Saturday, 8 November 2014

sura 107:Al-Ma'um


sura 107:Al-Ma'um


   အသင်သည် အစားပေးခြင်း(၏နေ့)ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူအား မမြင်ခဲ့လေ သလော။
 ထိုသူပင် ဘမဲ့ကလေးသူငယ်အား တွန်းထုတ်သောသူဖြစ်၏။   ၎င်းပြင် ထိုသူသည် သူဆင်းရဲတို့အား အစားအစာကျွေးမွေးရန် တိုက်တွန်း နှိုးဆော်ခြင်းလည်း မပြုပေ။   သို့ဖြစ်ပေရာ (အကြင်သို့သော) ဆွလာတ်ဝတ်ပြုသူတို့၌ အကြီးအကျယ် ပျက်စီးခြင်းသည်ရှိ၏။   ထိုသို့သောသူတို့သည် မိမိတို့၏ ဆွလာတ် ၀တ်ပြုမှု(တာဝန်)ကိုပင် မေ့လျော့ထားကြကုန်၏။    အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် (မိမိ တို့၏ဆွလာတ်ဝတ်ပြုမှုစသော ကောင်းမှုများကို) ပြစားကြကုန်၏။   ထိုမှတပါး ၎င်းတို့သည် အသေးအဖွဲ အသုံးအဆောင် ပစ္စည်းများကိုပင် (သူတစ်ပါးတို့အား ငှားရမ်းခြင်းမပြုရန်) ပိတ်ပင် တားမြစ်ကြကုန် သတည်း။

  

No comments:

Post a Comment