Friday, 19 December 2014

ဟဒီးစ်ငြင်းဆန် ကာဖွင်ရ်မှန်၏

 ဟဒီးစ်ငြင်းဆန် ကာဖွင်ရ်မှန်၏

ကိုယ်တော်မြတ်ကြီး လက်ထက်တော် အခါသမယ တွင် ရဟူဒီတစ်ယောက်နှင့်

မွတ်စလင်မ်တစ်ယောက် သည် အမှုအခင်းတစ်ခု ဖြစ်ခဲ့၏။

နောက်ဆုံးထိုအမှုနှင့်စပ်လျဉ်ြး

ပီးတရားမျှတစွာ အဆုံးအဖြတ်ပေးပါရန်

နှစ်ဦးနှစ်ဖက် ၏ လျှောက်တင်ချက်အရ အမှုအခင်းကို စ-လယ်-ဆုံး

ကိုယ်တော်မြတ်ကြီးကိုယ်တိုင်

သုံးသပ်တော်မူပြီးယဟူဒီအားအနိုင်ပေးဆုံးဖြတ်တော်မူခဲ့လေသည်။

ကိုယ်တော်မြတ်ကြီး၏ စီရင်ချက်ကို ကြားနားပြီးနောက် အမှုရှုံးသော

မွတ်စ်လင်မ်သည် ဟဇရသ် အိုမရ် သခင်ကြီး နေထိုင်သော အိမ်တော် အနီးမှ

ဖြတ်သွားကာ ဟဇရသ်အိုမရ် သခင်ကြီး၏ နေအိမ်တွင် ခေတ္တခဏ

နားလျက်အမှုအခင်းနှင့်စပ်လျဉ်းပြီး ပြန်လည် ပြောပြခဲ့လေသည်။ နောက်ဆုံး

တွင် ဟဇရသ် အိုမရ်သခင်ကြီးအား အသင်သည် တချိန်က အာရဗ်နိုင်ငံတွင်

ထင်ရှားကျော်ဇော သော တရားသူကြီးတစ်ဦးဖြစ်ခဲ့ပါသည်။ ကျွန်ုပ် တို့၏

အမှုကို ပြန်လှန်သုံးသပ် စစ်ဆေးပေးပါဟု လျှောက်ထားရာ သခင်ကြီးက ခေတ္တခဏ

ဆိုင်းငံ့ ဦးလော့ ဟု ဆိုပြီးနောက် အိမ်တော်အတွင်းသို့

ဝင်ရောက်သွားပြီးနောက် ဓါးရှည်ကို ယူဆောင်လာကာ ကိုယ်တော်မြတ်ကြီး၏

ဆုံးဖြတ်မှုကိုပယ်လျက် အယူခံဝင်သော သူ၏ လည်ပင်းကို ပိုင်းဖြတ်တော်မူလေသည်။

ယင်းအကြောင်းကို ကိုယ်တော်မြတ်ကြီးကြားတော်မူရာ အဘယ်ကြောင့် ဤသို့

ပြုရသနည်းဟုမေးရာ အိုမရ် သခင်ကြီးက ယာရစူလ်လွလ်လာ ထိုသူသည် မိမိကိုယ်ကို

မွတ်စ်လင်မ် သက်ဝင်ယုံကြည်ပါသည်ဟု ဆိုလျက် နဗီသခင်၏

အဆုံးအဖြတ်စကားကိုပယ်သောသူဖြစ်ပါသည်။ မွတ်စ်လင်မ်

ဟုကြွေးကြော်ထားပြီးနောက်ရစူလ် ကိုယ်တော်မြတ်၏ အမိန့်စကား သြ၀ါဒ ကို

ပစ်ပယ်လျှင် အဘယ်မှာလျှင်စစ်မှန်သော ယုံကြည်သူ ဖြစ်နိုင်မည်နည်း။

ဤကဲ့သို့ နဗီသခင်ကြီး၏ စကားကို ပယ်ဖျက် ပြစ်မှားသောသူအား

မထားလိုသောကြောင့် သုတ်သင်လိုက်ပါကြောင်း လျှောက်ထားရာ ကိုယ်တော်မြတ်ကြီး

နာကြားတော်မူပြီး ဆိတ်ဆိတ်နေတော်မူသည်။




နဗီရစူလ် စကားကို ငြင်းပယ် ဖျက်သူသည် သာသနာ၏ ပြင်ပ သို့

ရောက်ရှိနေသူဖြစ်သောကြောင့် အိုမရ်သခင်က ကွပ်မျက်ထိုက်သူဖြစ်သဖြင့်

သုတ်သင်ခဲ့လေသည်။ ယနေ့ ဟဒီးစ်တော်များအား အမျိုးမျိုး

စွပ်စွဲပုတ်ခပ်နေသော အသင်းသားများအား အာလင်မ် များလက်တွင်

သတ်ပိုင်ခွင့်အာဏာမရှိသည့်အတွက် အာလင်မ်များက ကာဖွရ်အမိန့်ပေးခြင်းကို

အဘယ်အပြစ်တင်ရန် ထိုက်သနည်း။

တဒ်ဝီးနေ့ ဟဒီးစ်ကျမ်း။
       အလ်ဟာဂ်ျမော်လာနာ မူစာရေးသားသော မဟာရစူလ်မုဟမ္မဒ်ဝင်မော်ကွန်း ကျမ်းမှ

ကူးယူတင်ပြသည်။

No comments:

Post a Comment