန်မာနိုင်ငံတော်ကို အရှင်အင်္ဂလိပ်အစိုးရ မင်းတို့ သိမ်းပိုက်အုပ်စိုးတော်မူရာ လူကြီးလူကောင်းမှန်သည့် အတိုင်း ခန်ဘဟာဒူးဟူသောဘွဲ့ကို ပေးသနားတော်မူ၍ မင်းသုံးဆက်တိုင် ရာထူးဌာနန္တရအမျိုးမျိုး သူကောင်းပြုတော်မူခြင်းကို ခံစံရသောမူလာအစ္စမံအလ်သည် သက္ကရာဇ် ၁၂၀၃ ခု ဒုတိယဝါဆိုလဆန်း ၁၁ ရက် တနင်္ဂနွေဘွား အသက် ၆၆ နှစ် သက္ကရာဇ်၁၂၆၇ နတ်တော်လဆန်း ၂ ရက် တနင်းလာနေ့ နံနက် ၅ နာရီအချိန် ထွက်ကသွာအေလာဟီရှိသည့်အတိုင်း အသျှင်မြတ်အမိန့်တော်ကို ခံရလေသည်}}စသည်ဖြင့် ကျောက်စာ ရေးထိုးထားလေသည်။)

သီပေါမင်းလက်ထက် ရွေးလက်ျာတပ်မှ ထိုးကွင်းမင်ကြောင်ဘောင်းဘီစွပ်နှင့် တွေ့ရသော တပ်မှူး ဦးရွှေဂုဏ် (အသက် ၇၆နှစ် အရွယ် ၁၃၀၀ပြည့်နှစ်က ရွှေဘိုခရိုင် ဘူးကြီးကျေးရွာတွင် ရိုက်ကူးပါသည်၊)
ရွှေဘို ဦးဘဦး ပြုစုစီရင်ရေးသားသော ရွှေမန်းအနှစ်တရာပြည့် ဗမာမွတ်စလင်တို့၏အထုပ္ပတ္တိ စာအုပ်မှ ကူးယူဖော်ပြပါသည်။

ထိုခေတ်ကာလသမိုင်းများ တစ်လျှောက်တွင်ပင် လူမျိုး ဘာသာထက် အရည်အချင်း အရည်အသွေးကို သာကြည့်၍ ဦးစားပေးရွေးချယ် ချီးမြှင့်မြှောက်စားခဲ့ကြကာ အရောင်အသွေးအစုံ ပြည်သူများ၏ ချစ်ကြည်လေးစားမှုကို မြန်မာဘုရင်များ ရရှိခဲ့ကြသည်။ မြန်မာနိုင်ငံတော်သည် သူ့ကျွန်ဘ၀ရောက်ခဲ့သော်လည်း ကျွန်ဘ၀ရောက်တဲ့ နိုင်ငံအများစုထက် စော၍ လွတ်မြောက်ခဲ့သလို ကျွန်ပြုခံကာလတစ်လျှောက်လုံးတွင်လည်း တိုင်းရင်းသားပေါင်းစုံ၏ နည်းမျိုးစုံ တော်လှန်မှုများကို ကာလအစဉ်အဆက် နယ်ချဲ့ များ ရင်ဆိုင်ခဲ့ရသည်။

ယနေ့အချို့ ပြောကြသလို တိုင်းတပါးသား ကျူးကျော်သူများ ဆိုပါက မိမိနိုင်ငံကိုသာ မိမိ အသက်ပေးချစ်ကာ စွန့်လွတ်ကြမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံရှိ မူရင်းနေထိုင်သူ တိုင်းရင်းသားအားလုံးသည် သမိုင်းကာလတစ်လျှောက်လုံး မြန်မာမင်းများ၏ ပျိုးထောင်ပေးခဲ့သော မိမိတိုင်းပြည် မိမိနယ်မြေကို ချစ်စိတ် တန်ဖိုးထားစိတ်များကြောင့်သာ ယခု လို ဘ၀ပေါင်းများစွာ ပေးဆပ်ခဲ့ကြခြင်း ဖြစ်ပါသည်။ သမိုင်းတွင် ပေးဆပ်ပြခဲ့သည် လုပ်ပြခဲ့သည် ဆိုသော စကားများသည် ၎င်းပုဂ္ဂိုလ်များ ကိုသာမက လူမျိုးအားလုံးကို စော်ကားသော စကားများပင်ဖြစ်သည်။ ပေးဆပ်ရဲသော လုပ်ရဲသောသတ္တိသည် လူတစ်ထောင်တွင် တစ်ယောက် မလုပ်နိုင်သော စိတ်ဓါတ်ဖြစ်သည်။ ပေးဆပ်ခြင်း၏ နောက်ကွယ်တွင် ဘ၀ပေါင်းများစွာ တန်ဖိုးထားမှုများစွာကို ပေးအပ်ခဲ့ရသည်ကို သိသင့်လှပေသည်။

သမိုင်းတွင် စုပေါင်း အား ကြောင့်သာ အောင်မြင်ခဲ့သည်များသာ ရှိပါသည်။ လူမျိုးတစ်မျိုးတည်း၏ တီထွင်မှုများကြောင့် ကမ္ဘာကြီး တိုးတက်မလာသည်ကို တွေ့မြင်နိုင်သလို ကူးလူးဆက်ဆံ ဖလှယ်ခြင်းကြောင့်သာ တိုးတက်လာခြင်းဖြစ်ပေသည်။

မြန်မာ့နိုင်ငံ၏ တိုးတက်မှုဏ္ဍစုံကို ပြန်လည်လေ့လာပါက နယ်ပယ်စုံတွင် ထူးချွန်ပြောင်မြောက်သူများသည် လူမျိုးစုံ အယူဝါဒစုံသူများ သာ ဖြစ်သည်။ စနစ်ဆိုးများ၏ အောက်တွင် ဘ၀သက်တမ်းတစ်ခုစာမျှ နေထိုင်ခဲ့ရသော မျိုးဆက်များသည် ဆိုးမွေများကို အများအပြား ရရှိခဲ့ကြပေသည်။

ဘက်နှစ်ဖက်ကိုကြည့်တတ်သော စိတ်ဓါတ်များ ပျက်သုဉ်းကာ တစ်ဖက်ဆွဲ စိတ်ဓါတ်များ ရင့်သန်လာခဲ့ကြသည်။ စနစ်၏ သားကောင်များ ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြရသည်။

တိုင်းပြည်တွင်းရှိ လူမျိုးပေါင်းစုံ စည်လုံးညီညွတ်ခြင်းကို ဘယ်တော့အခါမျှ မည်သည့်အာဏာရှင်များ  မနှစ်မြို့ နိုင်ပေ။ ထိုင်ခုံများတည်မြဲရေးအတွက် မဟာလူမျိုးကြီးဝါဒသည် အာဏာရှင်များ၏အသုံးချ နည်းဗျူဟာများထဲမှ သည်းခြေအကြိုက်တစ်ခု ပေဖြစ်သည်။ နေရာဒေသ နိုင်ငံကွာခြားသော်လည်း အာဏာရှင်ကြီးများ  အနည်းနဲ့ အများ ကျင့်သုံးခဲ့ကြသည်ကို သမိုင်းတွင် လေ့လာနိုင်ပေသည်။

ရွှေထီးဆောင်းခဲ့သည်များကို အရိုးဆွေးသည့်အထိ ပြန်လွမ်းနေခြင်း မဟုတ်သလို ဘာကြောင့် ရွှေထီးဆောင်းခဲ့ကြရသည်၊ ဘာကြောင့်ဇန်လျောခဲ့ကြသည် များကိုတော့  ပြန်လည် သုံးသပ်သင့်ပါက လေ့လာသင့်ပေသည်။ ကာလအပိုင်းအခြားကြောင့် ခေတ်ပြောင်းခဲ့ပင်မဲ့ အချို့ သမိုင်းများသည် တစ်ပတ်လည် လာသည်။ ထိုအခါ သမိုင်းထဲက အမှားများကို ပြန်လည်သုံးသပ်မှုမရှိကာ သမိုင်းဟောင်းများထဲက အမှားများအတိုင်း ပြန်လည်မကျူးလွန်ဖို့ကိုတော့  သတိပြုသင့်လှပေသည်။


အစ္စလာမ်သာသနာသို့ ကူးပြောင်းခဲ့ သည့် ဌာနေတိုင်းရင်းသားအကြာင်းသြစတေးလျ ရုပ်သံမှလွှင့် ထုတ်

  အစ္စလာမ်သာသနာသို့ ကူးပြောင်းခဲ့ သည့် ဌာနေတိုင်းရင်းသားအကြာင်းသြစတေးလျ
ရုပ်သံမှလွှင့် ထုတ်...........
အောက်တိုဘာ ၁၆ ၊ ၂၀၁၄
အစ္စလာမ်သာသနာနှင့် ပတ်သက်၍ လူအများမကြားဖူးသော ပုံရိပ်တစ်ခုကို ဖော်ပြရန် ရည်ရွယ်၍ အစ္စလာမ်သာနာသို့ ပြောင်းလဲ သက်ဝင်ခဲ့ကြသော သြစတေးလျ ဌာနေတိုင်းရင်းသားများ အကြောင်း အစီအစဉ်တစ်ခုကို သြစတေးလျ SBS ရုပ်သံမှ စတင် ထုတ်လွှင့်ခဲ့သည်ဟု သိရသည်။

အဆိုပါအစီစဉ်ကို The Feed ဟု အမည်ပေးထားပြီး အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ကြသည့် ဌာနေတိုင်းရင်းသားများ၏ အစ္စလာမ်အပေါ်အမြင်၊ အစ္စလာမ်နှင့် ၎င်းတို့၏ ဘ၀၊ အစ္စလာမ်သာသနာအား ပြောင်းလဲသက်ဝင်ပုံ စသည်တို့ကို ထုတ်လွှင့်တင်ဆက်သွားမည် ဖြစ်သည်။

“သြစတေးလျ ဌာနေ တိုင်းရင်းသား မွတ်စလင် တစ်ယောက်ဖြစ်ရတာကို ကျွန်မ ဂုဏ်ယူပါတယ်။ ကျွန်မ ၀တ်ပြုတဲ့အခါ၊ အလ္လာဟ်အရှင်မြတ်နဲ့ ဆက်သွယ်တဲ့အခါတွေမှာ နက်ရှိုင်းတဲ့ တည်ငြိမ် အေးချမ်းမှုကို ရပါတယ်။ အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ခြင်းမပြုမီက ဒီလိုမျိုး ကျွန်မ မခံစားခဲ့ရဖူးပါဘူး” ဟု သြစတေးလျ အန်ဂလို ဌာနေတိုင်းရင်းသူ ဆာရာက The Feed အစီအစဉ်တွင် ပြောကြားခဲ့သည်။

ဆာရာမှာ နယူးဆောက်သ်ဝေးလ် ပြည်နယ်တွင် မွေးဖွား ကြီးပြင်းခဲ့သူဖြစ်ပြီး စိတ်ပညာဖြင့် ဘွဲ့ရထားသူဖြစ်သည်။ အစ္စလာမ် သာသနာကို လက်ခံရန်အတွက် သုတေနပြုခြင်းများ၊ စာအုပ်ဖတ်ခြင်း၊ အွန်လိုင်းမှ အစ္စလာမ်နှင့် သက်ဆိုင်သော ပို့ချချက်များ နားထောင်ခြင်းတို့ကို ပြုလုပ်ခဲ့ရပြီး အစ္စလာမ်သို့ ပြောင်းလဲရန် ဆုံးဖြတ်ချက်ကို ပျော်ရွှင်စွာပင် ချမှတ်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒီအစဉ်ကိုကြည့်ကြမယ့် သြစတေးလျတွေအတွက် ကျွန်မပေးချင်တဲ့ သတင်းစကားကတော့ ကျွန်မတို့အားလုံးဟာ ဘာမှ မကွာဘူးဆိုတာပါပဲ။ ကျွန်မဟာ သြစတေးလျတစ်ယောက် ဖြစ်တယ်။ ကျွန်မသွေးကနီတယ်။ ဒါပေမယ့် ဒါဟာ ဘ၀အတွက် ကျွန်မရဲ့ ရွေးချယ်မှုပါ။ ပ၀ါဆောင်းလိုက်တာကလွဲလို့ ကျွန်မဟာ အရင်က ကျွန်မပါပဲ” ဟု သူမကဆိုသည်။

အခြားဌာနေတိုင်းရင်းသား မွတ်စလင်တစ်ဦးဖြစ်သူ လုကေးကလည်း အစ္စလာမ် သာသနာမှာ မီဒီယာများတွင် ၀ါဒဖြန့်သကဲ့သို့မဟုတ်ဘဲ၊ မိမိဘ၀အား ငြိမ်းချမ်းမှု ပေးခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

“ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်နေတာတွေ ဒါမဟုတ် သြစတေးလျမှ ဖြစ်နေတာတွေအားလုံးဟာ စစ်မှန်တဲ့အစ္စလာမ်နဲ့ ပတ်သက်ပြီး ကျွန်တော်ရဲ့ အမြင်ကို တိမ်းစောင်းစေလိ့မ်မယ်လို့ မထင်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ အစ္စလာမ်ကို ကျွန်တော် ပိုနားလည်ပါတယ်” ဟု လုကေးက ဆိုသည်။

မီဒီယာများတွင် ဖော်ပြသော အစ္စလာမ်အကြောင်းနှင့် ပတ်သက်၍ ဆာရာက

“နိုင်ငံရပ်ခြားမှာ ဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအားလုံးကို ကျွန်မကြားပါတယ်။ ကျွန်မရဲ့ ဘ၀လ မ်းညွှန်ဖြစ်တဲ့ ကုရ်အာန် ကျမ်းတော်မြတ်ကို ကောက်ကိုင်လိုက်တဲ့ အခါ ဒီအထဲမှာ လူတွေကိုနှိပ်စက် ခိုင်းတာ၊ ပဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေ လုပ်ခိုင်းတာမျိုး မတွေ့ရပါဘူး” ဟု ပြောကြားခဲ့သည်။

အဆိုပါ The Feed အစီအစဉ်ကို တင်ဆက်သူ ပက်ထရစ် အက်ဘော့ကမူ ထိုအစီအစဉ်မှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ကြသည့် သြစတေးလျ နိုင်ငံသားများ၏ ဘ၀ကို ပြသရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ခဲ့ကြတဲ့ အန်ဂလို-သြစတေးလျန်း ဌာနေတိုင်းရင်းသားတွေကို ကျွန်တော် မြင်တွေ့ချင်ပါတယ်။ ဒါဟာ သြစတေးလျက အစ္စလာမ့် လူ့အဖွဲ့အစည်းထဲမှာ သိပ်မပြောကြတဲ့ ကိစ္စပါ” ဟု ပက်ထရစ်က ဆိုသည်။

သြစတေးလျ သစ်လွင်မွတ်စလင်များအသင်းမှ ဥက္ကဌ ကန်နာဝတ္တီကလည်း အဆိုပါ The Feed အစီအစဉ်မှ တစ်ပတ်လျှင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာသည့် သြစတေးလျ ဌာနေတိုင်းရင်းသား ၃၊ ၄ ဦး၏ အကြောင်းကို ဖော်ပြနိုင်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

“အခုအခြေအနေမျိုးမှာ ကျွန်တော်တို့ကို ရန်သူတစ်ယောက်လို ခြားနားတဲ့ ပုံစံမျိုးနဲ့ကြည့်တာမျိုး ခံနေရပါတယ်။ ဒါ့ကြောင့် “အစ္စလာမ်ဟာ ဘာလဲ” ဆိုတာနဲ့ ပတ်သက်ပြီး သိရှိအောင်လုပ်ဖို့ လူ့အဖွဲ့အစည်းကို တောင်းဆိုပါတယ်။ ကြောက်ရွံ့မှုတွေကို ဖယ်ရှားပြီး တံတားတွေထိုးကြပါ။ ကျွန်တော့်ရဲ့အယူဝါဒကို မကောင်းမြင်တာမျိုးကို ကျွန်တော် မလိုချင်သလို ကျွန်တော်နဲ့ ကျွန်တော့်ဇနီး၊ ကလေးတွေကို ကျွန်တော်တို့ နိုင်ငံသားတွေက ကြောက်ရွံ့စိတ်နဲ့ ကြည့်တာမျိုးကိုလည်း မလိုချင်ပါဘူး။ ဒါ့ကြောင့် ဒီအစဉ်အစဉ်ကို အနာဂတ်အတွက် လုပ်ဆောင်နေတာပါ” ဟု ကန်နာဝတ္တီက ဆိုသည်။

Wednesday, 15 October 2014

၂၀၁၅ခုနှစ်တွင်မြန်မာပြည်ဍ္ဍ် KFC ကြက်ကျော်ဆိုင်ဖွင့် လစ်တော့ မည်

– ၂၀၁၅ ခုနှစ်၌ KFC ကြက်ကြော်ဆိုင်ခွဲများ စတင်ဖွင့်လှစ်ရန်အတွက် ကမ္ဘာကျော် KFC ကြက်ကြော်ဆိုင်၏ မိခင် ကုမ္ပဏီဖြစ်သော Yum! Brands မှာ စင်ကာပူတွင် အခြေစိုက် ရိုးမ မဟာဗျူဟာ ဟိုလ်းဒင်း ကုမ္ပဏီနှင့် ဆက်သွယ်ကာ သဘောတူညီချက် ရခဲ့သည်ဟု သိရသည်။
Yum! ကုမ္ပဏီမှာ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် ဆောင်ရွက်ခြင်းက ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်ရေး မဟာဗျူဟာအား အကောင်အထည်ဖော်ခြင်းဖြစ်ကာ၊ KFC မှာ မြန်မာနိုင်ငံအား အာရှစီးပွားရေးတွင် အရေးပါသည့် နိုင်ငံအဖြစ် ရှုမြင်သည်ဟု KFC အမှုဆောင် အကြီးအကဲ မစ်ကီပန်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ရိုးမမဟာဗျူဟာ ဟိုလ်းဒင်းမှာ စင်ကာပူအခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် အိမ်ခြံမြေလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာရေး ကဏ္ဍများအပါအ၀င် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်သည်။
အဆိုပါ ရိုးမကုပ္ပဏီ၏ အမှုဆောင်ဥက္ကဌဖြစ်သူ ဆာဂျီပွန်ကမူ ကြက်သားမှာ မြန်မာနိုင်ငံတွင် ပရိုတိန်းရရှိသော အဓိကအစားသောက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“KFC မြန်မာနိုင်ငံမှာ ဖွင့်ခြင်းဟာ မြန်မာ့ အစားသောက်လုပ်ငန်းမှာ အဓိကကုမ္ပဏီတစ်ခုဖြစ်လာရေး  ရိုးမကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကို အောင်မြင်ဖို့ အရေးပါတဲ့ ခြေလှမ်းဖြစ်ပါတယ်” ဟု မစ္စတာ ပွန်ကဆိုပြီး စားသုံးသူ ၂.၅ သန်းမှ ၂၀၃၀ ခုနှစ်တွင် စားသုံးသူ ၁၉ သန်းအထိတိုးတက်လာရေး မျှော်မှန်းထားသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
Yum! Brands ကုမ္ပဏီမှာ Pizza Hut နှင့် Taco Bell စသည့် အသင့်စား အစားသောက်ဆိုင်များကိုလည်း ဖွင့်လှစ်ထားပြီး ထိုကုမ္ပဏီမှ ဖွင့်လှစ်ထားသည့် KFC ၏ ကြက်သားအခြေပြု အစားသောက်များမှာ အလျင်အမြန် တိုးတက်နေသော တံဆိပ်များမှ တစ်ခုလည်းဖြစ်သည်။
KFC မှာ ယခုလက်ရှိတွင် ကမ္ဘာတစ်ဝှမ်း ဆိုင်ပေါင်း ၁၄၀၀၀ ခန့်ကို ဖွင့်လှစ်ထားပြီး ၂၀၂၀ ခုနှစ်တွင် ၂၀၀၀၀ အထိဖွင့်လှစ်ရန် စီစဉ်ထားသည်။

ကမ္ဘာသတ္တမမြောက်အကြီးဆုံးဗလီဝတ်ကြောင်းတခုပါကိစ္စတန်တွင်ဖွင့် လှစ်

ကမ္ဘာသတ္တမမြောက်အကြီးဆုံးဗလီဝတ်ကြောင်းတခုပါကိစ္စတန်တွင်ဖွင့် လှစ်
------------------------------------------------------------------------------------
– ကမ္ဘာ့သတ္တမမြောက် အကြီးဆုံး ဗလီဝတ်ကျောင်းတော်အား ပါကစ္စတန်နိုင်ငံတွင် အောက်တိုဘာ ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ထောင်းပေါင်း များစွာသော ၀တ်ပြုသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

Bahria Town Grand Jamia Masjid ဟု အမည်ပေးထားသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်အား လာဟိုးရှိ ဘဟ်ရီယာမြို့တွင် ဆောက်လုပ်ထားကာ ပါကစ္စတန်သမ္မတဟောင်း အာဆစ်ဖ် အလီဇာဒါရီက တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

“ဒီဗလီဝတ်ကျောင်းတော်ဟာ မွတ်စလင်ကမ္ဘာတစ်ဝှမ်းမှာ ပါကစ္စတန်ရဲ့ အမှတ်သညာတစ်ခုဖြစ်လာမှာပါ” ဟု ဗလီဝတ်ကျောင်းတော်တည်ရှိရာ ဘဟ်ရီယာမြို့ မြို့တော်ဝန် မာလစ်ရီအာ့ဇ် က Express Tribune သတင်းဌာနသို့ အောက်တိုဘာ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါဗလီဝတ်ကျောင်းတော်၏ အဓိက၀တ်ပြုဆောင်တွင် ၀တ်ပြုသူပေါင်း ၂၅၀၀၀ခန့် ၀တ်ပြုနိုင်ပြီး ဗလီဝတ်ကျောင်းတော် ပရုဏ်အတွင်း တစ်ချိန်တည်း လူပေါင်း ၇၀၀၀၀ ၀တ်ပြုနိုင်သည်။

ဗလီဝတ်ကျောင်းတော်၏ အမှတ်အသားဖြစ်သည့် အမိုးခုံး ၂၁ ခု ပါဝင်ပြီး၊ ၁၆၅ ပေမြင့်သည့် မင်နာရတ် ၄ ခုပါဝင်သော အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ကမ္ဘာ့ သတ္တမမြောက်အကြီးဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်လာမည်ဖြစ်ပြီး ပါကစ္စတန်၏ အကြီးဆုံး ဗလီဝတ်ကျောင်းတော်လည်း ဖြစ်သည်။

ဗလီဝတ်ကျောင်းတော်၏ အခင်းအား သလင်းကျောက်ဖြင့် ပြုလုပ်ထားပြီး၊ မျက်နှာကျက်တွင် အထူးပြုလုပ်ထားသော မီးဆိုင်းများဖြင့် အလှဆင်ထားသည်။ အဓိက ၀တ်ပြုဆောင်တွင်လည်း မှန်စီရွှေချ မျက်နှာကျက်များကို တပ်ဆင်ထားသည်။

အဆိုပါ ဗလီ၏ ဒုတိယထပ်မှာ အမျိုးသမီးများအတွက် ၀တ်ပြုဆောင်ဖြစ်ပြီး မဂိုရိုးရာ ဗိသုကာ လက်ရာများဖြင့် တည်ဆောက်ထားသည်။

အစ္စလာမ်အနုပညာလက်ရာများကို ပြသရန်ပြခန်းနှင့် အစ္စလာမ်ဓမ္မသင်တန်းများသင်ကြားပို့ချပေးနိုင်မည့် အခန်းများကို ဗလီဝတ်ကျောင်းတော်၏ မြေအောက်ပိုင်းတွင် ဆောက်လုပ်လျက်ရှိနေပြီး လာမည့် လအနည်းငယ်အတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

မြို့အတွင်း သေးငယ်သော ဗလီဝတ်ကျောင်းတော်များတွင် ၀တ်ပြုနေရသည့် ဘီဟာရ် မြို့မှ ဒေသခံများကမူ လူထောင်းပေါင်းများစွာ ၀တ်ပြုနိုင်သည့် အဆိုပါ ဗလီဝတ်ကျောင်းတော် ရရှိခြင်းအတွက် ပျှော်ရွှင်လျက်ရှိနေသည်။

ပါကစ္စတန်နိုင်ငံတွင် လူဦးရေ သန်းပေါင်း ၁၈၀ ကျော်ရှိပြီး ၉၅ ရာခိုင်နှုန်းမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။

Tuesday, 14 October 2014

မွတ်စလင်အမျိုးသမီးများထိမ်းမြားခြင်းမပြုမီသတိပြုစရာအချက်(၈)ချက်


မွတ်စလင်အမျိုးသမီးများထိမ်းမြားခြင်းမပြုမီသတိပြုစရာအချက်(၈)ချက်
ကိုတင်ပြင်ဆင်မှု မရှိပဲ ထိမ်းမြားရေး အတွက် အဆောတလျင် အစ္စလာမ်ဘာသာ ကူးပြောင်း ၀င်ရောက်ခြင်းက ပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အစ္စလာမ့်ဘောင်ဝင်ရောက်ခြင်း သက်သေခံ စကားရပ်ကနေ “ကျွန်မ သဘောတူပါတယ်ရှင့်” လို့ ပြောဆိုတဲ့အထိ အစ္စလာမ်သာသနာကို လက်ခံပြီးကာစ သစ်လွင် မွတ်စ်လင်မ် အမျိုးသမီးများဟာ အစ္စလာမ်သာသနာအကြောင်း လောက်လောက်လားလား မသိရှိမီ မိမိတို့ဟာ မွတ်စ်လင်မ်တွေပါဆိုလို့ ထိမ်းမြားမှု မင်္ဂလာ ပြုလုပ်လိုက်လေ့ရှိကြတယ်။

လူတိုင်းရဲ့ အခြေအနေက မတူညီကြပါဘူး။ အချို့သော သစ်လွင် မွတ်စ်လင်မ်အမျိုးသမီးတွေဟာ မိမိတို့လက်ခံတဲ့ ယုံကြည်ချက်အသစ်မှာ အားကောင်း သန်စွမ်းလာအောင်၊ လမ်းပြပေးနိုင်အောင် တကယ့် လက်တွဲဖော်ကောင်းများကို ရှာဖွေကြတယ်။ တချို့ကျပြန်တော့ လက်ထပ် ထိမ်းမြားပြီး များမကြာခင်မှာပဲ မိမိခင်ပွန်းက ဘာသာရေး ကိုင်းရှိုင်းလေးစားသူ မဟုတ်ကြောင်း ဘွားကနဲတွေ့လိုက်ရပြန်ရော။ တချို့ကလည်း မိမိတို့ စိတ်ကူးထားသလို ဘယ်လိုမှ ပေါင်းဖက် မရနိုင်တာ မြင်သွားတာမျိုး ရှိပြန်ပါတယ်။

ထိမ်းမြားရေးကို စဉ်းစားကြတော့မယ့် သစ်လွင် မွတ်စ်လင်မ်အမျိုးသမီး အဖို့ အစ္စလာမ်သာသနာနဲ့ ပတ်သက်ပြီး – မိမိဖြစ်လိုတဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သေသေချာချာ သိအောင် ကိုယ်တိုင်သိထားဖို့ လိုပါတယ်။ ဟန်းနီးမွန်း မထွက်ခင် သို့တည်းမဟုတ် သတို့သမီးဝတ်စုံ မဆင်မြန်းခင် သူမအတွက် သတိထား သုံးသပ်အပ်တဲ့ အချက်တွေကတော့ ……………
၁။ ထိမ်းမြားခြင်း ပဋိညာဉ်
—————————-
အမျိုးသမီးအများအပြားဟာ သက်ဝင်ယုံကြည်မှု ကူးပြောင်းလိုက်ပြီး မရှေးမနှောင်းမှာပဲ သတိ လက်လွတ် ထိမ်းမြားလက်ထပ်ခြင်း ပြုလုပ်လိုက်လေ့ရှိကြတယ်။ အစ္စလာမ့်ထိမ်းမြားမှုရဲ့ပဋိညာဉ်ထဲမှာ ဇနီးလောင်း တစ်ဦးအနေနဲ့ မိမိဖက်က (တရားနည်းလမ်းကျသော) တောင်းဆိုနိုင်တဲ့အချက်တွေကို စည်းကမ်းသတ်မှတ်ချက် အဖြစ် ထည့်သွင်းခွင့် ရှိနေပါတယ်။ ခင်ပွန်းလောင်းက အဲ့ဒီ စည်းကမ်းချက်တွေကို သဘောတူလိုက်နာရပါတယ်။ သဘောမတူဘူးဆိုရင် အဲ့ဒီ ထိမ်းမြားမှု တရားမ၀င်ဘူးလို့ သတ်မှတ်နိုင်ပါတယ်။

အစ္စလာမ့်ထိမ်းမြားခြင်း ပဋိပညာဉ်ဟာ အမျိုးသမီးရဲ့အကျိုးစီးပွားကို ကာကွယ်ပေးသော ခံစားခွင့်ဆိုင်ရာ စာချုပ်စာတမ်းတစ်မျိုးပါပဲ။ မိမိအတွက် အရေးကြီးတဲ့အချက်တွေကို (မတရားတောင်းဆိုမှုမျိုး မဖြစ်စေပဲ) ထည့်သွင်းပြီးမှ စာချုပ်လက်မှတ်ထိုးနိုင်ပါစေ။

၂။ နိုင်ငံသားဖြစ်မှု
——————-
ချစ်ညီအစ်မတွေ တော်တော်များများက ဒီထောင်ချောက် လမ်းကြောင်းထဲ တိုးဝင်မိကြတယ်။ သစ်လွင်မွတ်စ်လင်မ်အမျိုးသမီးရဲ့တိုင်းပြည်မှာ နိုင်ငံသားဖြစ်ခွင့်ရရှိရေးမျှ ရည်ရွယ်ထားတဲ့ အမျိုးသားဆီက ထိမ်းမြားရေးကမ်းလှမ်းမှု သို့မဟုတ် မေတ္တာနှောင်ဖွဲ့မှု ဇာတ်လမ်းမျိုးတွေ ရှိပါတယ်။ နိုင်ငံသားလည်း ရရော၊ တန်းပြီးတော့ ခွာထုတ်တော့တာပါပဲ။ တချို့ဆိုရင် ကလေးတွေ တွဲလောင်း – ပိုင်ဆိုင်မှုကလည်း မယ်မယ်ရရ မရှိ၊ ကျန်ရစ်ခဲ့ကြ ……..။

ဒါဟာ စိတ် မသက်သာစရာဖြစ်ပေမယ့်လည်း မကြာခဏဆိုသလို ဖြစ်ပျက်တွေ့မြင်ရတာကြောင့် သတိထားရပါလိမ့်မယ်။ တစ်နိုင်ငံတည်းသားမဟုတ်သူ မိမိဆီကို ရွှေ့ပြောင်းရောက်လာ အခြေချမယ်ဆိုပြီး တစ်ဦးဦးက ထိမ်းမြားရေး ကမ်းလှမ်းလာပြီဆိုရင် ယုံစားပုံအပ်ဖို့ စိတ်မကူးလိုက်ပါနဲ့ဦး။ တကယ်လို့ ပြည်ဝင်ခွင့် တစ်စုံတစ်ရာပင်လျှင် မရရှိသေးသူကို လက်ထပ်ဖို့ စဉ်းစားနေတယ်ဆိုခဲ့ယင် သူဟာ တကယ့်ကို ပြည်ဝင်ခွင့်ရရှိသူလား၊ မိမိအပေါ်ကမ်းလှမ်းမှုနဲ့ ဗီဇာရယူမယ့်သူလားဆိုတာ သူ့အလုပ်ရှင်ကနေတဆင့် သေချာအောင် စိစစ်စုံစမ်းလိုက်ပါ။ ဒါက အကောင်းဆုံး ခံစစ်လမ်းကြောင်းပါပဲ။

၃။ အခြေချနေထိုင်ရာဌာန
—————————-
နိုင်ငံသားကိစ္စရဲ့ဆန့်ကျင်ဖက်တစ်ခုကတော့ သစ်လွင်မွတ်စ်လင်မ် အမျိုးသမီး အများအပြားဟာ မိမိဇာတိမှာ မနေလိုတဲ့ အမျိုးသားတွေကို လက်ထပ်တာကို တွေ့ရတယ်။ တကယ်လို့ မိမိခင်ပွန်းလောင်းအနေနဲ့ မိမိကို သူ့တိုင်းပြည်မှာ နေထိုင်သွားစေချင်နေတယ်ဆိုရင် အဲ့ဒီကိစ္စရဲ့အဓိကအချက်ကို သိနားလည်ထားဖို့ လိုအပ်ပါမယ်။ လိုက်လျောညီထွေ နေသွားနိုင်မလား၊ မိမိအတွက် အဆင်ပြေနေတဲ့ အရာတွေကို ထားရစ်ခဲ့နိုင်မလား ?

မိမိဇာတိနယ်ကနေ အဲ့ဒီတိုင်းပြည်ကို ပြောင်းရွှေ့အခြေချနေထိုင်သူတွေရဲ့ အတွေ့အကြုံ၊ နေထိုင်ရှင်သန်ပုံတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းကနေတဆင့် ဆက်သွယ်မေးမြန်းထားပါ။ ဒါဟာ ရှေ့ရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

၎။ အနာဂတ် ရည်မျှော်ချက်
—————————–
မိမိ ခင်ပွန်းလောင်းဖက်က အနာဂတ် အစီအစဉ်တွေကို သိနားလည်ထားဖို့က တော်တော်လေး အရေးကြီးပါတယ်။ မိမိအနေနဲ့ ကျောင်းပြန်တက်ပြီး ဘွဲ့လွန်ယူဖို့ စိတ်ကူးထားသော်လည်း မိမိကို အိမ်ထောင်ရှင်မ အဖြစ်နဲ့သာ သူက ဆန္ဒရှိနေသလား၊ အိမ်တွင်းထဲမှာပဲ နေစေချင်သလား၊ မိမိကို ရှေ့ဆောင်မြှင့်တင်သူဖြစ်လေမလား၊ သို့မဟုတ် ကန့်သတ် တားဆီးမယ့်သူလေလား ? ဒါတွေဟာ စဉ်းစားသုံးသပ်ရမယ့် မေးခွန်းတွေ ဖြစ်ပါတယ်။ ဒီအဖြေများက မဆင်မခြင် ဆုံးဖြတ်ချက်နဲ့ အသည်းကွဲအထီးကျန်မှုကနေ ရှောင်ရှားနိုင်အောင် ကူညီပေးပါလိမ့်မယ်။

၅။ ခင်ပွန်းကောင်း ဖြစ်နိုင်ချေရှိမရှိ
—————————————-
မိမိအလေးထားတဲ့ အိမ်မှုကိစ္စ၊ အချစ်ရေး အစရှိတာတွေအပေါ် ဆွေးနွေးပြီဆိုရင် ခင်ပွန်းလောင်းရဲ့ မျှော်မှန်းထားမှုအပေါ် ချိန်ဆညှိနှိုင်းတတ်ရပါမယ်။ အိမ်တွင်းရေးရာမှာ ဘယ်သူ အဓိကတာဝန်ယူမလဲ၊ မောင်တစ်ထမ်း မယ်တစ်ရွက်လား၊ ကလေးရလာတဲ့အခါ သို့မဟုတ် အကောင်ဗလောင်လေးတွေ မွေးကြတဲ့အခါ အိမ်မှုကိစ္စဆောင်ရွက်ရေးမှာ အရင်အတိုင်းပဲလား အပြောင်းအလဲရှိမလား၊ အပြန်အလှန် ဘယ်လိုမေတ္တာထားနားလည်ဖို့ မျှော်လင့်ထားသလဲ၊ အိမ်ထောင်မကျခင်က လိုက်လျောမှုတွေအတိုင်း ရရှိနိုင်မလား၊ မိမိ လိုလားမှုနဲ့ ဆန္ဒတွေအပေါ် တစ်ဦးနဲ့တစ်ဦး အတွင်းကျကျ ပြောဆိုဆွေးနွေးနိုင်ပါ့မလား ?

၆။ ယုံကြည်ချက် ချိန်ခွင်လျှာ
——————————–
အလ္လာဟ်အရှင်မြတ်ရဲ့နှစ်မြို့မှုအတွက် အကောင်းဆုံး လုပ်ဆောင်ပြုမူသူ မွတ်စ်လင်မ်တွေ အများအပြား ရှိကြပါတယ်။ ဒါပေမယ့် အချို့က အမည်ခံ မွတ်စ်လင်မ် ဖြစ်ကောင်းဖြစ်နေ တတ်တယ်လေ။ သစ်လွင် မွတ်စ်လင်မ်တစ်ဦးအနေနဲ့ ဒါကို ရှင်းရှင်းလင်းလင်း မသိကြဘူး။ ဒါက သိပ်အရေးပါတဲ့အချက်ဖြစ်ပါတယ်။

မိမိရဲ့ အယူဝါဒသစ်အကြောင်းကို သိနားလည်လာတာနဲ့ အမျှ ခင်ပွန်းဖြစ်သူရဲ့ သာသနာကိုင်းရှိုင်းမှုမရှိခြင်းအပေါ် အကြီးအကျယ် မနှစ်မြို့ခြင်း ဖြစ်လာတတ်ပါတယ်။ သူ့ကို ကောင်းရာတိုက်တွန်းတဲ့အခွင့်အရေး ရှိတယ်ဆိုရင်တော့ သူ့ပေါ်မူတည်ပြီး ဘယ်လိုမဆို ဆုံးဖြတ်ချက်ချနိုင်ပါလိမ့်မယ်။

ဒါကြောင့် နေ့စဉ်ဆွလာသ်ငါးကြိမ် ၀တ်ပြုသလား၊ ရမ်ဿွာန်လမှာ ဥပုသ်သီလစောင့်ထိန်းသလား၊ ဇကာ့သ်အပါအ၀င် အလှူဒါနပြုလေ့ရှိသလား၊ မိမိနဲ့အတူ (တစ်ချိန်မှာ) ဟဂ်ျခရီးသွားဖို့ အစီအစဉ်ရှိသလား၊ သာသနာ့ရေးရာတွေကို မိမိနဲ့အတူ သင်ပေး/သင်ယူ/လေ့လာမှုတွေ ပြုလုပ်သွားလိုသလား စသဖြင့် ခင်ပွန်းလောင်းကို မေးမြန်းထားပါ။

၇။ ယဉ်ကျေးမှု ပြဿနာ
————————-
မိမိဝင်ရောက်မယ့် ခင်ပွန်းလောင်းရဲ့မိသားစုအသိုင်းအ၀ိုင်းထဲက ယဉ်ကျေးမှုတွေကို လေ့လာထားပါ။ တကယ်လို့ မိမိနဲ့ယဉ်ကျေးမှု မတူညီသူတစ်ဦးဦးကို လက်ထပ်ထိမ်းမြားမယ်ဆိုရင် ယဉ်ကျေးမှုဆိုင်ရာ ဖိအားပေးမှု ကြုံတွေ့ရတတ်တယ်။ တချို့ကျတော့ အိုကေ ဖြစ်ပေမယ့် တချို့မှာတော့ မိမိရဲ့ပင်ကိုယ်မူဟန်တွေကို ပုံပြောင်းလိုစိတ် မရှိတတ်ဘူးလေ။

မိသားစုတိုင်း မတူကွဲပြားတာ ရှိနေကြပါတယ်။ (ယဉ်ကျေးမှု မတူညီဘူးဆိုရင်) ခင်ပွန်းလောင်းနဲ့ တင်ကြိုဆွေးနွေးပါ။ သူ သို့မဟုတ် သူ့မိသားစုက မိမိကို သူတို့ဓလေ့နောက် လိုက်စေချင်တာမျိုးရှိမရှိ မေးမြန်းဖို့ လိုအပ်ပါမယ်။

၈။ မယားပြိုင်စနစ်
——————–
မွတ်စ်လင်မ် အမျိုးသားတွေဟာ (အကြောင်းကြောင်းကြောင့်) အမျိုးသမီးလေးဦးအထိ ထိမ်းမြားနိုင်ခွင့် ရှိပါတယ်။ ဒါက မိမိဟာ သဘော မတူပေမယ့်လည်း မယားပြိုင်များ အနက် အပါအ၀င် ဖြစ်သွားမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မိမိရဲ့ခင်ပွန်းလောင်းမှာ ထိမ်းမြားထားပြီးသူ ရှိ/မရှိ၊ အခြားအမျိုးသမီးတွေကိုလည်း အလျဉ်းသင့်သလို ထိမ်းမြားဖို့ ရည်ရွယ်ထား မထား မေးမြန်းထားရပါမယ်။

တကယ်လို့ သူက အိမ်ထောင်ရှိနှင့်ပြီးသား သို့မဟုတ် နောက်ထပ်ထိမ်းမြားဖို့ ဆန္ဒရှိနေပြီး မိမိအတွက် အဆင်မပြေနိုင်ဘူးဆိုရင် ရှေ့ဆက်မတိုးတာ ပိုကောင်းပါတယ်။ တကယ်လို့ ဇနီးသည်လေးဦးထဲ အပါအ၀င်ဖြစ်တဲ့ အပေါ် လက်ခံနိုင်ရင်တော့ မိမိဆန္ဒအပေါ်သာ မူတည်ပါတယ်။ ဒါပေမယ့် တစ်လင်တစ်မယားစနစ်ကိုသာ လက်ခံတဲ့ တိုင်းပြည်မှာ နေထိုင်မယ်ဆိုရင် အဲ့ဒီဥပဒေအတိုင်း လိုက်နာဖို့ သဘောတူညီချက် ရယူရပါလိမ့်မယ်။ မယားပြိုင်စနစ်ဆိုတာ ရွေးချယ်ခွင့်ခေါင်းစဉ်အောက်က ကိစ္စဖြစ်ပါတယ်၊ လိုအပ်ချက်ဆိုင်ရာ ကိစ္စ မဟုတ်ပါဘူး။ မိမိတို့မှီတင်းနေထိုင်တဲ့တိုင်းပြည်က ဥပဒေကို လိုက်နာရမယ့်တာဝန် ရှိပါတယ်။

ယှဟာဒဟ် (အစ္စလာမ်ကို လက်ခံယုံကြည်ကြောင်း သက်သေခံစကား) ပြောကြားသလိုပါပဲ – “ကျွန်မ သဘောတူပါတယ်”လို့ ပြောဆိုခြင်းသည်လည်း ဘ၀အပြောင်း အလဲဖြစ်စေတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ဖြစ်ပါတယ်။ မိမိရွေးချယ်တာ မှန်ကန်ခဲ့ရင် ဘ၀ဟာ ပိုပြီးတော့ အဓိပ္ပာယ်ရှိပြီး သာယာလာပါမယ်။ ဒါကြောင့် မိမိတို့ရဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ပွင့်လင်းစွာ တိုက်ရိုက်ဆွေးနွေးခြင်းအားဖြင့် မှန်ကန်တဲ့ ဘ၀ကြင်ဖော်များ ဖြစ်လာကြပါစေလို့ ………။
Theresa Corbin ၏ 8 essential points new Muslimahs must consider before marriage ဆောင်းပါးကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။


Saturday, 11 October 2014

ဘက္ကရီအစ်နေ့ ကMMရောင်နတ်ဗလီမှမိတ္ထီလာတွင်အသားများဝေငှ

  ဘက္ကရီအစ်နေ့ ကMMရောင်နတ်ဗလီမှမိတ္ထီလာတွင်အသားများဝေငှ
အောက်တိုဘာလ ၆-ရက်နေ့တွင် ကျရောက်ခဲ့သည့် အီးဒ်နေ့တွင် မိတ္ထီလာမြို့ရှိ ဆင်းရဲနွမ်းပါးသူများ၊ အကြမ်းဖက်ခံ ဒုက္ခသည်များအတွက် MM နောင်နတ်ဗလီမှ အသားများ ပေးဝေလှူဒါန်းခဲ့ကြောင်း သိရပါတယ်။

MM ရောင်နတ်ဗလီမိသားစုဝင်များမှ ကုရ်ဘာနီပြုလုပ်ရန် နွား ၃၅-ကောင် လှူဒါန်းခဲ့ပြီး မိတ္ထီလာမြို့ပေါ်ရှိ အကြမ်းဖက်ခံ ဒုက္ခသည် စခန်းများဖြစ်သည့် ရေအရင်းအမြစ်၊ ပို့ဆက်၊ ခရိုင်ကွင်း၊ အုတ်ဖို၊ မကျီးကုန်း၊ သာသနာ့ရဏ္ခီတ စခန်းများ၊ ဒုက္ခသည်များ ပြန်လည်နေထိုင်လျက်ရှိသည့် ချမ်းအေးရပ်ကွက်နှင့် စက်ပြစ်တောင်ကျေးရွာ အစရှိသည့် နေရာ ၈-ခုမှ ဆင်းရဲသူများ အိမ်ထောင်စု စုစုပေါင်း ၁၄၀၀ ကျော်ကို တစ်အိမ်ထောင်လျှင် အသား ၂-ပိသာခွဲစီလှူဒါန်းခဲ့ကြောင်းသိရပါတယ်။
                              အလွန်မွန်မြတ်လှသောလုပ်ရပ်ဖြစ်သည့် ဤကဲ့ သို့ သောကွန်ဘာဏီ
အတွက်အစ္စလာမ်ဘာသာဝင်များဂုဏ်ယူစရာမဟုတ်ပါလား၊အာမိန်း......အလ္လာအရှင်ထံမှရာမက်
မင်္ဂလာအပြာပြာကြရောက်ပါစေကြောင်းဆုတောင်းလိုက်ရပါတယ်။



20 injured as typhoon pounds southern Okinawan islands. TOKYO —ဂျပန်တိုက်ဖုံမုန်တိုင်းဝင်


20 injured as typhoon pounds southern Okinawan islands.
TOKYO —

Powerful Typhoon Vongfong churned toward Japan on Saturday, injuring at least 20 people as it pounded the southern Okinawan islands with ferocious winds and driving rain.

The monster storm was estimated to be about 110 kilometers southeast of Naha City in Japan’s southernmost area of Okinawa at 6 p.m., according to the nation’s meteorological agency.

The Joint Typhoon Warning Center has downgraded the storm from a super typhoon, but Japanese officials said it remained “large and very strong” and warned of high waves, torrential rain and landslides.

Packing gusts of up to 234 kilometers per hour, the typhoon was moving north slowly, at 15 kilometers per hour.

Naha airport was closed with land transport also disrupted.

Vongfong is expected to approach Japan’s southern main island of Kyushu by early Monday after brushing off Okinawa, and could make landfall, the meteorological agency said.

Okinawa has already been experiencing gusts and heavy rain, which caused a blackout in 33,000 households.

More than 10,000 residents mostly in coastal areas were advised to evacuate with the weather agency warning the prefecture could be hit by hourly rainfall of up to 80 millimeters by early Monday.

At least 20 people have been injured, including a nine-year-old girl and a man in his 20s who lost fingers after they were caught in doors slammed shut by strong winds in two cities, municipal officials said.

Satellite images of Vongfong have shown a perfectly formed eye in the middle of a gigantic swirling disc of cloud.

The typhoon came just a week after another strong tropical storm whipped through the country, leaving 11 people dead or missing in a nation prone to natural disasters.