လက်ထပ်ထိမ်းများခြင်းအပေါ်ဗုဒ္ဓဘာသာအမြင်
ဗုဒ္ဓဘာသာတွင် လက်ထပ် ထိမ်းမြားခြင်း ဆိုသည်မှာ လူတဦးတယောက်တည်းနှင့်သာ သက်ဆိုင်သော ကိစ္စရပ်ဖြစ်ပြီး ဘာသာရေးဆိုင်ရာ တာဝန်တရပ် မဟုတ်ပေ။
လက်ထပ်ခြင်းဆိုသည်မှာ လူမှုရေး သဘောတူညီချက် တခုဖြစ်သည်။ ဘ၀ကို ကောင်းမွန်ပျော်ရွှင်စွာ နေထိုင်ရေးအတွက် လူသားက ဖန်တီးသော အဖွဲ့အစည်းတခု ဖြစ်သည်။ လူသားမျိုးနွယ်ကို တိရိစ္ဆာန်ကဲ့သို့သော အနေအထားမှ စည်းခြားလိုက်ခြင်းဖြစ်ပြီး မျိုးဆက်ပြန့်ပွားခြင်းကို စနစ်တကျနှင့် လိုက်လျောညီထွေစွာ ဖြစ်စေရန် ဖြစ်သည်။ ဗုဒ္ဓ၀ါဒ ကျမ်းစာများတွင် တလင်တမယားစနစ် သို့မဟုတ် မယားပြိုင်စနစ်ဟူ၍ ခွဲခြားသတ်မှတ်ခြင်းမျိုး မရှိသော်လည်း ဗုဒ္ဓဘာသာဝင် ယောက်ျားတို့သည် ဇနီးမယားတယောက်သာ ယူရန် မိမိဖာသာ သတ်မှတ်ထားကြသည်။ ဗုဒ္ဓက အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်၍ စည်းကမ်းဥပဒေများ ချမှတ်ပေးခဲ့ခြင်း မရှိသော်လည်း အိမ်ထောင်သည်ဘ၀တွင် ပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် အကြံဥာဏ်များ ပေးခဲ့သည်။ ဗုဒ္ဓဟောကြားခဲ့သော တရားအမြောက်အများထဲတွင် ဇနီးမယား တယောက်ထဲကိုသာ သစ္စာရှိရှိ ပေါင်းသင်းရန်နှင့် ရမ္မက်တဏှာနောက်သို့ လိုက်ပြီး တခြားသောမိန်းမများ အတွက် ဇနီးမယားကို စွန့်ခွာခြင်းမပြုရန် ဆုံးမခြင်းများ ပါဝင်ခဲ့သည်။ ယောက်ျားတယောက်ကို ပျက်စီး ကျဆုံးစေသော အကြောင်များထဲတွင် မိမိ၏ ဇနီးမယားမှ အပဖြစ်သော တခြားမိန်းမများနှင့် ဖောက်ပြန်ခြင်းသည်လည်း တကြောင်းဖြစ်သည်ဟု ဗုဒ္ဓက သတိပေး ဟောကြားခဲ့သည်။
အမျိုးသားများကလည်း ကြုံတွေ့ရမည့် အခက်အခဲနှင့် အမှုကိစ္စများကို ၀န်ထုပ်ဝန်ပိုး တခုသဖွယ် သဘောပေါက် လက်ခံကြသည့်အတွက် ဇနီးမယား တယောက်နှင့် အိမ်ထောင်စု တခုကိုသာ စောင့်ရှောက် ထိန်းသိမ်းခဲ့ကြသည်။ သို့သော်လည်း ကံအကြောင်းမလှသည့် အခါမျိုးတွင် ပြဿနာကို ကြီးအောင် ချဲ့သလိုဖြစ်နေသည်။ လူသားသဘာဝ၏ အားနည်းချက်ကို သိနားလည်သော ဗုဒ္ဓက သူ့ကိုဆည်းကပ်သူများအား အိမ်ထောင်ရေး ဖောက်ပြန်ခြင်းနှင့် မတရားသော လိင်မှုကိစ္စကို ရှောင်ကြဉ်ရန် တားမြစ်ခဲ့သည်။
လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်သော ဗုဒ္ဓဘာသာ၏ အမြင်မှာ လွတ်လပ်သည်။ လက်ထပ်ထိမ်းမြားခြင်းကို လူတဦးတယောက်တည်းနှင့်သာ သက်ဆိုင်သော ကိစ္စရပ်တခု အဖြစ်သဘောထားပြီး ဘာသာရေးဆိုင်ရာ တာဝန်တရပ်ဟု မသတ်မှတ်ပေ။ ဗုဒ္ဓဘာသာတွင် လူတဦးတယောက်ကို လက်ထပ်ရန် သို့မဟုတ် လက်မထပ်ဘဲ ဗြဟ္မစရိယကျင့်ရန် အတင်းအကျပ် ဆောင်ရွက်သော ဥပဒေ သတ်မှတ်ချက်များ မရှိပေ။
ထို့နည်းတူပင် ဗုဒ္ဓဘာသာဝင် မိသားစုများ အနေဖြင့် ကလေး မဖြစ်မနေ မွေးရမည် သို့မဟုတ် ကလေး အရေအတွက် မည်မျှ မွေးရမည် စသည်ဖြင့် စည်းကမ်း ချမှတ်ထားခြင်းမျိုး မရှိပေ။ ဗုဒ္ဓဘာသာက ၎င်း၏ ဘာသာဝင်တိုင်းကို အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသမျှကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားသည်။
အိမ်ထောင်ပြုခြင်းကို ကန့်သတ် ပိတ်ပင်ထားသည့် ဥပဒေသများ မရှိသော်လည်း ဗုဒ္ဓဘာသာ ရဟန်းများ အဘယ်ကြောင့် အိမ်ထောင် မပြုကြသနည်းဟု မေးခွန်းထုတ်ရန် ရှိလာသည်။ ထင်ရှားစွာတွေ့ရသည့် အကြောင်းပြချက်မှာ ရဟန်းများသည် လူသားတို့ အကျိုးအတွက် ဆောင်ရွက်ပေးနိုင်ရန် ဗြဟ္မစရိယအကျင့်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ရဟန်းများသည် လောကီနှင့် စပ်ဆိုင်သော အိမ်ရာထူထောင်ခြင်းကို ရှောင်ရှားခြင်းအားဖြင့် စိတ်၏ငြိမ်းချမ်းမှုကို ထိန်းသိမ်းကာ အခြားသူများကိုလည်း စိတ်အနှောင်အဖွဲ့များမှ လွတ်မြောက်နိုင်ရန် ကူညီရေးအတွက် အိမ်ထောင်မပြုကြခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် လက်ထပ်မင်္ဂလာ အခမ်းအနားများနှင့် စပ်ဆိုင်မှုမရှိဟု ဆိုနိုင်သော်လည်း လက်ထပ်သူများကို ဘာသာရေးအရ ဆုံးမသြ၀ါဒပေးရန်နှင့် ၎င်းတို့၏ လှူဒါန်းမှုစသော ကောင်းမှုများကို ချီးမြှောက်ပေးရန် ကြွရောက် ပေးလေ့ရှိကြသည်။
ဗုဒ္ဓ၏ အဆုံးအမများကို တင်းကျပ်စွာ လိုက်နာကြသည့်အတွက် လက်ထပ်ပြီးမှ ကွာရှင်းပြတ်စဲခြင်းများ နည်းပါးသော်လည်း ဗုဒ္ဓဘာသာတွင် ကွာရှင်းပြတ်စဲမှုကို တားမြစ်ပိတ်ပင်ထားခြင်း မရှိပေ။ ယောက်ျားနှင့် မိန်းမသည် တယောက်နှင့် တယောက် သဘောထားချင်း တိုက်ဆိုင်မှု အမှန်တကယ် မရှိတော့လျှင် လွတ်လပ်စွာ ကွာရှင်းပြတ်စဲနိုင်ခွင့် ရှိသည်။ ကွာရှင်းပြတ်စဲလိုက်ခြင်းအားဖြင့် နောင်တွင် ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့် ပြဿနာ အခက်အခဲများမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။ ဗုဒ္ဓက အသက်ကြီးရင့်သော ယောက်ျားများ အနေနှင့် ငယ်ရွယ်သော ဇနီးမယား မယူသင့်ကြောင်း အကြံပြုခဲ့သည်။ အသက်အရွယ် ကွာခြားမှုကြောင့် လိုက်ဖက်မညီဖြစ်ပြီး မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာနိုင်ကာ အိမ်ထောင်ရေးကို ပျက်စီးဆုံးရှုံးစေနိုင်သည်။
လူ့အဖွဲ့အစည်းသည် လူသားအချင်းချင်း အပြန်အလှန် ဆက်သွယ်မှု ကွန်ရက်မှတဆင့် ဖွံ့ဖြိုးတိုးတက်လာသည်။ ဆက်သွယ်မှုတိုင်းသည် မိမိတို့ အသိုင်းအ၀ိုင်းအတွင်းမှ အခြားသူများကို ထောက်ကူခြင်း၊ ကာကွယ်ခြင်းကို ရင်ထဲမှလာသော စိတ်အမှန်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ လက်ထပ်ထိမ်းမြားခြင်းသည် ကူညီလို၊ ကာကွယ်လိုသော ဆက်သွယ်မှု၏ အရေးပါသော အားကောင်းသည့် အစိတ်အပိုင်းတခု ဖြစ်သည်။
ကောင်းမွန်သော လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုသည်မှာ စစ်မှန်သော သစ္စာရှိခြင်းနှင့် နားလည်ခြင်းမှ အရှိန်မှန်မှန် ဖွံ့ဖြိုးလာခြင်းဖြစ်ပြီး တယောက်အလိုကို တယောက်က လိုက်လျောခြင်း သက်သက် မဟုတ်ပေ။ လက်ထပ်ထိမ်းမြားခြင်းကြောင့် လူ့အသိုက်အ၀န်းကိုလည်း ဖွံ့ဖြိုးတိုးတက်စေနိုင်သည်။ လူသားနှစ်ယောက် ပေါင်းစည်းခြင်းဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော အသိုက်အမြုံတခုကို တည်ထောင်နိုင်ပြီး အထီးကျန်ခြင်း၊ ချို့ငဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့မှလည်း ကင်းဝေးစေနိုင်၏။
လက်ထပ်ထိမ်းမြားခြင်းအားဖြင့် နှစ်ဦး နှစ်ဖက်လုံး၏ အခန်းကဏ္ဍကို မြင့်တက်စေနိုင်ပြီး ခွန်အားနှင့် သတ္တိများကို အပြန်အလှန် ပေးအပ်နိုင်ကြသည်။ တယောက်၏ စွမ်းရည်ကို တယောက်က ထောက်ကူပြီး အသိအမှတ်ပြုကာ ကျေနပ် လက်ခံနိုင်စေသည်။ ယောက်ျားနှင့် မိန်းမတွင် မည်သူကပို၍ သာလွန်ကြီးမြတ်သည်ဟူ၍ မရှိ။ တန်းတူညီမျှဖြစ်ခြင်း၊ ပွင့်လင်းသော ကြင်နာခြင်း၊ စိတ်သဘောထားကြီးခြင်း၊ စိတ်ကိုငြိမ်းအေးစေခြင်း စသည်တို့ဖြင့် အပြန်အလှန် အမှီသဟဲ ပြုခြင်းမျိုးသာ ရှိသည်။
လူသားသည် မိသားစုကို ၎င်း၏ ကိုယ်ပိုင်အယူအဆဖြင့် စီစဉ် တည်ဆောက်နိုင်သော်လည်း ကိုယ်ဝန်ဖျက်ချ ခြင်းကိုမူ တရားမျှတမှုဟု မဆိုနိုင်ပေ။
ကလေးမွေးဖွားခြင်းကို ထိန်းချုပ်ကြပ်မတ်ရန် ဗုဒ္ဓ၀ါဒတွင် အကြောင်းပြချက်မရှိပေ။ ပဋိသန္ဓေ တားဆီးရာတွင်လည်း ခေတ်ဟောင်း ခေတ်သစ်နည်းများကို လွတ်လပ်စွာ သုံးစွဲခွင့်ရှိသည်။ ကလေးမွေးဖွားမှု ထိန်းချုပ်ခြင်းကို ဆန့်ကျင် ကန့်ကွက်ခြင်းသည် လိုက်နာကျင့်သုံးရမည့် ဗုဒ္ဓ၏ တရားများကို ဆန့်ကျင်ခြင်းပင်ဖြစ်ပြီး ၎င်းတို့၏ အယူအဆသည် ကြောင်းကျိုး ဆီလျော်မှု မရှိသည်ကို သတိပြုသင့်သည်။ ပဋိသန္ဓေ တားဆီးခြင်းဆိုသည်မှာ အသက်ရှင်သန်မှုတခု ဖြစ်ပေါ်မလာမီ ကြိုတင်တားဆီးခြင်းသာ ဖြစ်သည်။
ယင်းကိစ္စတွင် သတ်ဖြတ်ခြင်း မပါဝင်သကဲ့သို့ အကုသိုလ်လည်း မဖြစ်ပေ။ သို့သော် ဖြစ်လာပြီးသော ကိုယ်ဝန်ကို ဖျက်ချလျှင်ကား မှားယွင်းမှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မျက်လုံးဖြင့် မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ ဘ၀တခုကို ဖျက်ဆီး ဖယ်ထုတ်လိုက်ခြင်း ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ကိုယ်ဝန်ဖျက်ချခြင်းသည် မတရားသောအမှု ဖြစ်သည်။
ဗုဒ္ဓ၏ အဆုံးအမများအရဆိုလျှင် ဖော်ပြပါ အကြောင်းငါးချက်နှင့် ငြိစွန်းပါက သူ့တပါးအသက်ကို သတ်ခြင်း မည်သည်။ ၎င်းတို့မှာ (၁) အသက်ရှိခြင်း၊ (၂) အသက်ရှိကြောင်းကိုသိခြင်း (သို့) သတိပြုမိခြင်း၊ (၃) သေစေလိုသော ဆန္ဒရှိခြင်း၊ (၄) သတ်ရန်အားထုတ်ခြင်း နှင့် (၅) အထက်ပါ အကြောင်းတို့ကြောင့် သေဆုံးရခြင်းတို့ ဖြစ်သည်။
အမျိုးသမီးတယောက် ကိုယ်ဝန်ရှိလာပါက သူ၏သားအိမ်တွင်းတွင် အသက်တခု ဖြစ်လာသည်။ ၎င်းက အမှတ်စဉ် (၁) အချက်နှင့် ကိုက်ညီသည်။ လအနည်းငယ် ကြာပြီးသည့်အခါ ကိုယ်အတွင်းတွင် ရှိနေသောအရာမှာ သက်ရှိဖြစ်သည်ကို သိလာသည်။ ၎င်းက အမှတ်စဉ် (၂) အချက်နှင့် ကိုက်ညီသည်။ ထို့နောက် အကြောင်းပြချက် တစုံတရာဖြင့် ကိုယ်ဝန်ကို ဖြစ်သည့်နည်းနှင့် ဖယ်ထုတ်ရန် ဆန္ဒရှိလာသည်။ ထို့ကြောင့် ဖျက်ချပေးမည့်သူကို ရှာဖွေပြီး ဖျက်ချပေးရန် ခိုင်းစေသည်။ ၎င်းက အမှတ်စဉ် (၃) အချက်နှင့် ကိုက်ညီသွား၏။
ကိုယ်ဝန်ဖျက်ချသူက ၎င်း၏အလုပ်ကို ဆောင်ရွက်လိုက်သည့် အခါ အမှတ်စဉ် (၄) အချက်နှင့် ကိုက်ညီသွားပြီး နောက်ဆုံးတွင် သူတပါးအသက်ကို သတ်ခြင်း ဖြစ်သွားတော့သည်။ ယင်းသို့ဆိုလျှင် “သူ့အသက်ကို မသတ်ရာ” ဆိုသည့် ပထမဆုံးသော သီလ (ပါဏာတိပါတာ) ကို ကျူးလွန်ဖောက်ဖျက်ခဲ့ပြီဖြစ်၍ လူ့အသက်ကို သတ်ရာရောက်ပေသည်။ ဗုဒ္ဓဘာသာတွင် အခြားသူတဦး တယောက်၏ အသက်နှင့်ဘ၀ကို ဖျက်ဆီးခွင့် ပေးအပ်ထားခြင်း လုံးဝ မရှိပေ။ တိကျသော အခြေအနေတခု၏ အောက်တွင် လူတို့သည် မိမိတို့အတွက် အဆင်ပြေရာကို လုပ်ရန်အတွက် အတင်းအကြပ် တားဆီးထားသလို ခံစားကြရသည်။ သို့သော်လည်း ကိုယ်ဝန်ဖျက်ချခြင်း ကဲ့သို့သော အမှုကို ကျူးလွန်ပါက အပြစ်မှ ကင်းလွတ်ခွင့် မရသင့်သလို အခြားနည်းလမ်းအားဖြင့်လည်း ဆိုးဝါးသည့် ကံကြမ္မာနှင့် ကြုံဆုံနိုင်သေးသည်။ အချို့ သော နိုင်ငံများတွင် ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင် ခွင့်ပြုထားသည်။ သို့သော် ခွင့်ပြုထားသည့်အတွက် ပြဿနာများလည်း ရှိနေသည်။ ဘာသာရေး စည်းမျဉ်းစည်းကမ်းများသည် လူသားတို့၏ စိတ်ဆန္ဒကို နေရာတိုင်းတွင် အလျှော့ပေးနေ၍ မဖြစ်နိုင်ပေ။ စည်းကမ်းဆိုသည်မှာ လူသားမျိုးနွယ်တခုလုံး၏ ချောင်ချိမျှတမှုအတွက်သာ ရပ်တည်ရမည်ဖြစ်သည်။
မည်သည့် အခြေအနေအရဖြစ်စေ တစုံတယောက်၏ အသက်ကို ရယူခြင်းသည့် လူ့ကျင့်ဝတ်အရရော ကိုးကွယ်ရာ ဘာသာတရား အတွက်ပါ မှားယွင်းသောအမှု ဖြစ်သည်။ တစုံတယောက်၏ အသက်ကို ဖျက်ဆီး နှောက်ယှက်သူသည် ပြင်းထန်သော ၀ဋ်ကြွေးကို ခံစားရမည် ဖြစ်သည်။
Wednesday, 26 November 2014
Sunday, 16 November 2014
AIDS ရောဂါအတွက်ကြက်သွန်နီးနှင့်ရှားစောင်းလက်ပတ်တိုင်းရင်းဆေးစွမ်း
AIDS ရောဂါအတွက်ကြက်သွန်နီးနှင့်ရှားစောင်းလက်ပတ်တိုင်းရင်းဆေးစွမ်း
ပြည်တွင်းမှာ AIDS လူနာ (ဆေးစစ်၍ သိရသူ) တသိန်းနှစ်သောင်းကျော် ရှိတဲ့အနက် ART
(ဝေဒနာရှင်များအတွတ် ကမ္ဘာ့ ကျန်းမားရေးဌာနမှ အထူးထုတ်ထားသည့် ဆေး) မပေးနိုင် သူ နှစ်သောင်းကျော်ရှိနေတော့စိတ်ကျရောဂါဖြစ်ပြီး ဒီဆေးရတဲ့အထိစောင့်နေစရာမလိုပါဘူး။
ဒီရောဂါပိုးရှိနေတယ်လို့ သိရတဲ့သူတော်တော်များဟာ စိတ်ထိခိုက်ခြင်း-စိတ်ဓါတ်ကျခြင်းကြောင့်
ရောဂါတွေတိုးလာကြတာများတယ်၊
တချို့ ဝေဒနာရှင်တွေဟာ ရှက်စိတ်နဲ့  တချို့ ကလည်း ဆေးရုံမှာဆေးမစစ်ရဲ့ ကြဘူး ဟိုရောဂါလို ဒီရောဂါလိုလိုနဲ့ အသေခံသွားကြတယ်။
ဒီလိုဘဲဆေးရုံက ဆေးကုသရင် စရိတ်တွေ အကုန်မခံနိုင်တဲ AIDS ဝေဒနာရှင်တဦးက ရောဂါ တနေ့ တခြားဆိုးလာလို့  သူမိသားစု တွေပြောရင်လဲ ၀ိုင်းပါယ်ကြမှာစိုးပြီး လူရှင်းတဲ့ ခြံတခုမှာ သေဘို့ ဆုံးဖြတ်ပြီး တဦးတည်း တဲထိုးနေရင်း လဲနေရင်း ရောဂါကလဲဖေါက်နေချိန်မှာ-
အနာတွေပေါက်နေတဲ့ ခွေးပိန်ညောင် တကောင်ဟာ သူ့ အနားက ရှားဇောင်းပင်ကို လာကိုက်ပြီး ထွတ်လာတဲ့ အနှစ်တွေကို ရှာနဲ့လျှက်နေတာတွေ့ ရတယ်...။
ပြီးတော်ရှားဇောင်ပင်နားမှာဘဲ အိပ်နေတယ်၊သူလဲအားနည်းပြီး အိပ်ပျော်သွားခဲ့ပြီး နောက်တနေ့ မှာ ခွေးပိန်က လန်းလန်းဆန်းဖြစ်နေတာတွေ့ ရတယ် ပြည်တွေနဲ့ စိုနေတဲ့အနာတွေလည်းခြောက် သွားတယ်။အဲဒီဝေဒနာရှင် ဟာ ခွေးပိန်ရဲ့ ဆေးကုနည်းကိုအတုခိုးပြီး ရှားဇောင်းလက်ပတ်ပင်တွေ ကို နေ့ စဉ်မှီဝဲရာက ယနေ့ တိုင်းကျန်းကျန်းမာမာနဲ့  အသက်ရှင်နေပါတယ်။
အောက်မှာဖေါ်ပြထားတာကတော့ ဒေါက်တာဖြိုးသီဟဇော်ရဲ့  တိုင်းရင်းဆေးနဲ့ ကုတဲ့နည်း
၁..။ ကျွန်တော်တို့ သိတဲ့ Aloevia ( ရှားစောင်းလတ်ပတ် ။ တစောင်းလတ်ပ် ) ပင်ဟာ ကိုယ်ခံအားတတ်စေတဲ့အကျိုးအာနီသင် အပြည့်ရှိတယ် လို့  နိုင်ငံတကာ ကလက်ခံယုံကြည် ထားပါတယ်..။
ဒီ ရှားစောင်းလတ်ပတ်ထဲက အသား ( ဂျယ်လီ တုံး ) ပုံလေးတွေကို ချစ် ယူပြီး သကြားနဲ့  အစိမ်းလိုက်ဖြော်ရည်လုပ်သောက် ခိုင်းထားတာတွေ့ ရပါတယ်....။ ဒီလို သောက်သုံး ချင်းအားဖြင့် ကိုယ်ခံအား ကို မြှင့် တင်ပေးပြီး.... အသားအရည်ကိုလည်း စိုပြည်စေတာတွေ့ ရှိရပါတယ် ခင်ဗျာ...။ ဒီလို လုပ်နည်းကို မြနှ်မာမှာသာမက အနောက်နိုင်ငံကြီးများ , Korea , Africa စတဲ့နိုင်ငံတွေမှာပါအခုလက်ရှိသုံးနေကြတာကို တွေ့ ရှိရပါတယ်ခင်ဗျာ........။
တစောင်းလက်ပတ်ဖျော်ရည်ကို တစ်နေ့ သုံးခွက် မှန်မှန်သောက်ပေးရင် CD4 Cell တွေပြန်တက်လာတဲ့လူနာတွေအခုမြန်မာနီင်ငံမှာလက်ရှိရှိနေပါတယ်ခင်ဗျာ....။နောက်တစ်ခုကတော့.............................................
၂ ။ ကြက်သွန်နီ ပါခင်ဗျာ..။
====================
ဒီဟာကတော့ ကျွန်တော်သိတာ မကြာသေးပါဘူး...။ မြန်မာ့ ဆေးကျမ်း ထဲက တိုင်းရင်းဆေးဆရာကြီးတွေ သုံးခဲ့တဲ့နည်းလို့ ဆိုပါတယ်......။ ဒီ ကြည်သွန်နီနဲ့  ရောဂါ ပြင်းထန်ရာကနေ သက်သာသွားတဲ့လူတွေ ရှိနေတာအခု လက်ရှိမှာ တွေ့ နေရပါတယ်.........။
ဘာကြောင့်လဲဆိုတာ မသိပေမယ့် ....... AIDS ဖြစ်လို့  ကိုယ်ခံနာ မှာ ယားနာပေါက်တာ တွေ . ၀မ်းသွားတာတွေ . အနာဖြစ်တာတွေ . အားလုံး သက်သာပြီးပျောက်ကင်းသွားတာ တွေ့ ရှိနေရပါတယ်။လူလောကတစ်ခုလုံးက ကုသလို့ မရဘူးဆိုတဲ့ .....ဒီရောဂါ ဆိုးကြီးကို....( ကြက်သွန်နီ ) ဥ က သက်သာအောင်လုပ်ပေးတာ ကျွန်တော်လဲအစကမယုံပါဘူး....။ နောက်မှ ရောဂါရှင်ကိုယ်တိုင် လာပြောမှ သာလက်တွေ့ ယုံခဲ့ပါတယ်.......။ ၀မ်းသာစရာပါခင်ဗျာ....။
သုံးပုံသုံးနည်းက တော့ -
ကြက်သွန်နီ ဥကြီး ၃ ဥလောက်ကိုနေ့ စဉ် အခွံနွာ ... ကြက်သွန်နီဘေးမှာရှိတဲ့ မိုမဲမဲလေးတွေကိုရေစင်အောင်ဆေးပြီး .....အရည်ရအောင် ထောင်းပါ ..။ ထောင်းတဲ့ ငရုပ်ဆုံ ကလည်း သီးသန့် ဖြစ်ဖို့ လိုပါတယ်...။သန့် ရှင်းရပါမယ် .....။
ရလာတဲ့ အရည်ကို ....တစ်နေ့  သုံးခွက်မှန်မှန် သောက်ပေးပါ.....။ ၁ လ အတွင်းမှာ ရောဂါသက်သာလာတာ .... လက်တွေ့ မြင်ရမှာပါ ခင်ဗျာ.....။ သောက်သုံးနေစဉ်အတွင်း ... ၃ . ၄ ရက် အတွင်းမှာ အရေပြားမွေးညှင်းလေးတွေထဲက နေ ရွ စိ ရွစီ နဲ့ ပိုးလေးတွေ ထွက်လာတယ်လို့  ဆေး ပညာရှင်တွေက ဆိုထား ပါတယ်.....။ ဆက်သာသောက်ပါ..။ စိုးရိမ်စရာမရှိပါဘူး ....။ နည်းနည်းတော့ အနံ့တော့ဆိုး မှာပေါ့ခင်ဗျာ........။ ရောဂါသက်သာသွားရင်လဲ နေ့ တိုင်းတစ်နေ့ သုံးခွက်သာပုံမှန် သောက်သွား ပါတဲ့.........။ သက်တမ်းစေ့အောင် ကျန်းမာစွာ နေနိုင်မှာ ဖြစ်ပါတယ်လို့  တိုင်းရင်းဆေးဆရာများက လက်တွေ့ ဆိုထားပါတယ်

ဇီးဖြူသီး ကပေးသော ကျန်းမာရေးရဲ့အာနိသင်
ဇီးဖြူသီး ကပေးသော ကျန်းမာရေးရဲ့အာနိသင်
ဆီးဖြူသီးကို gooseberry လို့ အင်္ဂလိပ်လို့ ခေါ်ပြီး ဆီးဖြူသီး အမျိုးပေါင်းများစွာ ရှိပါတယ်။ ပုံမှန်တွေ့နေကြ ဝယ်ယူစားသုံးနေကြ ဆီးဖြူသီးက Alma လို့ခေါ်တဲ့ Indian Go oseberry အမျိုးအစား ဖြစ်ပါတယ်။ ဆီးဖြူပင်ကို သိပ္ပံအမည်အရ Ribes UVA-Crispa လို့ ခေါ်ပါတယ်။ ဆီးဖြူသီးပင်ရဲ့ အသီး၊ အခေါက်၊ အပွင့်၊ အမြစ် အားလုံး သူ့နေရာနှင့်သူ ဆေးဘက်ဝင်ပါတယ်။ ဆီးဖြူသီးဟာ ဗိုက်တာမင် C အလွန်ကြွယ်ဝတဲ့ သဘာဝ အသီးအနှံ ဖြစ်ပါတယ်။ အသဲနဲ့ဆိုင်သော ရောဂါဝေဒနာသည်တို့ အဓိက အားထားရာ သဘာဝ ဆေးစွမ်းထက်တဲ့ အသီး ဖြစ်ပါတယ်။ ဆီးဖြူသီးဟာ သွေးသားသန့်စင်မှုက သွေးအတွင်း အဆိပ်အတောက်တွေနဲ့၊ ဗိုင်းရပ်ပိုး၊ဗက်တီးရီးယားနဲ့အဏုဇီဝပိုးမွှားတွေကိုလည်းဖယ်ရှားပေးပါတယ်။
သွေးအားကောင်းစေတဲ့ ဟေမိုဂလိုဗင်ဓာတ် ကြွယ်ဝအောင်ဖြစ်စေတာမို့ အမောခံနိုင်ပြီး အသားအရေ ကြည်လင်လှပစေပါတယ်။ ဗိုက်တာမင် C ကြွယ်ဝလို့ ကိုယ်ခံအား စနစ်ကို အားကောင်းစေပါတယ်။ အသဲနဲ့ ပန်ကရိယ(မုန့်ချိုအိတ်) ကို များစွာ ပံ့ပိုးကူညီပြီး စိတ်နှလုံးကိုလည်း ပြောလျော့ အေးချမ်းစေပါတယ်။ ဆံပင်ရဲ့ ကောင်းခြင်း၊ ဦးရေရဲ့ ကောင်းခြင်း၊ သန်းနှင့် ဘောက်များကို ကင်းစင်စေခြင်းနဲ့ အသားအရည်ကိုလည်း လှပချောမွတ်စေပါတယ်။
ရောဂါဘယ မျိုးစုံကိုလည်း သက်သာပျောက်ကင်းအောင် စွမ်းဆောင်နိုင်သော အံ့ဖွယ် သဘာဝပေးတဲ့ လက်ဆောင်ကြီး ဖြစ်ပါတယ်။ ဆီးဖြူသီးကနေ ခေါင်းလျှော်ရည်၊ခေါင်းလိမ်းဆီ အမျိုးမျိုး ထုတ်လုပ်ကြပါတယ်။ တိုင်းရင်းဆေးများနဲ့ တွဲဘက်ပြီး ဆေးဖော်ကြသလို အရန်ဟင်းအဖြစ် လည်းကောင်း ဆီဖြူသီးချိုချဉ်၊ ဆီဖြူသီးဖျော်ရည် ပြုလုပ်ပြီး စားသုံးကြပါတယ်။
သွားနှင့်ခံတွင်း
ဆီးဖြူသီးလေး တစ်လုံး ကောက်ဝါးလိုက်ရုံနဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ ဆီးဖြူသီးမှ ထုတ်ထားတဲ့ အရည်နဲ့ ပလုတ်ကျင်းရင် ခံတွင်းအနံ့ဆိုးများကို ကင်းစင်စေပြီး ခံတွင်း သန့်ရှင်းစေပါတယ်။ သွားဖုံး သွေးယိုတာလည်း ဗိုက်တာမင် C နဲ့ ကယ်စီယမ်ဓာတ်တို့ ပါဝင်တာမို့ ပျောက်ကင်းအောင် ကူညီပေးပါတယ်။
ကိုယ်ခံအားစနစ် နှင့် ကင်ဆာ
ဗိုက်တာမင် C အပြင် ကယ်စီယမ်၊ သံဓာတ်၊ ဖော့စ်ပါးရပ်နှင့် ကယ်ရိုတင်းဓာတ်တို့ ပါဝင်ခြင်း၊ Thiamine, riboflavin, niacin တို့ ပါဝင်ခြင်း၊ gallic acid လို ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိခြင်းတို့ကြောင့် ဆဲလ်များ ပုံမှန်မဟုတ်ပဲ ယိုယွင်းခြင်း၊ ကင်ဆာဆဲလ် ဖြစ်ပေါ်ခြင်း စသည်တို့ကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ အာရုံကြောစနစ်ရဲ့ လုပ်ငန်းကိုလည်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးပါတယ်။ ဆီးဖြူသီး စားသုံးလေ့ ရှိသူကို ဗိုင်းရပ်နှင့် ဘက်တီးရီးယားပိုးတို့ အလွယ်တကူ မဝင်ရောက်နိုင်ပါဘူး။ ကိုယ်လက်စထရောကိုလည်း လျော့နည်းစေပြီး နှလုံးကြွက်သားများကိုလည်း သန်မာစေပါတယ်။ ကိုယ်ခန္ဓာအတွက် အလွန်ပင် အရေးကြီးတဲ့ အသဲကိုလည်း အထောက်အကူပြုပါတယ်။ အဝလွန်ခြင်း မဖြစ်စေရန် ထိန်းချုပ်စေပြီး ကိုယ်အလေးချိန် လျှော့ချရာမှာ လွယ်ကူအောင် ပါဝင်ကူညီနိုင်ပါတယ်။
ဆံပင်နှင့် ဦးရေပြား ဗောက်ထခြင်း
အရွယ်မတိုင်မီ ဆံပင်ဖြူတာ၊ ဆံပင်ကျွတ်တာ၊ ဆံပင်သား မကောင်းတာ စသည့် ဆံပင်နှင့် ပတ်သက်သော အခက်အခဲများကို ဆီးဖြူသီးက အစွမ်းပြ ဖြေရှင်းပေးပါတယ်။ အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ထားတဲ့ ဆီဖြူသီးမှုန့်ခြောက်ကို ရေတစ်ညစိမ်၊ ပြီးရင် သံပယိုရည်ထည့်ပြီး (၅) မိနစ်၊ (၁၀) မိနစ်ခန့် ဦးရေပြားကို နှိပ်နှယ်ခေါင်းလျှော်ပြီး ရေဆေးပါ။ ဆံပင် အရောင်အသွေး လှပပျော့ပျောင်းကာ ကျန်းမာတဲ့ ဆံသားကို ရရှိလာမှာပါ။ ဗောက်ထခြင်း၊ သန်းရှိခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဆီးဖြူသီး ခေါင်းလျှော်ရည်နဲ့ ဆီးဖြူသီး ခေါင်းလိမ်းဆီဆိုပြီး ဝယ်ယူသုံးစွဲနိုင်ပါတယ်။ ဒါမှမဟုတ်ရင် အုန်းဆီ စစ်စစ်ကို ဆီးဖြူခြောက်မှုန့်နဲ့ ရောပြီး ကျိုပါ၊ ပြီးရင် အအေးခံပြီး လိမ်းနိုင်ပါတယ်။
မျက်လုံးနှင့် ပါးစပ်နာ
ဆီးဖြူသီး တစ်ညစိမ်ထားတဲ့ ရေသန့် အကြည်နဲ့ မျက်လုံးဆေးရင် မျက်စိ ယားယံတာကို သက်သာပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဆီးဖြူအမြစ်ခြောက်အမှုန့်နဲ့ ပျားရည်ရောပြီး သုံးရင် ခံတွင်းနာများ၊ ပူလောင်နာများ သက်သာစေပါတယ်။
ဓမ္မတာသွေးလွန်ခြင်း
ဓမ္မတာသွေးလွန်ခဲ့ရင် ငှက်ပျောသီးမှည့်နဲ့ ဆီးဖြူသီး အရည်ကို တစ်ရက်အတွင်း (၃) ကြိမ်လောက် သောက်သုံးပါက သက်သာစေပါတယ်။
ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း
ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများ ကုသရာမှာ အကူအညီအဖြစ် စပျစ်သီးခြောက်အရည်နှင့် ဆီးဖြူသီးအရည် တွဲသောက်ပါက အလွန်ကျေးဇူးများပါတယ်။ ကျောက်ကပ် ကျောက်တည်ရင် မုန်လာဥဖြူနဲ့ သကြားနဲ့ ဆီးဖြူရည်နဲ့ သောက်ပါက ပျောက်ကင်းစေပါတယ်။
ဆီးချိုရောဂါ
ဆီးဖြူသီးဟာ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးတဲ့ သတ္တရှိပါတယ်။ အစေ့က ဖယ်ထားတဲ့ ကြက်ဟင်းခါးသီးအရည် တစ်ဖန်ခွက်အတွင်း ဆီးဖြူသီးအရည် တစ်ဇွန်းရောပြီး နှစ်လလောက် ဆက်သောက်ပါက ဆီးချိုရောဂါ သက်သာစေပါတယ်။ မုန့်ချိုအိတ်ကိုလည်း လှုံ့ဆော်တဲ့အစွမ်း ရှိပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါ
ပိုးကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရင် ဆီးဖြူသီး အရည်ကို သကြားနဲနဲထည့်ပြီး သောက်ပါက သက်သာစေပါတယ်။
အစာအိမ်
ဆီဖြူသီးဟာ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး အစာချေဖျက်မှုနဲ့ အာဟာရ စုပ်ယူနိုင်စွမ်းကို ကောင်းမွန်သလို ပုံမှန်ဖြစ်လေ့ရှိတဲ့ အစာမကြေခြင်း၊ လေပူထခြင်း၊ အက်စစ်ဓာတ်များခြင်းတို့ကို သက်သာစေပါတယ်။
အထွေထွေ
♣ဆီးဖြူသီးဟာ စိုးရိမ်ပူပန်မှု လွန်ကဲခြင်းကို ကာကွယ်နိုင်တယ်၊ သက်သာစေတယ်၊
♣မှတ်ဉာဏ်ကိုလည်း ကောင်းစေပါတယ်။
♣သွေးယိုစိမ့်ခြင်းကို သက်သာစေတယ်။
♣သွေးအန်ခြင်းဖြစ်ရင်လည်း သောက်နိုင်ပါတယ်။
♣ပျားရည်နဲ့ရောပြီး သောက်ပါက နာတာရှည် ချောင်းအခြာက်ဆိုးခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။
♠အအေးမိခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကိုလည်း သက်သာလျော့ပါးစေပါတယ်။
♠နှာခေါင်းသွေးယိုခြင်း၊ နှလုံးရောဂါများ၊ ခေါင်းကိုက်ခြင်း၊ သွေးအားနည်းခြင်း၊ ဗိုက်တာမင် C ချို့တဲ့ရောဂါဖြစ်တဲ့ Scurvy (သွေးမတိတ်ခြင်း)၊ အမျိုးသမီးများ အဖြူဆင်းခြင်း၊ လေနာဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း၊ သန်ထခြင်း၊ အဆစ်အမြစ်ရောင်ခြင်း စသည်များ လျော့ပါးသက်သာစေပါတယ်။
ဒါကြောင့် ကိုယ်ခန္ဓာ၏ အထွေထွေ ကျန်းမာရေးကိုလည်း အထောက်အကူပြုပြီး စိတ်ကိုလည်း လန်းဆန်းတက်ကြွစေတဲ့ ဆီးဖြူသီးကို နံနက်စောစောထပြီး ပျားရည်လေးနဲ့ ဆီးဖြူရည်လေးနဲ့ဖျော်ကာ နေ့စဉ် သောက်သုံးသွားပါက “အာရောဂျံ ပရမံလာဘံ” ဆိုတဲ့ စကားနဲ့အညီ ဆုလဒ်ကြီးဖြစ်တဲ့ ကျန်းမာရေးကောင်းခြင်းကို ရရှိနိုင်မှာပါ။
Saturday, 15 November 2014
ဟေတီနိုင်ငံမှ အစ္စလာမ် သာသနာ
ဟေတီနိုင်ငံမှ အစ္စလာမ် သာသနာ
ခန့်မှန်းခြေအားဖြင့် ဟေတီနိုင်ငံတွင် မူဆလင် လူဦးရေ ၃၂၅၀ ခန့်ရှိသည်ဟု ဆို၍ တစ်နိုင်ငံလုံး လူဦး ရေ၏ ၀.၀၄ ရာနှုန်းဖြစ်သည်။
သို့သော် ဒေသခံ မူဆလင်များက ထိုထက်ပို၍ များပြားသည်ဟု ဆို၍ အတိအကျ စာရင်းကောက်ယူနိုင်ခြင်း မရှိချေ။
နိုင်ငံ၏ မြောက်ပိုင်း ကမ်းခြေမြို့ ဖြစ်သည့် ကက်ပ်-ဟေတီယင်မြို့မှ ဘီလာဟ် အစ္စလာမ့် ၀တ်ကျောင်းတော်နှင့် အစ္စလာမ်မစ် စင်တာ (ဗဟိုဌာန) အပါအ၀င် အစ္စလာမ် သာသနာ ဆိုင်ရာ အဖွဲ့အစည်းများ ရှိနေပေသည်။
၎င်းတို့မှာ အစ္စလာမ့်ဆိုင်ရာ လေ့လာရေး များနှင့် နေ့စဉ် ၀တ်ပြုရေးတို့ကို စေ့ဆော်လျှက် ရှိနေသည်။ထို့ပြင် မြို့တော် ပို့တ်တူ ပရင့်စ် မြို့တွင် အလ္လာဟ်အရှင်သည် အကြီးမြတ် ဆုံးဖြစ်သည်ဟု အနက်ကို ပေးသည် အလ္လာဟ်ဟု အက္ကဘာရ် ၀ိဉာဏဆိုင်ရာ စင်တာကြီးလည်း ရှိနေပေသည်။
ဟေတီနိုင်ငံ၏ အစ္စလာမ်သမိုင်းသည် ဟစ်ပင်နီအိုလာ ဟုခေါ်သော ဟေတီနှင့် ဒိုမင်နီကင် နိုင်ငံနှစ်ခု တည် သည့် ကျွန်းကြီးပေါ်သို့ ဟေတီသို့ ကျေးကျွန်များ စတင်ဖမ်းယူလာချိန်မှ စတင်ခဲ့သည်။
မူဆလင်ပေါင်းများ စွာကို ဟေတီသို့ ကျေးကျွန်အဖြစ် ဖမ်းယူလာခြင်း ခံရသူများ ဖြစ်သည်။ ၎င်းတို့အား အစ္စလာမ်သာသနာကို စွန့် လွှတ်ရန် နှစ်ပေါင်းများစွာ အတင်း အဓမ္မပြုခြင်းခံရသော်လည်း ဟေတီ ဒေသခံများ၏ ရိုးရာယဉ်ကျေးမှုတွင် အစ္စလာမ်အမွေအနှစ်များ စွဲနစ်လျှက်သာ ရှိခဲ့သည်။
ဟေတီတော်လှန်ရေး စတင်ချိန်တွင် ကျဆုံးခဲ့သော သမိုင်းဝင် တော်လှန်ရေး သမား တစ်ဦးဖြစ်သည့် ဒူတီ ဘော့က်မန် သည် မူဆင်တစ်ဦး ဖြစ်သည်ဟု အများစုက လက်ခံထားပေသည်။
၂၀ ရာစု အစပိုင်း တွင်လည်း အာရဗ်များသည် အမေရိကန်တိုက်သို့ ပြောင်းရွေ့လာခဲ့ရာ ထိုလူဦးရေမှ အံ့အားသင့် လောက်သော ပမာဏသည် အခြားနိုင်ငံများကဲ့သို့ ဟေတီတွင် အခြေချခဲ့ကြသည်။
၁၉၂၀ ပတ်ဝန်းကျင်ခန့်က ပါလက်စတိုင်း ဂျေရုဆလင်မြို့အနီးရှိ အီဇာရီယာရွာမှ ပါလက်စတိုင်း တစ်ဦးသည် မိသားစု ၁၉ စုနှင့်အတူ ဟေတီသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။ ယနေ့ ဟေတီမှာ မူဆလင်များမှာ ဟေတီ ဒေသခံတိုင်းရင်းသားများ ဖြစ်၍ အရှေ့အလယ်ပိုင်း လူမျိုးစု၏ နောက်လိုက်များ ဖြစ်ကြပေသည်။သူတို့၏ စီးပွားရေး ကြပ်တည်းမှုများကြောင့် ၀တ်ကျောင်းဆောင် သော်လည်းကောင်း ဘာသာရေး စာသင်ကျောင်းများ သော်လည်းကောင်း ၁၉၈၅ ခုနှစ်အထိ တည်ဆောက်နိုင် ခြင်း မရှိခဲ့ချေ။ ၂၀၀၀ ခုနှစ်တွင် ဆန်ရာ့ပ်ဟီးလ်မှ ဖန်မီ လာ့ဗ်ဗာလာ့စ် အဖွဲ့ဝင် နော်ဝန် မာစဲလ်လာ့စ် သည် ဟေတီ၏ ဟေတီ ဥပဒေပြုရေး အဖွဲ့တွင် ပထမဦးဆုံး ရွေးချယ်ခံရသော မူဆလင် တစ်ဦး ဖြစ်သည်။
Saturday, 8 November 2014
sura 107:Al-Ma'um
sura 107:Al-Ma'um
အသင်သည် အစားပေးခြင်း(၏နေ့)ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူအား မမြင်ခဲ့လေ သလော။
ထိုသူပင် ဘမဲ့ကလေးသူငယ်အား တွန်းထုတ်သောသူဖြစ်၏။ ၎င်းပြင် ထိုသူသည် သူဆင်းရဲတို့အား အစားအစာကျွေးမွေးရန် တိုက်တွန်း နှိုးဆော်ခြင်းလည်း မပြုပေ။ သို့ဖြစ်ပေရာ (အကြင်သို့သော) ဆွလာတ်ဝတ်ပြုသူတို့၌ အကြီးအကျယ် ပျက်စီးခြင်းသည်ရှိ၏။ ထိုသို့သောသူတို့သည် မိမိတို့၏ ဆွလာတ် ၀တ်ပြုမှု(တာဝန်)ကိုပင် မေ့လျော့ထားကြကုန်၏။ အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် (မိမိ တို့၏ဆွလာတ်ဝတ်ပြုမှုစသော ကောင်းမှုများကို) ပြစားကြကုန်၏။ ထိုမှတပါး ၎င်းတို့သည် အသေးအဖွဲ အသုံးအဆောင် ပစ္စည်းများကိုပင် (သူတစ်ပါးတို့အား ငှားရမ်းခြင်းမပြုရန်) ပိတ်ပင် တားမြစ်ကြကုန် သတည်း။
Friday, 7 November 2014
Report Accuses Myanmar Commanders of War Crimes
Report Accuses Myanmar Commanders of War Crimes
YANGON, Myanmar — Nov 7, 2014, 3:33 AM ET
Military activities carried out by Myanmar's powerful minister of home affairs when the country was under dictatorship could constitute war crimes, a new study charges, saying there is evidence that he and two other generals were responsible for the executions, torture and enslavement of civilians by troops during a large-scale offensive against ethnic rebels.
Human rights researchers at Harvard Law School said in the report released Friday they spent three years collecting information about the government's 2005-2006 counterinsurgency efforts in Myanmar's Karen state along the country's eastern border.
They said there was enough to justify the issuance of an International Criminal Court arrest warrants for Home Affairs Minister Ko Ko, who was head of the army's Southern Command during that offensive, and his two high-ranking colleagues.
The government responded by saying much of what happens during times of conflict is unavoidable and this is a time to look forward, not back.
"We are going through a democratic transition," said Nay Zin Latt, one of the president's political advisers and an ex-army officer. "Everyone should be encouraging the reform process rather than putting further obstacles along the way."
The Harvard findings come at an especially sensitive time, as a civilian government — which is still dominated by the military — that took power in 2011 grapples with a transition to full democracy after nearly five decades of military rule.
Though the legacy of oppression and brutality runs deep, the presence of some of the worst junta-era offenders in positions of power could raise questions as U.S. President Barack Obama and other world leaders attend an Asian summit meeting in Myanmar next week.
Ko Ko is now in command of internal security, overseeing the police force. His two colleagues at the time, Brig. Gen. Khin Zaw Oo and Brig. Gen. Maung Maung Aye, have also been promoted to positions of greater responsibility.
"Ko Ko oversaw egregious rights violations in eastern Myanmar," Matthew Bugher, global justice fellow at Harvard Law School and a principal author of the report told The Associated Press. "His prominent position in Myanmar's Cabinet calls into question the government's commitment to reform."
The investigation by the law school's International Human Rights Clinic covered offenses committed in Thandaung Township of Karen State.
Charges against the three men include "the war crimes of attacking civilians, displacing civilians, destroying or seizing the enemy's property, pillage, murder, execution without due process, torture, and outrages upon personal dignity, and the crimes against humanity of forcible transfer of a population, murder, enslavement, torture, and other inhumane acts," the report says.
Such charges are not new, but they have been raised in the context of those now serving in the government.
Myanmar has been engaged in bitter armed conflict for more than six decades with armed ethnic minority groups seeking greater autonomy.
"In some parts of the country, conflict remains and abuses continue," the report said. "The legacy of such violence and the accompanying insecurity it has instilled has yet to be adequately addressed. Until that time, Myanmar's transition will remain incomplete."
အမေရိကန်နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်မှမြန်မာနှင့် ပတ်သက်ပြီး စီရင်ခံစာထုတ်
အမေရိကန်နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်မှမြန်မာနှင့် ပတ်သက်ပြီး
စီရင်ခံစာထုတ်
November 7, 2014
အမေရိကန်သမ္မတ ဘာရက်အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိနေချိန်တွင် အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် USCIRF က မြန်မာနိုင်ငံအတွင်း ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ အစီရင်ခံစာ တစ်စောင်ကို ယနေ့တွင် ထုတ်ပြန်လိုက်သည်ဟု သိရသည်။
“ဘာသာရေးလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများက ပြုပြင်ပြောင်းလဲရေးကို ကြီးမားစွာနှောက်ယှက်နေ” (Burma: Religious Freedome and Related Human Rights Violations are hindering Broader Reform) ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လအတွင်းက ကော်မရှင်နာ အမ် ဇူဟ်ဒီ၊ အဲရစ် ပီ ရှက်ဝါ့ဇ်နှင့် အခြားနှစ်ဦးတို့ မြန်မာနိုင်ငံသို့ လာရောက်ပြုလုပ်ခဲ့သည့် လေ့လာဆန်းစစ်မှုမှ တွေ့ရှိခဲ့သော အချက်များကို ဖော်ပြထားသည်။
အဆိုပါ လာရောက်လေ့လာမှုတွင် ရိုဟင်ဂျာမွတ်စလင်များကို ပစ်မှတ်ထားသည့် ခွဲခြားဆက်ဆံမှုများနှင့် ကြောက်မက်ဖွယ်ကောင်းသည့် စော်ကားတိုက်ခိုက်ခြင်း၊ အမုန်းတရားများကြောင့် မွတ်စလင်များနှင့် ပတ်သက်၍ သည်းမခံနိုင်ခြင်း၊ မြန်မာနိုင်ငံရှိ လူနည်းစု ဘာသာရေးလူ့အဖွဲ့အစည်းများ အားလုံးအပေါ် သက်ရောက်သည့် ဘာသာရေးနှင့် နိုင်ငံရေး အထင်ကရပုဂ္ဂိုလ်များတွင် ရှိနေသော လူမျိုးကြီးဝါဒ၊ လူမျိုးရေးခွဲခြားမှု အမြစ်တွယ်နေသော ဥပဒေများ၊ ပေါ်လစီများနှင့် အဆိုပြုထားသော ဥပဒေမူကြမ်း၊ ရိုဟင်ဂျာမွတ်စလင်များ နိုင်ငံသားဖြစ်ခွင့်ကို ပိတ်ပင်ထားမှု၊ မွတ်စလင်များ၏အသိအမှတ်ပြုရေး စာရွက်စာတမ်းများ အာမခံချက်အတွက် ထိခိုက်နစ်နာစေသော ကျင့်သုံးမှုများ စသည့် ကိစ္စရပ်မျာအား အထူးအလေးထား လေ့လာ ဆန်းစစ်ခဲ့ကြသည်။
ယခုထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ရခိုင်ပြည်နယ်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ရိုဟင်ဂျာမွတ်စလင်များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်မှုကို ခွင့်ပြုရန်နှင့် ၎င်းတို့အား လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ပေးရန်၊ မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာနေထိုင်ခဲ့ပြီး အခြားမည်သည့်တိုင်းပြည်ကမှ မဟုတ်သည်ကို သိရှိနေသည့် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်အား ငြင်းပယ်၍ မရသည်ကို သေချာစေရန်အတွက် ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ရန် စီစဉ်ထားသော “ရခိုင်စီမံချက်” (Rakhine State Action Plan) ကို ပြင်ဆင်ရန် စသည့်ကိစ္စများအတွက် အမေရိကန်အစိုးရ အနေဖြင့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များအား ဖိအားပေးရန် တိုက်တွန်းထားသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ဘာသာရေး လူနည်းစုများ၏ အခြေခံ အခွင့်အရေးများ ရရှိရန်အတွက် မြန်မာအစိုးရအား ဖိအားပေးရန်၊ သည်းခံမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းများအတွက် တိုက်တွန်း အားပေးရန်၊ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးနှင့် ပတ်သက်၍ မကြာမီထွက်လာတော့မည့် ကုလသမဂ္ဂ ဥပဒေမူကြမ်းအပါအ၀င် နိုင်ငံ အတွင်း ဘာသာရေး လွတ်လပ်မှုနှင့် လူ့အခွင့်အရေးများ မြှင့်တင်ရေး နိုင်ငံတကာမှ လုပ်ဆောင်မှုများကို ပံ့ပိုးကူညီရန်အတွက်လည်း အမေရိကန်အစိုးရအား အဆိုပါ အစီရင်ခံစာတွင် တိုက်တွန်းထားသည်။
လူမျိုးအမည်ကို ကိုယ်တိုင်သတ်မှတ်ခြင်းမှာ လူ့အဖွဲ့အစည်းတစ်ခု၏ အခွင့်အရေးဖြစ်ကြောင်း အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်တာဝန်ရှိသူများက “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းကိုသာလျှင် သုံးနှုန်ရန်လည်း တိုက်တွန်းထားသည်။ အသေးစိတ် အချက်အလက်များကို အောက်ပါ လင့်ခ်ပါ အစီရင်ခံစာတွင် ဖတ်ရှုလေ့လာနိုင်သည်။
http://www.uscirf.gov/sites/default/files/BurmaReport.ReligiousFreedomAndHumanRightsViolations.pdf
USCIRF ၏ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မှုမှာ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေအောက်တွင် မြန်မာနိုင်ငံမှာ “စိုးရိမ်ရသည့် နိုင်ငံ” (CPC) အဖြစ် ထင်ရှားစေခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့်ကို ကမ်းကုန်အောင် ချိုးဖောက်မှုကို စနစ်တကျ ဆောင်ရွက်ခဲ့ပြီး၊ ခုလက်ရှိတွင်လည်း ဆက်လက်ချိုးဖောက်မှုများကြောင့် အမေရိကန်အစိုးရမှာ မြန်မာနိုင်ငံအား စိုးရိမ်ရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဆယ်စုနှစ် တစ်ခုကျော်ကြာ သတ်မှတ်ထားခဲ့သည်။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ရန်နှင့် ဘာသာရေးလွတ်လပ်ခွင့်၊ လူ့အခွင့်အရေးများကို လေးစားရန်အတွက် အမေရိကန်အစိုး အနေဖြင့် CPC အဖြစ် သတ်မှတ်ထားခြင်းကို အသုံးချရန် အကြံပြုချက်များကိုလည်း USCIRF ၏ အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

Subscribe to:
Posts (Atom)